၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 01-Jan-2020

Nyo Twan Awng

တိုက်ပွဲများဆက်လက်ရှိနေခဲ့သည့်အပြင် မြေပုံမြို့နယ်၊စညှင်းရွာအရှေ့ဖက်(၁.၃) ကီလိုမိတာအကွာအဝေးရှိတောင်ကုန်းအား လူမျိုးရေးအစွန်းရောက်ဗမာစစ်ရာဇဝတ်နယ်ချဲ့တပ်ဖွဲ့သည် နေ့လည်(၁) နာရီခန့်မှစတင်ပြီးမြေပြင်မှ လက်နက်ကြီးပစ်ကူများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ညနေ(၃) နာရီ(၄၅) မိနစ်တွင် ဝေဟင်မှ ဂျက်၊ရဟတ်ယာဉ်များဖြင့်(၁၅) မိနစ်ခန့်လာရောက်ဗုံးကြဲတိုက်ခိုက်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြေပုံ၊ အမ်းမြို့နယ်များတွင် မြန်မာ့တပ်မတော်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ခရစ်စမတ်ကာလအတွင်း သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သောအာရက္ခစစ်သည်တော်များအားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်


Share on social

You may also like this