Date : 05-Aug-2020
၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၃) ရက် တိုက်ပွဲသတင်း
သြဂုတ်လ(၄) ရက်၊ AA Info Desk@2020
၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၃) ရက်၊ နေ့လယ် (၁၂) နာရီခန့်တွင် ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာ၏ အရှေ့မြောက်ဖက်(၅.၄) ကီလိုမီတာအကွာအဝေး၌ မြန်မာ့တပ်မတော် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သောပူးပေါင်းတပ်ဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် ပူးတွဲစစ်ဆင်ရေးများကိုဆောင်ရွက်နေသော အဆိုပါပူးပေါင်းတပ်ဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့သည် တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။
တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ (၁၆) ဦး (မျက်မြင်) သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ထပ်မံရှိခဲ့သည်။
ရန်သူ့ထံမှ အောက်ပါလက်နက်ခဲယမ်းအချို့ကိုသိမ်းဆည်းရမိခဲ့သည်။
(၁) G3 (၃) လက် / G3 ကျည်ဘောက် (၁၀) ခု
(၂) MA 1 (၂) လက် / MA 1 ကျည်ဘောက် (၆) ခု
(၃) MA 2 (၁) လက်/ MA 2 ကျည်ဘောက်(၇) ခု
(၄) MA 4 (၁) လက်
(၅) BA 94 (၂) လက်
(၆) ပစ္စတို(၁) လက်
(၇) ရှေ့ထွက်မိုင်း (၁) လုံး
(၈) အီနာဂါ (၂) လုံး
(၉) ကျည် စုစုပေါင်း ( ၂၈၃၅) တောင့်
(၁၀) ဖုန်း (၄) လုံး