၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂/၃) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 04-Nov-2019

Nyo Twan Awng

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂) ရက်၊ နေ့လည်(၁၂) နာရီ(၁၅) မိနစ်အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မကျော်ရွာအနောက်မြောက်ဖက်၊ "မင်းမချောင်း" အတွင်း တွင်လည်းကောင်း၊ ဘူးသီးတောင်မြို့နယ်၊ ကွမ်းတောင်ရွာနှင့် စေတောင်ရွာအကြားတွင် ညနေ(၄) နာရီ(၃၀) မိနစ်၌လည်းကောင်းတိုက်ပွဲများအသီးသီးဖြစ်ပွားခဲ့သည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၃) ရက်နေ့တွင်လည်းဘူးသီးတောင်မြို့နယ်၊ "ဂူဒါပြင်ရွာ"နှင့် "ငှက်ပျောချောင်းရွာ"အကြားတွင်လည်းကောင်း နယ်ချဲ့မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။ မြန်မာစစ်တပ်သည် မိမိတို့ရက္ခိုင့်တပ်တော်ရှိရာနေရာသို့ကျူးကျော်ဝင်ရောက်လာသောကြောင့်ယခုကဲ့သို့တိုက်ပွဲများဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ နိုဝင်ဘာ(၂/၃) ရက်တိုက်ပွဲများအတွင်း ရန်သူ့(၈) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်


Share on social

You may also like this