19/11 (နိုင်းတင်းအလဲဗင်း)

article

Date : 22-Nov-2019

Nyo Twan Awng

Arakan Army ၏ဖြတ်သန်းမှုနိရက်တိုင်းမှာ သူ့စွာနန့်သူ အဓိပ္ပာယ်နန့် အနှစ်သာရတိဟိရေ။ တစ်ရက်ကုန်ကေတစ်ရက်အလျောက်ကိစ္စပြီးမြောက်နီရဖို့။ ဆန်ကုန်နယ်မြီတိုးဖြစ်နီရဖို့။မဟာဗျူဟာထဲက နည်းဗျူဟာစိကေချေတိအကောင်အထည်ဖော်ပြီးသားဖြစ်နီရဖို့။ မိုးလင်းလို့မျက်စိနှစ်လုံးဖွင့်လိုက်စွာနန့် ညဇာကမက် ထားရေ,စိတ်ကူးအိမ်မက်တိစွာ ကွာလတီမြင့်တီဗွီဖန်သားထက်မှာ စိုလို့ကြည့်ကောင်းနီရဖို့။ တော်လှန်ရီးထဲမှာပုံမှန်အားဖြင့်ပျော်ရွှင်မှုတိထက် ပင်ပန်းမှု၊ ပူဆွီးဝမ်းနည်းမှုတိ၊ခက်ခဲမှုတိ၊လူလုပ်သောကပီးမှုတိကပိုများရေ။ ယေကေလေ့ အေအလုပ်ကို ကျနော်ရို့တိစွာဇာသူတစ်ဦးတစ်ယောက်၏တိုက်တွန်းမှုမပါဘဲ မညီးမညူ,ဆင့်ကဲအုပ်ချုပ်မှု၊ ဆင့်ကဲတာဝန်ယူမှုတိနန့်အတူ ခရီးဆက်ပါလတ်စွာ အေဂုဆိုကေ ကိုးနှစ်ကျော်လို့ ဆယ်နှစ်နားကိုရောက်ပါလတ်ဗျာယ်။# AADay10thAnniversary ( ရန်သူ့တုံ့ပြန်မှုက ထိပ်ပိုင်းဂေါင်းဆောင်တိရဲ့မိသားစုတိကို ဖမ်းဆီးပနာ စိတ်အနှောင့်အယှက်များမယ်သယ်ဖြစ်လီဖို့လားဆိုရေ အောက်လုံးကွက်တိနန့် အရှိန်မြှင့်တိုက်ကွက်တိကိုထုတ်သုံးလာနီရေ။ ဖြည့်စွက်ချက်) မျှော်မှန်းမှုကိန်းညွှန်းကို,ရာနှုန်းပြည့်မရောက်နိုင်သိမ့်ကေလေ့ ကိုယ်လုပ်နီရေအလုပ်ထဲက ရလာဒ်နန့်ကိုယ့်လူထု၏ ကိုယ့်ရို့တိအပေါ်မျှော်မှန်းနီရေမျှော်မှန်းချက်တိအလျင်မီစီဖို့ အခက်အခဲ၊အတားအဆီး၊အနှောင့်အယှက်တိဟိနီရေကြားထဲက အားလုံးစုရုန်းတာဝန်ထမ်းဆောင်နီကတ်တေ။ ရောက်သင့်သလောက်ခရီးကိုမရောက်နိုင်သိမ့်ကေလေ ပန်းတိုင်သို့ရောက်ခါနီးဆိုရေခံစားချက်ကပိုပီပြင်လာနီရေ) ယိုင်လဲနှုန်းနန့်ယိုင်ညွှန်ကိန်းတိ,မများအောင်,စုပေါင်းအား၊စည်းလုံးညီညွတ်မှုအား၊ တစ်သွီး၊တစ်သံ၊တစ်မိန်နန့်အတူ ရခိုင်မျိုးနွယ်စုတိအားလုံး,ယုံကြည်အားထားရရေရက္ခိုင့်တပ်တော်ဖြစ်လာအောင် ကြိုးစားနီကတ်တေအချိန်တိမှာ ကြုံတွိရရေအခက်အခဲမေးသားတက်မှုတိက ကျောက်ခံနီလို့ ကျောက်ရုပ်တောင်ဖြစ်ခါနီးဗျာယ်။ အကြွီးဟောင်းတိကိုဆပ်လို့မကျီခင်မှာ ကြွီးသစ်တိကပိုများလာအောင်ရန်သူကထပ်လုပ်လာရေ။ အေ,အတောအတွင်းဖြတ်သန်းမှုရီစီးကြောင်းထဲမှာ မိန့်လို့မရရေနိရက်တိ၊ AA ပြက္ခဒိန်ထဲက အနီကွက်ချေတိ၊ နှစ်တိုင်းမပျက်အောက်မိန့်သတိရနီကတ်တေနိရက်တိ၊ အားယူဖို့နိရက်တိ ,အဂုဆိုကေအင်တန်ချေဟိခဗျာယ်။ ပီးဆပ်မှုတိနန့်အတူ မရရအောင်ယူဖို့ဆိုရေခံယူချက်နန့် ရကိုရရမယ်ဆိုရေ, စိတ်ဆန္ဒပြင်းပြမှုတိကို အောင်ပွဲအတွက်လောင်စာအဖြစ်အသုံးပြုလို့ခရီးနှင်နီဆဲဖြစ်တေ။ လုပ်နီရေလူတိကတော့ လွတ်လပ်တေရနံ့ကိုတစ်ရက်ထက်တစ်ရက်ပိုရလာပိုင်တွိရေ။ပိုလို့သင်းမြနီပိုင်တွိရေ။ ၂၀၂၀ ရောက်လာလီယှုရရေလီတိကလတ်ဆတ်လာလီ။ ယင်းပိုင်ပီးဆပ်လိုက်ရတေနိရက်တိထဲမှာ ၂၀၁၄ ခုနှစ်၊နိုဝင်ဘာလ (၁၉) ရက်စွာလေ့ပါရေ။ အေနှစ် ၂၀၁၈ ၊နိုဝင်ဘာလ(၁၉) ရက်၊ နက်ဖခါဆိုကေ,လေးနှစ်တင်းတင်းပြည့်ခဗျာယ်။ (အေနှစ် ၂၀၁၉ နိုဝင်ဘာလ(၁၉) ရက်နိဆိုကေငါးနှစ်ပြည့်ဗျာယ်/ ထပ်ဖြည့်စွက်ချက်) ယင်းနိစွာ ရက္ခိုင့်တပ်တော်၊ ဗိုလ်လောင်း(၈) ဦးအပါအဝင် အခြားမဟာမိတ်တပ်ဖွဲ့တိရဲ့ဗိုလ်လောင်းတိ၊ စုစုပေါင်း (၂၃)ဦးကို စစ်ရာဇဝတ်နယ်ချဲ့ဗမာစစ်တပ်ဖက်က လက်နက်ကြီးနန့်ပစ်ခတ်တိုက်ခိုက်လို့ ကျဆုံးလားခရရေနိရက်တိဖြစ်တေ။ ယင်းအချိန်ကာလက AA ၏ အနှစ်ချေ(အမြုတေ)တိဖြစ်တေ ယင်းဗိုလ်လောင်းတိ၏ပီးဆပ်လိုက်ရရေပီးဆပ်မှုတိစွာ ရခိုင်လူထုအတွက် မခံမရပ်နိုင်ခြင်းနန့်အတူ AA ကိုအင်အားကောင်းလာဖို့အလှည့်အပြောင်းတစ်ခုရန်သူကဖန်တီးပီးလိုက်စွာနန့်တူလားရေ။ အခက်အခဲ၊ ပြဿနာတိကြားမှာ အခွင့်အရီးဆိုစွာ အမြဲတမ်းဟိတတ်တေဆိုရေပိုင် ယင်း 19/11 ဖြစ်ရပ်စွာ ရခိုင်လူမျိုးတစ်ရပ်လုံးကို တပ်လှန့်နှိုးဆော်ပီးလိုက်တေနိရက်တစ်ခုပိုင်ဖြစ်လားခရေ။ ယေဇု,ရက္ခိုင့်တပ်တော်နန့် ယင်းဖြစ်ရပ်မှာပါဝင်ပတ်သက်ရေလူတိကတော့ ဇာခါလေ့သင့်မမိန့်ပါ။ မမိန့်ခြင်းနန့်အတူ အခွင့်ရကေလက်တုံ့ပြန်မယ် ဆိုရေ အသိတရားက ရခိုင်တိ၏ အသွီးအသား၊ စိတ်နှလုံးသားထဲကို အလိုအလျောက်ထည့်ပီးသားဖြစ်လားခရေ။ ပြုလုပ်သူတိကမိန့်တတ်ကေ၊မိန့်ကွန်ဆောင်တတ်ကေလေ့ ခံရသူတိကမမိန့်ဆိုရေအတိုင်းပါရာ။မမိန့်ပါ။ ဇာခါလေ့သင့်မမိန့်ပါ။ #Neverforget ကျဆုံးလားခရေ မိသားစုတိနန့် အတူ ထပ်တူထပ်မျှပါ။ ယင်းခါထုတ်ပြန်ခရေ Statement ထုတ်ပြန်ကြေငြာချက်ထဲမှာပါခရေ အတိုင်းပါရာ။ အပြောင်းအလဲမဟိပါ။ ULA/AA အနီနန့်လေ့ အေနိအေအချိန်အထိ ထုတ်ပြန်ထားရေ Statements ထုတ်ပြန်ကြေငြာချက်အတိုင်း ယုံကြည်မှုအပြည့်နန့် ၂၀၂၀ ကိုလားနီပါရေ။ ၂၀၂၀ နီးကပ်လာစွာနန့်အမျှ လုပ်ရဖို့အလုပ်တိမကန်ဖြစ်လာရေပိုင် ယင်းအချိန်နီးကပ်လာခကေလုပ်ဖို့ထွက်လာကတ်လိမ့်မယ်ထင်ထားရေလူတိက လီချွန်ပနာနှပ်လို့ကောင်းနီကတ်တုန်းဆိုခါ ဟိပြီးသားလူတိထဲက တစ်ယောက်တာဝန်လေးငါးခုနန့် ၂၀၂၀ ထဲလီဟုန်စီးလို့ပျံသန်းလာနီဗျာယ်။ လက်တွဲဖော်တချို့လက်တွဲဖြုတ်လားခကတ်ကေလေ့ ဟိနီရေလူတိနန့် ချမှတ်ထားရေလမ်းစဉ်အတိုင်းဆက်လျှောက်နီကတ်တေ။ ရခိုင်လူမျိုး Dr.ညိုထွန်းအောင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၁၈) ရက်၊ တနင်္ဂနွီနိ။ (မနှစ်တုန်းကရီးရေစာ)


Share on social

You may also like this