မောင်တောမြို့တွင်စကစမှလူသားဒိုင်းကာအဖြစ်ခေါ်ယူထားသောပြည်သူများကို AA မှကယ်ထုတ်လာခဲ့သောရုပ်သံမှတ်တမ်း

blog

Date : 09-Aug-2024

ရက္ခိုင်ပြည်၊ မောင်တောမြို့ထဲတွင် စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ်ခေါ်ယူထားသော ပြည်သူလူထုများနှင့် မောင်တောမြို့အတွင်း ပိတ်မိနေကြသော ပြည်သူလူထုများကို အာရက္ခတပ်တော်မှ အသုတ်လိုက်၊ အသုတ်လိုက် ဘေးလွတ်ရာသို့ ရွေ့ပြောင်းကယ်တင်ခြင်းများကို ဆက်တိုက် ပြုလုပ်လျက်ရှိပါသည်။ မောင်တောမြို့အတွင်းရှိ ပြည်သူများမှလည်း ၎င်းတို့နည်း ၎င်းတို့ဟန်ဖြင့် ထွက်ပြေးလာကြသောသူများလည်း လွန်ခဲ့သော ရက်သတ္တပတ် များအတွင်း ရှိခဲ့သည်။ ယခုဖော်ပြပါ ဗီဒီယိုမှတ်တမ်းသည် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့၌ မောင်တော၊ လသာရွာမှ ရွာသူရွာသားများအား အာရက္ခတပ်တော်မှ ကယ်ထုတ်လာခဲ့သော ရုပ်သံမှတ်တမ်း ဖြစ်ပါသည်။


The Arakan Army has been continuously rescuing civilians who were forced to serve as human shields by the military council in Maungdaw Township, as well as those trapped inside Maungdaw Town. Some residents have also managed to escape the town on their own over the past few weeks. The video documentation presented here is footage of villagers from Latha Village, Maungdaw, being rescued by the Arakan Army on August 7, 2024.

 

#AAInfoDesk

August 8, 2024

 

 

 


Share on social

You may also like this

blog 15-Oct-2024

ပင်လယ်ဓားပြအတိုက်ခံရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ( . . .