မောင်တောမြိုနှင့်ပတ်သက်၍ ကြိုတင်အသိပေးခြင်းနှင့် အရေးပေါ်ထုတ်ပြန်ချက်

blog

Date : 16-Jun-2024



မောင်တောမြိုနှင့်ပတ်သက်၍ ကြိုတင်အသိပေးခြင်းနှင့် အရေးပေါ်ထုတ်ပြန်ချက်


 

 

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း (၁၀) ရက်

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆) ရက်


 

 

ဘင်္ဂလားပင်လယ်အော်နှင့် အပြိုင်တည်ရှိနေသော မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းများ အားလုံးနီးပါး အား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်၍ အပြီးသတ်သိမ်းပိုက်ထားပြီးသည့် အချိန်တွင် မောင်တောမြို့ နှင့် မောင်တောမြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားလုံးကိုလည်း မိမိတို့မှ ဝိုင်းရံ ပိတ်ဆို့ ဖြတ်တောက်ထားပြီးဖြစ်သည်။


 

 

စစ်ကောင်စီသည် မောင်တောမြို့အား ၎င်းတို့၏ စစ်စခန်းများသဖွယ်အသုံးပြုပြီး မြို့ပြစစ်ဆင်ရေးကို ပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်သည်။ အဆိုပါ လက်ကျန်စခန်းများ အားလုံးကို မိမိတို့မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်တော့မည် ဖြစ်သောကြောင့် မောင်တော မြို့သူမြို့သားများအနေဖြင့် စစ်ကောင်စီ၏ လမ်းမ၊ အိမ်များအတွင်းမှ ခုခံစစ်ပြင်ထားသော နေရာများ၊ တိုက်တာအဆောက်အအုံများပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသောနေရာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ နေရာများတွင် အတူပူးတွဲ နေထိုင်ခြင်းမျိုးမရှိစေရန် သတိပေးအပ်ပါသည်။


 

 

မောင်တောဒေသခံ ပြည်သူလူထုတို့၏ အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် မောင်တော မြို့သူမြို့သားများ အနေဖြင့် ယနေ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆) ရက်၊ ည (၉) နာရီအချိန်မှစတင်ပြီး မောင်တောမြို့ အတွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှ အလေးအနက် အသိပေး ထုတ်ပြန် အပ်ပါသည်။


 

 

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်


Share on social

You may also like this

blog 15-Oct-2024

ပင်လယ်ဓားပြအတိုက်ခံရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ( . . .