၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၂၇/၂၈)ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 29-Dec-2019

Nyo Twan Awng
Nyo Twan Awng

"ဒီဇင်ဘာလ(၂၇) ရက်" ၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလ(၁၂) နေ့ရက်မှရခိုင်ပြည်သို့အသစ်ထပ်မံဝင်ရောက်လာသော မြန်မာ့တပ်မတော်၏ တပ်မ(၆၆) ၏လက်အောက်ခံတပ်ရင်းအချို့နှင့် ရက္ခိုင့်တပ်တော်တို့သည် မြေပုံမြို့နယ်၊စညှင်းတောင် အနီးထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ မြန်မာ့တပ်မတော်သည် (၁)ကဇုကိုင်းတံတားအနီး၊ (၂)ယောချောင်းတံတားထိပ်အနီးရှိတောင်ကုန်း (၃)ဟင်းခရော်တောင်ပတ်ဝန်းကျင်၊ (၄) ကျောက်ဆင်ရွာအနာက်ဖက်ရှိ ပေါင်းကုတ်တောင်ကုန်း (၅)စွိချောင်းရွာအနီးတောင်ကုန်းပတ်ဝန်းကျင်စသည့်နေရာ(၅) ခုမှ လက်နက်ကြီးများ၊အတွဲလိုက်ဒုံးများဖြင့် နံနက်(၈) နာရီခန့်မှ တောက်လျှောက်စုပြုံပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်မိမိတို့အား နေ့လည်(၃) နာရီ(၃၅) မိနစ်တွင်မှထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရန်သူသည်ရဟတ်ယာဉ်တစ်စီးဖြင့်၎င်းပတ်ဝန်းကျင်အားမိနစ်(၂၀)ခန့်လာရောက်တိုက်ခိုက်ခဲ့သည်။ ရန်သူ့ဖက်မှ အထိအခိုက်အကျအဆုံးအချို့ရှိခဲ့ပြီး တပ်မ(၆၆) ထံမှ ကျည်ဆံအချို့၊ ရှေ့ထွက်မိုင်းအချို့ပါဝင်သောကျောပိုးအိတ်၊ ခြင်းတောင်းအချို့ကိုမိမိတို့သိမ်းဆည်းရမိခဲ့သည်။ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးနေသည့်ရန်သူအချို့အားလိုက်လံချေမှုန်းလျှက်ရှိသည်။ "ဒီဇင်ဘာလ(၂၈) ရက်" မြန်မာ့တပ်မတော်သည် ယနေ့တွင်လည်းနံနက်(၇) နာရီအချိန်မှစတင်ပြီး လက်နက်ကြီးများကို ယမန်နေ့မှတိုက်ပွဲဖြစ်ပွားခဲ့သော ဘူးသီးတောင်မြို့နယ်၊ အုတ်တာင်-အုပ်တောင်(မြေပုံပါစာသား)ရွာအနောက်တောင်တန်းအား လက်နက်ကြီးများဖြင့် မရပ်မနားဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ထို့နောက် မြန်မာ့တပ်မတော်သည် မိမိတို့အားမြေပြင်မှ ထိုးစစ်အားတပြိုင်နက်တည်းပြုလုပ်ခဲ့သည်။ မိမိတို့တပ်ဖွဲ့ဝင်များမှ အကောင်းဆုံးဟန့်တားတိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူ(၅) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ပလက်ဝမြို့နယ်၊ မီးလက်ဝရွာမှ အနောက်ဘက်ကမ်း၌လည်း မိမိတို့ရှိရာနေရာသို့ကျူးကျော်ဝင်ရောက်လာသော စစ်ရာဇဝတ်တပ်ဖွဲ့အား အကောင်းဆုံးဟန့်တားတိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူ(၇) ဦးအား နံနက်(၉) နာရီခန့်တွင်သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။ နေ့လည်(၂) နာရီ(၄၅) မိနစ်ခန့်တွင်လည်း တစ်ပတ်နီးပါးကြာတိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သော ဘူးသီးတောင်မြို့နယ်၊ အုပ်တာင်ရွာအရှေ့ဖက်(၃) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင် မြန်မာ့တပ်မတော်မှ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့သည်။ ရန်သူသည်ဤနေရာအား အင်အားအလုံးအရင်းဖြင့် နေရာ(၄) နေရာမှထိုးစစ်ဆင်တိုက်ခိုက်နေသကဲ့သို့ (၁) စကခ(၁၅) ဌာနချုပ် (၂) ပြင်ရှည်တောင်တန်း (၃) စန်ပထုံးကျိုင် စသည့်နေရာ(၃) ခုမှ ဖိုခနောက်ဆိုင်-လက်နက်ကြီးစခန်းများမှ စုပြုံပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ယခင်နေ့ရက်များ၌ ဤကဲ့သို့မြန်မာ့တပ်မတော်၏လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်မိမိတို့ထိန်းသိမ်းထားသူများထဲမှ NLD ဥက္ကဌတစ်ဦးသေဆုံးခဲ့ပြီးဖြစ်သည်။ ဒီဇင်ဘာ(၂၇/၂၈) ရက်များအတွင်း ရန်သူ(၂၅) ဦးထက်မနည်းသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ မိမိတို့ဖက်မှလည်း အာရက္ခစစ်သည်တော်နှစ်ဦး တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။ ခရစ်စမတ်ကာလအတွင်း သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သောအာရက္ခစစ်သည်တော်များအားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်


Share on social

You may also like this