၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၃/၄)ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 05-Dec-2019

Nyo Twan Awng

#Unicode ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၃) ရက်၊နံနက်(၁၀) နာရီ (၂၀) မိနစ်တွင် မြေပုံမြို့နယ်၊ မီးကျောင်းတက်ရွာ နှင့် တောင်ကြီး-တောင်ချေရွာ အကြား(တနည်းအားဖြင့်) ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် မြန်မာ့တပ်မတော်၏ အင်အား(၁၀၀) ခန့်ပါစစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာထိတွေ့မှုဖြစ်ပွားခဲ့သည်။ အထိအခိုက် အကျအဆုံးများကို မသိရသေးပါ။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့၊ နံနက်(၀၀) နာရီ(၂၅) မိနစ်(ညဉ့်သန်းခေါင်) တွင် ဘူးသီးတောင်မြို့နယ်၊ "သရက်ပြင်ရွာ"တံတားအနီးရှိ မြန်မာ့တပ်မတော်၏ တပ်မ(၂၂)လက်အောက်ခံ၊ ခမရ(၂၀၃)တပ်ရင်း နှင့် ရက္ခိုင့်တပ်တော်တို့ နာရီဝက်ခန့်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၃/၄) ရက်နေ့ရက်များတွင် ယခင်နေ့ရက်များ၌ မြန်မာ့တပ်မတော်မှ မိမိတို့အား အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သော ပုဏ္ဏားကျွန်းမြို့နယ်၊ "ကြက်ချေးရွာ" အနောက်မြောက်ဖက်(၁.၈) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင် ကြိုကြားကြိုကြားအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။ (အခြားတိုက်ပွဲများရှိပါက ဆက်လက်တင်ပေးသွားပါမည်) သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ(၃) ရက္၊နံနက္(၁၀) နာရီ (၂၀) မိနစ္တြင္ ေျမပံုၿမိဳ႕နယ္၊ မီးေက်ာင္းတက္ရြာ ႏွင့္ ေတာင္ႀကီး-ေတာင္ေခ်ရြာ အၾကား(တနည္းအားျဖင့္) ရန္ကုန္-စစ္ေတြကားလမ္းမေပၚတြင္ ျမန္မာ့တပ္မေတာ္၏ အင္အား(၁၀၀) ခန္႔ပါစစ္ေၾကာင္းတစ္ခုႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔ မိနစ္အနည္းငယ္ၾကာထိေတြ႕မႈျဖစ္ပြားခဲ့သည္။ အထိအခိုက္ အက်အဆံုးမ်ားကို မသိရေသးပါ။ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ (၄)ရက္ေန႔၊ နံနက္(၀၀) နာရီ(၂၅) မိနစ္(ညဥ္႔သန္းေခါင္) တြင္ ဘူးသီးေတာင္ၿမိဳ႕နယ္၊ "သရက္ျပင္ရြာ"တံတားအနီးရွိ ျမန္မာ့တပ္မေတာ္၏ တပ္မ(၂၂)လက္ေအာက္ခံ၊ ခမရ(၂၀၃)တပ္ရင္း ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔ နာရီဝက္ခန္႔အျပန္အလွန္ပစ္ခတ္တိုက္ခိုက္ခဲ့ၾကသည္။ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ(၃/၄) ရက္ေန႔ရက္မ်ားတြင္ ယခင္ေန႔ရက္မ်ား၌ ျမန္မာ့တပ္မေတာ္မွ မိမိတို႔အား အျပင္းအထန္ထိုးစစ္ဆင္တိုက္ခိုက္ေနဆဲျဖစ္ေသာ ပုဏၰားကြ်န္းၿမိဳ႕နယ္၊ "ၾကက္ေခ်းရြာ" အေနာက္ေျမာက္ဖက္(၁.၈) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းေပၚတြင္ ႀကိဳၾကားႀကိဳၾကားအျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ားရွိခဲ့သည္။ (အျခားတိုက္ပြဲမ်ားရွိပါက ဆက္လက္တင္ေပးသြားပါမည္) သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this