၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၄/၁၅)ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 15-Dec-2019

Nyo Twan Awng

#Unicode ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၄) ရက်၊နံနက်(၁၁) နာရီခန့်အချိန်တွင် မြောက်ဦးမြို့နယ်၊ လက္ကာရွာအနီး၌ အင်အား(၁၅၀) ကျော်ပါဝင်သော စစ်ရာဇဝတ်နယ်ချဲ့တပ်( မြန်မာ့တပ်မတော်) နှင့် ရက္ခိုင့်တပ်တော်တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။ အာရက္ခစစ်သည်တော်များအနေဖြင့် အကောင်းဆုံးတိုက်ခိုက်နိုင်ခဲ့သောကြောင့် ရန်သူ့ဖက်မှထိခိုက်ကျဆုံးမှုများခဲ့သောတိုက်ပွဲတစ်ပွဲလည်းဖြစ်သည်။ စစ်လက်နက်ပစ္စည်းများကိုသိမ်းဆည်းမရမိခဲ့သော်လည်း ရန်သူ့အား အထိအခိုက်၊အကျအဆုံးများအောင်ပြုလုပ်နိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၅) ရက်၊ နေ့လည် (၁၂) နာရီ (၄၀) မိနစ်အချိန်တွင် ပလက်ဝမြို့နယ်၊နှုန်းဘူးရွာအရှေ့ဖက်ရှိ ရန်သူ့ဗျူဟာကုန်းအား မိမိတို့မှထပ်မံတိုက်ခိုက်ခဲ့သည်။ ရန်သူသည် ၎င်းနေရာမှနေ၍လက်နက်ကြီးများဖြင့် နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေသောကြောင့် ထပ်မံသတိပေးတိုက်ခိုက်ရခြင်းဖြစ်သည်။ ထို့အပြင် ၎င်းဗျူဟာကုန်းအနီးပတ်ဝန်းကျင်ရှိ ရန်သူအချို့နှင့်လည်း မိနစ်အနည်းငယ်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ အချိန်တိုတိုအတွင်းထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီး ယခုတိုက်ပွဲတွင်လည်းရန်သူ့ဖက် မှ အကျအဆုံးများရှိခဲ့သည်။ ဒီဇင်ဘာလ(၁၂) မှ (၁၅)ရက်အတွင်း ရန်သူသည် တပ်မ(၆၆) အပါအဝင် အခြားသောတပ်ရင်းများမှထုတ်နှုတ်အင်အားများပါဝင်သော တပ်ဖွဲ့ဝင်များကို ရခိုင်ဒေသအတွင်း၌ထပ်မံ၍အင်အားဖြည့်တင်းနေသောကြောင့် မကြာခင်ကာလအတွင်း ရခိုင်ဒေသ၌ လွန်ခဲ့သောနှစ်နည်းတူ တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်သည့်အပြင် တိုက်ပွဲနယ်မြေများမှာ ယခင်နှစ်ထက် ကျယ်ပြန့်လာနိုင်ဖွယ်ရှိသည်။ မိမိတို့အနေဖြင့် တိုက်ပွဲများယခုထက်ပိုမိုကျယ်ပြန့်ခြင်းမရှိစေရန်နှင့် စတင်ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုမပြုလုပ်လိုသော်လည်း မြန်မာ့တပ်မတော်၏ မိမိတို့ရခိုင်ဒေသအတွင်း ပြုလုပ်နေသောစစ်ဆင်ရေးနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများမှာ လျော့ကျသွားခြင်းမရှိဘဲ အရှိန်အဟုန်မြှင့်ကာ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ရက္ခိုင့်တပ်တော်အနေဖြင့် မလွဲမရှောင်သာ ခုခံကာကွယ်စစ်များနှင့် ထိုးစစ်များကို စစ်ရေးလိုအပ်ချက်နှင့် ခုခံကာကွယ်စစ်တို့၏သဘောအရ တစ်ဖွဲ့ချင်း(သို့မဟုတ်) ညီနောင်မဟာမိတ်များဖြင့် လိုအပ်လျှင်လိုအပ်သလိုတုံ့ပြန်တိုက်ခိုက်သွားမည်။ တိုက်ပွဲများအတွင်းသတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်နိုင်ခဲ့သော "အာရက္ခစစ်သည်တော်များ" အား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ(၁၄) ရက္၊နံနက္(၁၁) နာရီခန႔္အခ်ိန္တြင္ ေျမာက္ဦးၿမိဳ႕နယ္၊ လကၠာ႐ြာအနီး၌ အင္အား(၁၅၀) ေက်ာ္ပါဝင္ေသာ စစ္ရာဇဝတ္နယ္ခ်ဲ႕တပ္( ျမန္မာ့တပ္မေတာ္) ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔တိုက္ပြဲျဖစ္ပြားခဲ့သည္။ အာရကၡစစ္သည္ေတာ္မ်ားအေနျဖင့္ အေကာင္းဆုံးတိုက္ခိုက္ႏိုင္ခဲ့ေသာေၾကာင့္ ရန္သူ႔ဖက္မွထိခိုက္က်ဆုံးမႈမ်ားခဲ့ေသာတိုက္ပြဲတစ္ပြဲလည္းျဖစ္သည္။ စစ္လက္နက္ပစၥည္းမ်ားကိုသိမ္းဆည္းမရမိခဲ့ေသာ္လည္း ရန္သူ႔အား အထိအခိုက္၊အက်အဆုံးမ်ားေအာင္ျပဳလုပ္ႏိုင္ခဲ့သည္။ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ(၁၅) ရက္၊ ေန႔လည္ (၁၂) နာရီ (၄၀) မိနစ္အခ်ိန္တြင္ ပလက္ဝၿမိဳ႕နယ္၊ႏႈန္းဘူး႐ြာအေရွ႕ဖက္ရွိ ရန္သူ႔ဗ်ဴဟာကုန္းအား မိမိတို႔မွထပ္မံတိုက္ခိုက္ခဲ့သည္။ ရန္သူသည္ ၎ေနရာမွေန၍လက္နက္ႀကီးမ်ားျဖင့္ ေနရာအႏွံ႔ရမ္းသန္းပစ္ခတ္တိုက္ခိုက္ေနေသာေၾကာင့္ ထပ္မံသတိေပးတိုက္ခိုက္ရျခင္းျဖစ္သည္။ ထို႔အျပင္ ၎ဗ်ဴဟာကုန္းအနီးပတ္ဝန္းက်င္ရွိ ရန္သူအခ်ိဳ႕ႏွင့္လည္း မိနစ္အနည္းငယ္ၾကာတိုက္ပြဲျဖစ္ပြားခဲ့သည္။ အခ်ိန္တိုတိုအတြင္းထိေရာက္စြာတိုက္ခိုက္ႏိုင္ခဲ့ၿပီး ယခုတိုက္ပြဲတြင္လည္းရန္သူ႔ဖက္ မွ အက်အဆုံးမ်ားရွိခဲ့သည္။ ဒီဇင္ဘာလ(၁၂) မွ (၁၅)ရက္အတြင္း ရန္သူသည္ တပ္မ(၆၆) အပါအဝင္ အျခားေသာတပ္ရင္းမ်ားမွထုတ္ႏႈတ္အင္အားမ်ားပါဝင္ေသာ တပ္ဖြဲ႕ဝင္မ်ားကို ရခိုင္ေဒသအတြင္း၌ထပ္မံ၍အင္အားျဖည့္တင္းေနေသာေၾကာင့္ မၾကာခင္ကာလအတြင္း ရခိုင္ေဒသ၌ လြန္ခဲ့ေသာႏွစ္နည္းတူ တိုက္ပြဲမ်ားပိုမိုျပင္းထန္လာႏိုင္သည့္အျပင္ တိုက္ပြဲနယ္ေျမမ်ားမွာ ယခင္ႏွစ္ထက္ က်ယ္ျပန႔္လာႏိုင္ဖြယ္ရွိသည္။ မိမိတို႔အေနျဖင့္ တိုက္ပြဲမ်ားယခုထက္ပိုမိုက်ယ္ျပန႔္ျခင္းမရွိေစရန္ႏွင့္ စတင္ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကိုမျပဳလုပ္လိုေသာ္လည္း ျမန္မာ့တပ္မေတာ္၏ မိမိတို႔ရခိုင္ေဒသအတြင္း ျပဳလုပ္ေနေသာစစ္ဆင္ေရးႏွင့္ ထိုးစစ္ဆင္တိုက္ခိုက္ေနမႈမ်ားမွာ ေလ်ာ့က်သြားျခင္းမရွိဘဲ အရွိန္အဟုန္ျမႇင့္ကာ ဆက္လက္လုပ္ေဆာင္လ်က္ရွိသည္။ ရကၡိဳင့္တပ္ေတာ္အေနျဖင့္ မလြဲမေရွာင္သာ ခုခံကာကြယ္စစ္မ်ားႏွင့္ ထိုးစစ္မ်ားကို စစ္ေရးလိုအပ္ခ်က္ႏွင့္ ခုခံကာကြယ္စစ္တို႔၏သေဘာအရ တစ္ဖြဲ႕ခ်င္း(သို႔မဟုတ္) ညီေနာင္မဟာမိတ္မ်ားျဖင့္ လိုအပ္လွ်င္လိုအပ္သလိုတုံ႔ျပန္တိုက္ခိုက္သြားမည္။ တိုက္ပြဲမ်ားအတြင္းသတၱိေျပာင္ေျမာက္စြာတိုက္ပြဲဝင္ႏိုင္ခဲ့ေသာ "အာရကၡစစ္သည္ေတာ္မ်ား" အား မွတ္တမ္းတင္ဂုဏ္ျပဳအပ္ပါသည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this