အောက်တိုဘာ

poem

Date : 01-Oct-2021

သူမစွာ
ဆယ်လမြောက်လ
အချေဘဝတုန်းက
သချာင်္ဘာသာထဲ
ကျန်သောလမှာသုံးဆယ့်တစ်
ဒွန်တွဲမှတ်သားခဲ့ရ
နောက်ထပ်တစ်မျိုးက
ကမ္ဘာ့သမိုင်းစာမျက်နှာထက်
အောက်တိုဘာတော်လှန်ရီး။

ဒေခေတ် ဒေနိုင်ငံ 
အေဂျန်ဇီမျိုးဆက်တိအဖို့
နွေဦးတော်လှန်ရီးအစချီလို့
အာဏာရှင်မောင်းထုတ်ရီးခရီးကြမ်း
မိုးကိုကျော်လို့ ဆောင်းကိုဝင်
စပါးတိရွှရောင်ဖက်လှမ်း
ဇီးပွင့်တိဇကုန်လှ
လီစိုညွန့်တိအာကာကိုမော်ဖူး
စကားစပ်ကေ
ဆောင်းဦးတော်လှန်ရီးစဗျာယ်။

အပြောင်းအလဲစွာ
နိစဉ်ရက်ဆက်
သူမစွာ
အီးမြမှုကိုခါးထစ်ကျိုက်လို့
ရောက်ရေနီရာက
တွိသမျှတော်လှန်ရီးသမားတိုင်းကို
နွီးထွီးကြိုဆိုပြ။

ခရီးလားတော်လှန်ရီးဟာ
တောကိုဖြတ် တောင်ကိုဖောက်
မြိုထက်အနှံ
ဒဏ်ရာတိဗရပွရနီကေလေ့
စဉ်ဆက်မပြတ်စီးလို့
သူ့တာဝန်ကျီစီရဖို့
သူ့ခရီးသူလားနီရေ။

နီရာအနှံ
လက်ခုပ်တီးအားပီးကတ်တေ
တောပန်း တောင်ပန်း မြိုပန်းတိစွာ
အသစ်ပွင့်လာဖို့
တော်လှန်ရီးအောင်ပန်းကိုစောင့်ကြိုလျှက်
အဝေ-- အောက်တိုဘာ
လာဖိုပွဲတိအတွက် 
အသင့်ဖြစ်ကတ်ဗျာယ်လား???

ရခိုင်လူမျိုး Dr.ညိုထွန်းအောင်

တော်လှန်ရီးထဲက တော်လှန်ရီးရဲဘော်တိအတွက်
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ(၁) ရက်
(၇၂) နှစ်မြောက် တရုတ်အမျိုးသားနိ။
Photo: #credit


Share on social

You may also like this