“ နွီဦးအတွက် စကားဆောင်းပါး”

poem

Date : 01-Mar-2023

အေနှစ်နွီဦးအစမှာ

မျှောင်လို့ကပ်ပါလာရေ

မျှော်လင့်ချက်တိစွာ

အာရက္ခရို့ယုံကြည်ချက်ကို

ပိုလို့ခိုင်မာနောင်းလားစီရေ။

 

တော်လှန်ရီးအောင်ပွဲအရသာဆိုစွာလေ့

အနောက်ဖက်ကမ်းခြီတလျှောက်မှာ

လ၊ ဂျူပီတာ၊ ဗီးနပ်စ် ရို့ တန်းနီတုန်း

လီချေချွန်လို့

ဒေမြီဒေရီတိစွာ

ပိုင်သျှင်အစစ်လက်ထဲရောက်ဖို့ဗျာယ်ဆိုရေ

အတွေးတိနန့်မြူးနီစွာက

မှိုရမျက်နှာမှာ

ညဇာဖက်သမက်တက်ရဖို့လူပိုင်။

 

တော်လှန်ရီးထဲက ငါ့နွီဦးရာသီစွာ

အေနှစ်ဆို ဆယ့်လေးခါဟိခဗျာယ်

တနှစ်ထက်တနှစ်

ငါရို့စိုက်ထားရေပန်းတိ ပိုလှလာရေ

မျှော်လင့်ချက်တိ ပိုပီပြင်လာရေ

ယုံကြည်ချက်တိ ပိုခိုင်မာလာရေ

ယေပြီးကေ

နွီဦးလီပြီနန့်အတူပါးလိုက်တေ

တယောက်ယောက်ဘားက

အောက်စီတိုဆင်

ဆရိုတနင် ဟော်မုန်းတိကိုလေ့

တထွီးပြတ် လက်ခံရဟိထားလို့

အေနိခါ မြန်းလို့တွိနီရေ။

 

နွီဦးကိုတချက်ပြောလိုက်

ငါရို့အတူစိုက်ထားခရေ

ပန်းအိုးထဲကပန်းတိကို

အေနှစ်မပွင့်စီကေ့အုံးသိမ့်

နှစ်ယောက်အတူဆုံရေအခါမှပွင့်ပီးပါလို့။

 

သူပုန်ဖြူ

၂၀၂၃ ခုနှစ်၊ မာ့ချ်လ (၁) ရက်၊ ဗုဒ္ဓဟူးနိ။



Share on social

You may also like this