၂၀၂၀ ပြည့်နှစ်၊ဇန်နဝါရီလ(၁၂)ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 12-Jan-2020

Nyo Twan Awng

#Unicode ဇန်နဝါရီလ(၁၂) ရက်နေ့၊ နေ့လည်(၁) နာရီ(၂၀) မိနစ်အချိန်မှစတင်၍ စစ်ရာဇဝတ်တပ်ဖွဲ့မြန်မာ့တပ်မတော်သည်မင်းပြားမြို့နယ်၊ မြစ်နားရွာ၊ အရှေ့တာင်ဘက် (၂)ကီလိုမီတာအကွာ တောင်တန်းရှိ မိမိတို့တပ်ဖွဲ့ရှိရာနေရာအား မြေပြင်မှလာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ မိမိတို့အနေဖြင့် တိုက်ပွဲများဖြစ်ပွားလိုခြင်းမရှိသော်လည်း မြန်မာ့တပ်မတော်၏ဤကဲ့သို့ ရန်စတိုက်ခိုက်မှုကိုမလွဲမရှောင်သာခုခံကာကွယ်ခဲ့ရသည်။ မြန်မာ့တပ်မတော်သည် ညနေ(၃) နာရီ(၂၀)မိနစ်အချိန်တွင်လည်းရန်သူသည်မိမိတို့အားဒုတိယအကြိမ်ထပ်မံထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မိမိတို့ဖက်မှ အလတ်စားဒဏ်ရာရသူအချို့ရှိခဲ့သည်။ မိမိတို့အနေဖြင့်ရန်သူအားအထိနာအောင်အကောင်းဆုံးခုခံကာကွယ်၍ရသော်လည်း လက်ရှိအချိန်တွင် တိုက်ပွဲအရှိန်ကိုလျော့ချလိုသောကြောင့် မိမိကိုယ်မိမိခုခံကာကွယ်ရုံအနေအထားဖြင့်သာတုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲကြီးကြီးမားမားမရှိသော်လည်း မြန်မာ့တပ်မတော်သည် လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကို နေ့လည်(၁) နာရီ(၂၄) မိနစ်မှစတင်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်တိုက်ခိုက်သည့်အကြိမ်အရေအတွက် (၁၁၀) ကျော်အထိရှိခဲ့သည်။ မိမိတို့မှတ်တမ်းများအရ- (၁) ရသေ့တောင်(၅၃၆) နှင့် (၅၃၇) တပ်ရင်းမှ အကြိမ်(၃၀) ခန့်၊ (၂) ရသေ့တောင်၊ရေစိုးချောင်းဗျူဟာမှ အကြိမ်(၃၀) ခန့်၊ (၃) ရသေ့တောင်မြို့နယ်၊ ညောင်ပင်လှကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းအတွင်းမှ အကြိမ်(၅၀) ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယခုပစ်ခတ်တိုက်ခိုက်မှုအကြိမ်အရေအတွက်မှာညနေ(၆) နာရီအချိန်အထိမှတ်တမ်းတင်ထားခြင်းသာဖြစ်ပါသည်။ ဤကဲ့သို့လက်နက်ကြီးများဖြင့် အကြိမ်(၁၁၀) ကျော်ပစ်ခတ်တိုက်ခိုက်မှုအတွင်း မိမိတို့ဖက်မှ ထိခိုက်ဒဏ်ရာရသူအချို့ထပ်မံရှိခဲ့သည်။ မြန်မာ့တပ်မတော်သည် လက်နက်ခဲယမ်း၊ လူအင်အားများကိုထပ်မံဖြည့်တင်းနေခြင်း၊ စစ်တပ်မှရဲအသွင်ပြောင်းထားသူများဖြင့် အင်အားဖြည့်တင်းနေခြင်းများကိုပါရခိုင်ပြည်အနှံ့ဆက်လက်ပြုလုပ်နေသည်ကိုတွေ့မြင်နေရပါသည်။ တိုက်ပွဲနောက်ဆက်တွဲများရှိပါက ထပ်မံတင်ပေးသွားပါမည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ဇန္နဝါရီလ(၁၂) ရက္ေန႔၊ ေန႔လည္(၁) နာရီ(၂၀) မိနစ္အခ်ိန္မွစတင္၍ စစ္ရာဇဝတ္တပ္ဖြဲ႕ျမန္မာ့တပ္မေတာ္သည္မင္းျပားၿမိဳ႕နယ္၊ ျမစ္နားရြာ၊ အေရွ႕တာင္ဘက္ (၂)ကီလိုမီတာအကြာ ေတာင္တန္းရွိ မိမိတို႔တပ္ဖြဲ႕ရွိရာေနရာအား ေျမျပင္မွလာေရာက္ထိုးစစ္ဆင္တိုက္ခိုက္ခဲ့သည္။ မိမိတို႔အေနျဖင့္ တိုက္ပြဲမ်ားျဖစ္ပြားလိုျခင္းမရွိေသာ္လည္း ျမန္မာ့တပ္မေတာ္၏ဤကဲ့သို႔ ရန္စတိုက္ခိုက္မႈကိုမလြဲမေရွာင္သာခုခံကာကြယ္ခဲ့ရသည္။ ျမန္မာ့တပ္မေတာ္သည္ ညေန(၃) နာရီ(၂၀)မိနစ္အခ်ိန္တြင္လည္းရန္သူသည္မိမိတို႔အားဒုတိယအႀကိမ္ထပ္မံထိုးစစ္ဆင္တိုက္ခိုက္မႈေၾကာင့္ မိမိတို႔ဖက္မွ အလတ္စားဒဏ္ရာရသူအခ်ိဳ႕ရွိခဲ့သည္။ မိမိတို႔အေနျဖင့္ရန္သူအားအထိနာေအာင္အေကာင္းဆံုးခုခံကာကြယ္၍ရေသာ္လည္း လက္ရွိအခ်ိန္တြင္ တိုက္ပြဲအရွိန္ကိုေလ်ာ့ခ်လိုေသာေၾကာင့္ မိမိကိုယ္မိမိခုခံကာကြယ္ရံုအေနအထားျဖင့္သာတံု႔ျပန္ခဲ့ျခင္းျဖစ္သည္။ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း တိုက္ပြဲႀကီးႀကီးမားမားမရွိေသာ္လည္း ျမန္မာ့တပ္မေတာ္သည္ လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ျခင္းကို ေန႔လည္(၁) နာရီ(၂၄) မိနစ္မွစတင္ခဲ့ၿပီး လက္နက္ႀကီးပစ္ခတ္တိုက္ခိုက္သည့္အႀကိမ္အေရအတြက္ (၁၁၀) ေက်ာ္အထိရွိခဲ့သည္။ မိမိတို႔မွတ္တမ္းမ်ားအရ- (၁) ရေသ့ေတာင္(၅၃၆) ႏွင့္ (၅၃၇) တပ္ရင္းမွ အႀကိမ္(၃၀) ခန္႔၊ (၂) ရေသ့ေတာင္၊ေရစိုးေခ်ာင္းဗ်ဴဟာမွ အႀကိမ္(၃၀) ခန္႔၊ (၃) ရေသ့ေတာင္ၿမိဳ႕နယ္၊ ေညာင္ပင္လွေက်းရြာ စာသင္ေက်ာင္းႏွင့္ ဘုန္းႀကီးေက်ာင္းအတြင္းမွ အႀကိမ္(၅၀) ေက်ာ္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ယခုပစ္ခတ္တိုက္ခိုက္မႈအႀကိမ္အေရအတြက္မွာညေန(၆) နာရီအခ်ိန္အထိမွတ္တမ္းတင္ထားျခင္းသာျဖစ္ပါသည္။ ဤကဲ့သို႔လက္နက္ႀကီးမ်ားျဖင့္ အႀကိမ္(၁၁၀) ေက်ာ္ပစ္ခတ္တိုက္ခိုက္မႈအတြင္း မိမိတို႔ဖက္မွ ထိခိုက္ဒဏ္ရာရသူအခ်ိဳ႕ထပ္မံရွိခဲ့သည္။ ျမန္မာ့တပ္မေတာ္သည္ လက္နက္ခဲယမ္း၊ လူအင္အားမ်ားကိုထပ္မံျဖည့္တင္းေနျခင္း၊ စစ္တပ္မွရဲအသြင္ေျပာင္းထားသူမ်ားျဖင့္ အင္အားျဖည့္တင္းေနျခင္းမ်ားကိုပါရခိုင္ျပည္အႏွံ့ဆက္လက္ျပဳလုပ္ေနသည္ကိုေတြ႕ျမင္ေနရပါသည္။ တိုက္ပြဲေနာက္ဆက္တြဲမ်ားရွိပါက ထပ္မံတင္ေပးသြားပါမည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this

blog 21-Nov-2023

စစ်ကောင်စီတပ်မှဖမ်းဆီးပြီးလူသားဒိုင်းကာအဖြစ်အသုံးပ . . .