၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၂၂/၂၃) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 24-Dec-2019

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၂၂) ရက်၊ နေ့လည် (၁) နာရီခန့်အချိန်မှစ၍ မြန်မာ့တပ်မတော်သည် ဘူးသီးတောင်မြို့နယ်၊ “အုတ်တောင်ရွာ”အရှေ့ဖက်(၃.၃) ကီလိုမီတာအကွာအဝေးရှိ ပွိုင့်-၄၂၈ ကုန်းရှိမိမိတို့ရှိရာနေရာအားလာရောက်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ မြန်မာ့တပ်မတော်ယမန်နေ့ကလည်းလာရောက်တိုက်ခိုက်ခဲ့သည်။ ရန်သူသည် ယခင်နေ့နည်းတူ,နံနက်(၉) နာရီခန့်မှစ၍ လက်နက်ကြီးပစ်ကူများတောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေခဲ့ပြီး နေ့လည်(၁) နာရီခန့်အချိန်တွင်မှ မြေပြင်မှထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်သည်။ ညနေ(၅) နာရီ(၃၀) မိနစ်အထိအပြန်အလှန်ကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်မှုရှိခဲ့သည်။ရန်သူ့အသေအပျောက်ကိုအတိအကျမသိရသော်လည်း ဒဏ်ရာရသူမျက်မြင်(၃) ဦးရှိခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၂၃) ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ "ဗုဒ္ဓေါရွာ"အနီးပတ်ဝန်းကျင်၌ရှိသည့်မိမိတို့ရှိရာနေရာသို့ချဉ်းကပ်ဝင်ရောက်လာသောရန်သူအားနံနက်(၈) နာရီ(၅၅) မိနစ်တွင် ရက္ခိုင့်တပ်တော်မှမိနစ်အနည်းငယ်ကြာတိုက်ခိုက်ခဲ့သည်။ အချိန်တိုတိုအတွင်းရန်သူ(၃) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ထို့အတူ ဒီဇင်ဘာလ(၂၃) ရက်၊ နေ့လည်(၁၂) နာရီ(၅၀) မိနစ်အချိန်တွင် ပလက်ဝမြို့နယ်၊ နှုန်းဘူးရွာအနောက်တောင်ဖက်(၁.၆) ကီလိုမီတာအကွာအဝေးရှိ မိမိတို့ရှိရာနေရာသို့ မြန်မာ့တပ်မတော် မှ ကူျးကျော်ဝင်ရောက်လာသောကြောင့် ထပ်မံ၍တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်၏ တပ်မ(၁၁) လက်အောက်ခံ၊ ရဲမွန်အခြေစိုက်၊ခမရ(၂၁၄) နှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရန်သူသည်အထိအခိုက်အကျအဆုံးများရှိခဲ့ပြီး ရန်သူ၏လက်နက်ခဲယမ်း၊အလောင်းအခိုျ့ကိုသိမ်းဆည်းရမိခဲ့သည်။ မြေပုံမြို့နယ်၊စညှင်းရွာတောင်ဖက်၊ (၃) ကီလိုမိတာအကွာအဝေးရှိ ကားလမ်းမထက်တွင် လည်းနေ့လည်(၁) နာရီ(၁၀) မိနစ်တွင်လည်းတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ရန်သူသည် ဟတ်စကီး(၂) စီးဖြင့်(၂) ကြိမ်တိုင်လာရောက်ပစ်ခတ်တိုက်ခိုက်ရသည်အထိ တိုက်ပွဲသည်ပြင်းထန်ခဲ့ပြီး ရန်သူ့ဖက်မှအကျအဆုံးနှင့်ထိခိုက်မှုများရှိခဲ့သည်။ ယနေ့တိုက်ပွဲများအတွင်း အာရက္ခစစ်သည်တော်နှစ်ဦးတိုင်းပြည်နှင့်လူမိုျးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။ သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သောအာရက္ခစစ်သည်တော်များအားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ မြန်မာ့တပ်မတော်သည် တပ်မ(၆၆) အပါအဝင် စစ်သားမှရဲဖက်သို့ပုံပြောင်းထားသူများကို ဆက်လက်အင်အားဖြည့်တင်းနေခြင်း၊ လက်နက်ခဲယမ်းများကိုထပ်မံဖြည့်တင်းနေသောကြောင့် ပွင်းလင်းရာသီကာလ၌တိုက်ပွဲများမှာ ယခင်နှစ်နည်းတူထပ်မံပြင်းထန်လာနိုင်သည်။ မိမိတို့အနေဖြင့်လိုအပ်လျှင်လိုအပ်သလို ခုခံကာကွယ်စစ်မှ တန်ပြန်တိုက်စစ်များကိုဆင်နွှဲသွားမည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်


Share on social

You may also like this