၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း မြန်မာ့တပ်မတော်၏ ရခိုင်ဒေသစစ်ဆင်ရေး နှင့် တိုက်ပွဲသတင်းများ

blog

Date : 17-Sep-2020

Nyo Twan Awng

ကိုရိုနာကူးစက်ရောဂါ ထိန်းချုပ်နိုင်ရေး၊ ကြိုတင်ကာကွယ်တားဆီးနိုင်ရေး၊ တိုက်ဖျက်ရေးလုပ်ငန်းများ၊ငြိမ်းချမ်းရေးလုပ်ငန်းများ နှင့် ၂၀၂၀ရွေးကောက်ပွဲကာလများတွင်အထောက်အကူပြုစေရန်အတွက် ရက္ခိုင့်တပ်တော်သည် ညီနောင်မဟာမိတ်များဖြစ်ကြသော MNDAA (ကိုးကန့်)၊ TNLA( တအာင်း) တို့နှင့်အတူတကွ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား ထပ်မံကြေညာခဲ့ပြီးဖြစ်ပါသည်။

ဤကဲ့သို့ကြေညာထားစဉ်ကာလအတွင်း၌မိမိကိုယ်မိမိခုခံကာကွယ်သောတိုက်ပွဲများမှလွဲ၍တိုက်ပွဲများမဖြစ်ပွားအောင်မိမိတို့ဖက်မှ အတတ်နိုင်ဆုံးထိန်းသိမ်းခဲ့ပါသည်။ ထို့ကြောင့်လည်း တိုက်ပွဲအရေအတွက်မှာ သိသိသာသာလျော့ကျခဲ့ပါသည်။သို့သော်လည်း စစ်ရာဇဝတ်နယ်ချဲ့ဖက်ဆစ်အကြမ်းဖက်မြန်မာ့တပ်မတော်သည် မိမိတို့တစ်ဖက်သတ်အပစ်အခတ်ရပ်ထားသည့်အခြေအနေ နှင့် ကိုရိုနာကူးစက်ရောဂါကာလအားအခွင့်ကောင်းယူပြီး စစ်ဆင်ရေးများကိုမရပ်မနားဆက်တိုက်ပြုလုပ်နေသောကြောင့် တိုက်ပွဲများမှာ နေ့တိုင်းနီးပါးဖြစ်ပွားလျက်ရှိသည်။

အထူးသဖြင့် ရသေ့တောင်၊ဘူးသီးတောင်၊ကျောက်တော်၊ မြောက်ဦး၊ပလက်ဝ၊ မြေပုံ၊ အမ်း မြို့နယ်များ၌ မြန်မာ့တပ်မတော်၏ စစ်ရေးပြင်ဆင်မှု၊ စစ်ဆင်ရေးများကြောင့် တိုက်ပွဲများရှိခဲ့သည်။

ထို့အပြင် မြန်မာအစိုးရသည် Covid-19အားအကြောင်းပြ၍ညမထွက်ရအမိန့်များကို ရခိုင်တစ်ပြည်လုံးနီးပါး၌ထုတ်ပြန်ထားသည်။ ဤသည်ကိုလည်း မြန်မာ့တပ်မတော်သည် ထပ်မံအခွင့်ကောင်းယူကာလေကြောင်း၊ ရေကြောင်း၊ ကုန်းလမ်းများမှတစ်ဆင့် စစ်အင်အားတိုးချဲ့ခြင်းများကို ညအချိန်များ၌ရခိုင်ပြည်အနှံ့ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ စစ်ရေး၊ နိုင်ငံရေးအမြတ်ထုတ်လျက်ရှိသည်။

အခြားတစ်ဖက်တွင် မြန်မာ့တပ်မတော်သည် လက်နက်ကြီးများဖြင့် ရပ်ရွာများကိုဦးတည်တိုက်ခိုက်ခြင်း၊ ရေတပ်စစ်သင်္ဘောများပေါ်မှ မြစ်ကြောင်း တစ်လျှောက်လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် အရပ်သားပြည်သူလူထု( ကလေး၊ အမျိုးသမီး၊ အမျိုးသမီးကိုယ်ဝန်ဆောင်များ) များထိခိုက်၊သေဆုံးသည့်အရေအတွက်မှာ ပိုမိုမြင့်တက်လျက်ရှိသည်။

ထို့ကြောင့် အရပ်သားပြည်သူလူထုများအနေဖြင့် မြန်မာ့တပ်မတော်၏ စစ်သဘောၤများသွားလာနေသည့်အချိန်များ၌"စောင့်ကြည့်စနစ်တစ်ခု"ထားရှိပြီး စစ်သဘောၤများပေါ်မှ ပစ်ခတ်တိုက်ခိုက်နေသည့်လက်နက်ကြီး၊လက်နက်ငယ်များအန္တရာယ်ကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် သတိထားပြုလုပ်သင့်ကြောင်း သတိပေးအပ်ပါသည်။ မြစ်ကမ်းဘေးအနီးတည်ရှိသော ကျေးရွာများ၏နေအိမ်များတွင် လုံခြုံသောဗုံးခိုကျင်းများကို ကောင်းမွန်စွာပြုလုပ်ထားကြပါရန်ကိုလည်း အသိပေးတိုက်တွန်းအပ်ပါသည်။

စက်တင်ဘာလ(၁) ရက်မှ (၁၇) ရက်အတွင်းမြန်မာ့တပ်မတော်၏ ထိုးစစ်တိုက်ခိုက်နေမှုများကြောင့် တိုက်ပွဲအကြိမ်အရေအတွက် (၁၀) ကျော်ရှိခဲ့သည်။

(၁)၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၃) ရက်နေ့တွင် မြန်မာ့တပ်မတော်၏ တပ်မ(၄၄) လက်အောက်ခံ၊ သိမ်ဆိပ်အခြေစိုက် ခမရ(၉) တပ်ရင်း မှ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာ နှင့် တောင်ပေါက်ကျေးရွာ(၂) ရွာအား မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိဖြင့်မီးရှို့ဖျက်ဆီးခဲ့သည်။ အရပ်သား(၂) ဦးကိုလည်း ခမရ(၉) တပ်ရင်းမှသတ်ဖြတ်ခဲ့သည်။

(၂) ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၄) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ အမျက်တောင်ရွာ၊ အနောက်တောင်ဖက်(၈၀၀) မီတာအကွာအဝေး၌ စစ်ရာဇဝတ်ဖက်ဆစ်တပ် မြန်မာ့တပ်မတော်မှ အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့်တိုက်ပွဲဖြစ်ပွားခဲ့သည်။

(၃)စက်တင်ဘာလ(၆) ရက်နေ့တွင်လည်း ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းရွာ အနောက်တောင်ဖက်တောင်တန်းတွင်နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။

(၄) စက်တင်ဘာလ(၇) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းရွာအနောက်တောင်ဖက်တောင်တန်းတွင် မိနစ်အနည်းငယ်ကြာထိတွေ့မှုဖြစ်ပွားခဲ့သည်။

(၅) စက်တင်ဘာလ(၈) ရက်နေ့၊နံနက်(၉) နာရီ(၄၉) မိနစ် တွင်မြေပုံမြို့နယ်၊ ညောင်ခတ်ကန်( ညောင်ကန်) ကျေးရွာအတွင်းသို့ စစ်ရာဇဝတ်တပ် လူမျိုးရေးအစွန်းရောက် နယ်ချဲ့မြန်မာ့တပ်မတော်၏ တပ်မ(၆၆) လက်အောက်ခံတပ်ရင်း( အမည်စုံစမ်းဆဲ)၏ "နယ်ခြားတောင်" ၌ စခန်းချတပ်စွဲထားသည့် တပ်စခန်းတစ်ခုမှ မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲလက်နက်ကြီးများဖြင့် တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့် အကြိမ်(၁၅) ကြိမ်ခန့်တောက်လျောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ညောင်ခတ်ကန်(ညောင်ကန်) ကျေးရွာအတွင်းမှ အပြစ်မဲ့အရပ်သား(၄)ဦးပွဲချင်းပြီးသေဆုံးကာ (၁၁) ဦးမှာလက်နက်ကြီးစထိမှန်၍ အသေးစား၊အလတ်စား၊ အပြင်းစားဒဏ်ရာရရှိခဲ့သည်။ လက်ရှိအချိန်အထိ အခြားတစ်ဦးမှာ သတိမရသေးဘဲ သတိမေ့မြောလျက်ရှိနေသေးသည်။

(၆) စက်တင်ဘာလ(၉) ရက်နေ့တွင် ပလက်ဝမြို့နယ်၊ ပိန္နဲတပင်ရွာ၊ အနောက်ဖက်(၄.၅) ကီလိုမီတာအကွာအဝေး၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။

(၇) စက်တင်ဘာလ(၁၂) ရက်၊နေ့လည်(၁၂) နာရီခန့်အချိန်တွင် ပလက်ဝမြို့နယ်၊ ရပ်ဒိန်ရွာ နှင့်ရွှေချောင်းဝရွာအကြား(ဆမီး-ပလက်ဝကားလမ်းဘေး)တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ(၅) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

(၈) စက်တင်ဘာလ(၁၃) ရက်နေ့တွင် မြန်မာ့တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုပ်မည်ဟု ကြေညာထားသည့် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းပတ်ဝန်းကျင်ရှိ မိမိတို့တပ်ဖွဲ့ဝင်များအား ဒရုန်း(၁) စီးပေါ်မှ ဗုံးဖြင့်တိုက်ခိုက်ခဲ့သည်။

(၉) စက်တင်ဘာလ( ၁၄)ရက်၊ ညနေ(၄) နာရီ(၃၀) မိနစ်တွင် ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းရွာအနောက်တောင်ဖက်(၁) ကီလိုမီတာခန့်အကွာအဝေး၌ မိနစ်အနည်းငယ်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

(၁၀) စက်တင်ဘာလ( ၁၅)၊ နေ့လည်(၃) နာရီ(၁၃) မိနစ်တွင် ပလက်ဝမြို့နယ်၊ အညှင်းဝရွာ၊ အနောက်မြောက်ဖက်(၂) ကီလိုမီတာအကွာအဝေးရှိ ပွိုင့်(၃၉၇) ကုန်းတွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

(၁၁) စက်တင်ဘာလ(၁၆)၊ နံနက်(၉) နာရီ(၃၀) မိနစ်တွင် ပလက်ဝမြို့နယ်၊ အထက်ပီရွာအနောက်မြောက်ဖက်(၂.၆) ကီလိုမီတာအကွာအဝေးရှိ ပွိုင့်(၈၂၅) ကုန်းအနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

(၁၂) စက်တင်ဘာလ(၁၆) ရက်၊ နေ့လည်(၁၂) နာရီခန့်တွင် ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာ၏ အနောက်ဖက်(၁.၁) ကီလိုမီတာအကွာအဝေး၌လည်းကောင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

(၁၃)စက်တင်ဘာလ(၁၆) ရက်၊ နေ့လည်(၁၂) နာရီခန့်အချိန်တွင်လည်း ဘူးသီးတောင်မြို့နယ်၊ ဒိုးတန်းရွာ၏ အနောက်တောင်ဖက်(၁.၅) ကီလိုမီတာအကွာအဝေးရှိ မိမိတို့တပ်ဖွဲ့ဝင်များအား စစ်ရာဇဝတ်တပ် မြန်မာ့တပ်မတော်၏ အင်အား(၂၀၀) ခန့်ပါ ခလရ(၂၃၃)/ ခလရ(၂၆၃)/ ခမရ(၁၁၈) တို့ပါဝင်သောပူးပေါင်းစစ်ကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် (၁) နာရီ(၃၀) မိနစ်ကျော်ကြာတိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ မျက်မြင်(၁၂) ဦးသေဆုံးကာ ဒဏ်ရာရသူ(၁၀) ကျော်ရှိခဲ့သည်။ မိမိတို့ဖက်မှလည်း ဒဏ်ရာရသူအချို့ရှိခဲ့သည်။

(၁၄) နယ်ချဲ့ဖက်ဆစ် စစ်ရာဇဝတ်တပ် မြန်မာ့တပ်မတော်သည် လက်နက်ကြီးစခန်းများ၊ တပ်ရင်းဌာနချုပ်များ၊ စစ်သင်္ဘောများပေါ်မှလက်နက်ကြီးများဖြင့် နေ့စဉ်နေ့တိုင်းပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။မြန်မာ့တပ်မတော်၏ လက်နက်ကြီးကျည်များသည် အမျက်တောင်ရွာ( ရသေ့တောင်မြို့နယ်) ညောင်ကန်ရွာ( မြေပုံမြို့နယ်)၊ သင်္ဂနက်ကျေးရွာ(ကျောက်တော်မြို့နယ်)၊ ဂုပ္ပီထောင့်(ကျောက်တော်မြို့နယ်)၊ အောင်ဇေကုန်းကျေးရွာ( ရသေ့တောင်မြို့နယ်)၊ လမုတပင်ကျေးရွာ( ကျောက်တော်မြို့နယ်)၊ ရွှေလောင်းတင်ကျေးရွာ( ရသေ့တောင်မြို့နယ် အတွင်း ကျရောက်ပေါက်ကွဲမှုများရှိခဲ့သည်။

စက်တင်ဘာလ(၁) ရက်မှ(၁၆) ရက်နေ့အတွင်း နယ်ချဲ့ဖက်ဆစ်စစ်ရာဇဝတ်တပ်ဖွဲ့ဝင်(၅၀) ဦးခန့်အား ရက္ခိုင့်တပ်တော်မှသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ရန်သူ့ဖက်မှ ဒဏ်ရာရရှိသူလည်း(၅၀) ဦးအထက်ရှိနိုင်သည်။

အာရက္ခစစ်သည်အချို့ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသူအချို့ရှိခဲ့သည်။ တိုက်ပွဲများအတွင်း ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သော အာရက္ခစစ်သည်တော်များအား လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this