၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၈/၂၉/၃၀) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 30-Nov-2019

#Unicode ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်၊ နံနက်( ၆) နာရီ (၃၀)မိနစ်အချိန်တွင် မြောက်ဦးမြို့နယ်၊ "ကျောင်းတောင်ရွာ"မြောက်ဖက်(၁) ကီလိုမီတာခန့်အကွာအဝေးရှိ Point-122/ ပွိုင့် (၁၂၂) တောင်ကုန်းရှိမိမိတို့ရှိရာနေရာအားနယ်ချဲ့စစ်ရာဇဝတ်တပ်ဖွဲ့(မြန်မာ့တပ်မတော်) သည်ထိုးစစ်ဆင်တိုက်ခိုက်မှုကိုစတင်ပြုလုပ်ခဲ့သည်။ နယ်ချဲ့စစ်ရာဇဝတ်တပ်ဖွဲ့(မြန်မာ့တပ်မတော်)သည် ဤနေရာအား လေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူများဖြင့် နိုဝင်ဘာလ(၂၆) ရက်မှစတင်၍ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်။ အထိအခိုက်အကျအဆုံးများကိုမသိရခဲ့ပါ။ နိုဝင်ဘာလ(၂၉) ရက်နေ့၊နံနက်(၈) နာရီ(၄၅) မိနစ်ခန့်တွင် မြောက်ဦးမြို့နယ်၊ လင်းမြွီတောင် နှင့် တိမ်ညိုရွာအကြားတွင် အင်အား(၁၄၀) ခန့်ပါရန်သူ့စစ်ကြောင်းအား ရက္ခိုင့်တပ်တော်မှမိနစ်ငယ်ခန့်ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ ထို့အတူ နိုဝင်ဘာလ(၂၉) ရက်၊နေ့လည်(၂) နာရီ (၂၀) မိနစ်အချိန်တွင်လည်း မြောက်ဦးမြို့နယ်၊ ရန်အောင်ပြင်ရွာ၊ အရှေ့မြောက်ဖက်(၂.၂) ကီလိုမီတာအကွာအဝေး( ရန်းချောင်းအနောက်ဖက်တောင်တန်း) ပေါ်တွင်လည်း တိုက်ပွဲများပြင်းထန်ခဲ့သည်။ ရန်သူသည်မိမိတို့ရှိရာနေရာသို့ဝင်ရောက်လာသောကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၃၀) ရက်၊နံနက်(၈) နာရီ(၂၃) မိနစ်တွင် မြေပုံမြို့နယ်၊စညှင်းရွာတောင်ဖက်(၁.၂) ကီလိုမီတာအကွာအဝေး၌ အင်အား(၁၀၀) ခန့်ပါ စစ်ကြောင်းနှင့်လည်းကောင်း၊ နံနက်(၈) နာရီ(၄၅) မိနစ်အချိန်တွင်မြေပုံမြို့နယ်၊ ဟင်းခရော်ရွာ မြောက်ဖက်(၁) ကီလိုမီတာခန့်အကွာအဝေး၊ ကားလမ်းမအနီး၌ လည်းကောင်း၊ နေ့လည်(၁၂) နာရီ(၄၃) မိနစ်တွင်၊ မြေပုံမြို့နယ်၊ တုတ်ချောင်းရွာအနောက်မြောက်ဖက်အနီးတွင်လည်းကောင်း ရက္ခိုင့်တပ်တော်၊လှုပ်ရှားစစ်ကြောင်းတို့နှင့်တိုက်ပွဲများအသီးသီးဖြစ်ပွားခဲ့သည်။ မြေပုံမြို့နယ်၊ ဟင်းခရော်ရွာအနီးတိုက်ပွဲတွင် ရန်သူသည် အရပ်သားကားများကိုအသုံးပြုခဲ့ပြီးအထိနာခဲ့သောတိုက်ပွဲတစ်ပွဲဖြစ်ခဲ့သည်။ ရန်သူ(၁၂)ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည့်အပြင်ရန်သူ့လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့သည်။ ကစဉ့်ကလျားထွက်ပြေးနေသည့်ရန်သူများကိုလိုက်လံချေမှုန်းလျှက်ရှိသည်။ မြေပုံမြို့နယ်အတွင်းတိုက်ပွဲများ၌မြန်မာ့တပ်မတော်သည်ရဟတ်ယာဉ်(၂) စီးပေါ်မှ ရော့ကတ်၊ စက်သေနတ်များဖြင့်တိုက်ပွဲဖြစ်ပွားရာနေရာ(၃) နေရာအား(၂) နာရီ(၂၀) မိနစ်ခန့်လှည့်လည်၍ပစ်ခတ်တိုက်ခိုက်ရသည်အထိတိုက်ပွဲများပြင်းထန်ခဲ့သည်။ နိုဝင်ဘာလ(၃၀) ရက်၊ည(၇) နာရီ (၂၀) မိနစ်အချိန်တွင် ပလက်ဝမြို့နယ်၊ မွန်ထောင့်ရွာအနီးရလည်းရန်သူသည်မိမိတို့ရှိရာနေရာသို့ဝင်ရောက်လာသောကြောင့်တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပြီး ရန်သူ(၁၀)တစ်ဆယ်ကျော်ကိုသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ နိုဝင်ဘာလ(၃၀) ရက်တစ်နေ့တည်းတွင် မြန်မာ့တပ်မတော်ဖက်မှ ၂၅ ဦးခန့်သေဆုံးခဲ့သည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ၂၀၁၉ ခုႏွစ္၊ နိုဝင္ဘာလ(၂၈)ရက္၊ နံနက္( ၆) နာရီ (၃၀)မိနစ္အခ်ိန္တြင္ ေျမာက္ဦးၿမိဳ႕နယ္၊ "ေက်ာင္းေတာင္ရြာ"ေျမာက္ဖက္(၁) ကီလိုမီတာခန္႔အကြာအေဝးရွိ Point-122/ ပြိဳင့္ (၁၂၂) ေတာင္ကုန္းရွိမိမိတို႔ရွိရာေနရာအားနယ္ခ်ဲ႕စစ္ရာဇဝတ္တပ္ဖြဲ႕(ျမန္မာ့တပ္မေတာ္) သည္ထိုးစစ္ဆင္တိုက္ခိုက္မႈကိုစတင္ျပဳလုပ္ခဲ့သည္။ နယ္ခ်ဲ႕စစ္ရာဇဝတ္တပ္ဖြဲ႕(ျမန္မာ့တပ္မေတာ္)သည္ ဤေနရာအား ေလေၾကာင္းပစ္ကူ၊လက္နက္ႀကီးပစ္ကူမ်ားျဖင့္ ႏိုဝင္ဘာလ(၂၆) ရက္မွစတင္၍ထိုးစစ္ဆင္တိုက္ခိုက္ေနခဲ့သည္။ အထိအခိုက္အက်အဆံုးမ်ားကိုမသိရခဲ့ပါ။ ႏိုဝင္ဘာလ(၂၉) ရက္ေန႔၊နံနက္(၈) နာရီ(၄၅) မိနစ္ခန္႔တြင္ ေျမာက္ဦးၿမိဳ႕နယ္၊ လင္းႃမြီေတာင္ ႏွင့္ တိမ္ညိဳရြာအၾကားတြင္ အင္အား(၁၄၀) ခန္႔ပါရန္သူ႔စစ္ေၾကာင္းအား ရကၡိဳင့္တပ္ေတာ္မွမိနစ္ငယ္ခန္႔ျဖတ္ေတာက္တိုက္ခိုက္ခဲ့သည္။ ထို႔အတူ ႏိုဝင္ဘာလ(၂၉) ရက္၊ေန႔လည္(၂) နာရီ (၂၀) မိနစ္အခ်ိန္တြင္လည္း ေျမာက္ဦးၿမိဳ႕နယ္၊ ရန္ေအာင္ျပင္ရြာ၊ အေရွ႕ေျမာက္ဖက္(၂.၂) ကီလိုမီတာအကြာအေဝး( ရန္းေခ်ာင္းအေနာက္ဖက္ေတာင္တန္း) ေပၚတြင္လည္း တိုက္ပြဲမ်ားျပင္းထန္ခဲ့သည္။ ရန္သူသည္မိမိတို႔ရွိရာေနရာသို႔ဝင္ေရာက္လာေသာေၾကာင့္တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ၂၀၁၉ ခုႏွစ္၊ နိုဝင္ဘာလ(၃၀) ရက္၊နံနက္(၈) နာရီ(၂၃) မိနစ္တြင္ ေျမပံုၿမိဳ႕နယ္၊စညႇင္းရြာေတာင္ဖက္(၁.၂) ကီလိုမီတာအကြာအေဝး၌ အင္အား(၁၀၀) ခန္႔ပါ စစ္ေၾကာင္းႏွင့္လည္းေကာင္း၊ နံနက္(၈) နာရီ(၄၅) မိနစ္အခ်ိန္တြင္ေျမပံုၿမိဳ႕နယ္၊ ဟင္းခေရာ္ရြာ ေျမာက္ဖက္(၁) ကီလိုမီတာခန္႔အကြာအေဝး၊ ကားလမ္းမအနီး၌ လည္းေကာင္း၊ ေန႔လည္(၁၂) နာရီ(၄၃) မိနစ္တြင္၊ ေျမပံုၿမိဳ႕နယ္၊ တုတ္ေခ်ာင္းရြာအေနာက္ေျမာက္ဖက္အနီးတြင္လည္းေကာင္း ရကၡိဳင့္တပ္ေတာ္၊လႈပ္ရွားစစ္ေၾကာင္းတို႔ႏွင့္တိုက္ပြဲမ်ားအသီးသီးျဖစ္ပြားခဲ့သည္။ ေျမပံုၿမိဳ႕နယ္၊ ဟင္းခေရာ္ရြာအနီးတိုက္ပြဲတြင္ ရန္သူသည္ အရပ္သားကားမ်ားကိုအသုံးျပဳခဲ့ၿပီးအထိနာခဲ့ေသာတိုက္ပြဲတစ္ပြဲျဖစ္ခဲ့သည္။ ရန္သူ(၁၂)ဦးအားသုတ္သင္ရွင္းလင္းႏိုင္ခဲ့သည့္အျပင္ရန္သူ႔လက္နက္ခဲယမ္းအခ်ိဳ႕ုသိမ္းဆည္းရမိခဲ့သည္။ ကစဥ့္ကလ်ားထြက္ေျပးေနသည့္ရန္သူမ်ားကိုလိုက္လံေခ်မႈန္းလွ်က္ရွိသည္။ ေျမပံုၿမိဳ႕နယ္အတြင္းတိုက္ပြဲမ်ား၌ျမန္မာ့တပ္မေတာ္သည္ရဟတ္ယာဥ္(၂) စီးေပၚမွ ေရာ့ကတ္၊ စက္ေသနတ္မ်ားျဖင့္တိုက္ပြဲျဖစ္ပြားရာေနရာ(၃) ေနရာအား(၂) နာရီ(၂၀) မိနစ္ခန္႔လွည့္လည္၍ပစ္ခတ္တိုက္ခိုက္ရသည္အထိတိုက္ပြဲမ်ားျပင္းထန္ခဲ့သည္။ ႏိုဝင္ဘာလ(၃၀) ရက္၊ည(၇) နာရီ (၂၀) မိနစ္အခ်ိန္တြင္ ပလက္ဝၿမိဳ႕နယ္၊ မြန္ေထာင့္ရြာအနီး႐လည္းရန္သူသည္မိမိတို႔ရွိရာေနရာသို႔ဝင္ေရာက္လာေသာေၾကာင့္တိုက္ပြဲျဖစ္ပြားရျခင္းျဖစ္ၿပီး ရန္သူ(၁၀)တစ္ဆယ္ေက်ာ္ကိုသုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။ ႏိုဝင္ဘာလ(၃၀) ရက္တစ္ေန႔တည္းတြင္ ျမန္မာ့တပ္မေတာ္ဖက္မွ ၂၅ ဦးခန္႔ေသဆံုးခဲ့သည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this