အနာဂတ်ရခိုင်ပြည်ပညာရီး-အပိုင်း(၁) (စာတော့စကေရှည်ရေ)

article

Date : 14-Jun-2019

Nyo Twan Awng
Nyo Twan Awng

"အနာဂတ်ရခိုင်အချေတိအတွက်ပညာရီးစနစ် သစ်တစ်ခုစွာ မဟိမဖြစ်လိုအပ်နီစွာတိထဲကတစ်ခုဖြစ်တေ။ အနာဂတ်ရခိုင်ပြည်ကိုအမွီဆက်ခံဖို့ လက်ဟိမျိုးဆက်တိ၏ ပညာရီးအားကောင်းနီဖို့လိုရေ။ကောင်းမွန်ပြီးခေတ်မှီရေအပြင် ရခိုင်တိနန့်သဟဇာတဖြစ်ရေပညာရီးစနစ်သစ်တစ်ခုကို ULA ကအကောင်အထည်ဖော်လို့ဟိနီရေ" လို့အရင်ဆုံးမိတ်ဆက်ပြောလိုပါရေ။ ULA/AA စွာဆယ်နှစ်အတွင်း(၂၀၀၉-၂၀၁၉)မှာ ရခိုင်လူမျိုးတိအတွက် မဟိမဖြစ်နန့် အရီးတကြီးဦးစားပီးနံပတ်(၁) ဖြစ်တေ ရခိုင်အမျိုးသားစစ်တပ်တစ်ခုဖြစ်တေ ရက္ခိုင့်တပ်တော်(Arakan Army-AA)ကို တည်ထောင်-အခြီစိုက်-အခြီနောင်း-တိုးချဲ့-တိုက်-မောင်းထုတ် အစဟိသဖြင့် တစ်ဆင့်ပြီးတစ်ဆင့်တည်ဆောက်လာစွာအင်တန်ချေခရီးပေါက်လာရာလို့ပြောလို့ရကေလည်း စိန်ခေါ်မှု၊အခက်အခဲ၊အတားအဆီးကစက္ကန့်တိုင်းမှာဟိနီဆဲ။ ဖြတ်ကျော်နီရဆဲဖြစ်တေ။ စစ်ရီးနန့်စစ်အင်အားကို တည်ဆောက်ယင်းနန့်ပင် ရခိုင်ပြည်အတွက်လိုအပ်နီရေအခြားကဏ္ဍတိကိုလည်း ရောက်လာလို့ဟိရေလူတိ၊ ဝိုင်းရံပီးကတ်တေလူတိနန့် ရကေရသလောက် သန္ဓေတည်အစပြုလာစွာ ဆယ်နှစ်အတွင်းမှာတော့အခြားကဏ္ဍတိ မှာလည်း သူ့စွာနန့်သူအလုပ်ပြီးမြောက်မှုတိကတော့စကေတဗွေဟိရေ။ အားမလိုအားမရမှုတိဟိကေလည်းနောက်မဆုတ်တမ်းစိတ်ဓာတ်၊ ဇာခါလေ့အယှုံးမပီးစိတ်ဓာတ်နန့်ဆက်လုပ်၊ဆက်လျှောက်နီကတ်ဆဲ။ထိုသူပါလာကေတော့ အေခရီးပိုရောက်ဖို့ဆိုရေ "မျှော်ကိုးစိတ်ဓာတ်"တိကို အာသာဖြီပျောက်ယင်း စစ်တိုက်ရင်းပညာရီးခရီးလမ်းအတွက် အချိန်စကေပိုပီးနီရေ။ အချိန်မလောက်ရေအခါ,တစ်ရက်(၂၄) နာရီကို (၃၆) နာရီဖြစ်အောင် ကိုယ့်နာရီကိုယ်လည်ပတ်ထားရေ။ အချို့ကဏ္ဍတိကတော့ ရခိုင့်အချုပ်အချာ၊ရခိုင်သားလက်ထဲအပြည့်အဝရောက်မှလုပ်နိုင်ဖို့ဖြစ်တေအတွက် ယင်းကဏ္ဍတိကိုတော့ List to Do စာမျက်နှာထဲထုံးတို့ပနာ လိုအပ်တေကြိုတင်ပြင်ဆင်မှုနန့် အလိုက်သင့်ပြင်ထားရေ။ လက်ထဲကိုအချုပ်အချာအာဏာအပြည့်အဝရောက်ရေနိမှလုပ်မယ်ဆိုကေတော့ အချိန်တိနောက်ကျပနာ သူများနောက်မှာဟိနီလီဖို့။ ယေဇု လုပ်စရာဟိစွာတိကို တုံ့ဆိုင်းဝေတွေမနီဘဲ ဆက်လုပ်နီဖို့လိုရေ။ လတ်လျားလတ်လျားအားနီကတ်တေလူတိမဟိဖို့လိုရေ။ လူတိုင်းအမျိုးသားတော်လှန်ရီးထဲကလိုအပ်နီရေကွက်လပ်တိုင်းအတွက်အလုပ်တစ်ခုခုကိုလုပ်နီရေဆိုရေပုံစံမျိုးဖြစ်နီဖို့လိုရေ။ တပ်ထဲကိုရောက်လာရေ ရဲဘော်တိကို အားရေအချိန်မှာ မေးမြန်းမှုတိ(Research) လုပ်ပနာ မှတ်တမ်းလုပ်ထားစွာတိထဲက ပညာရီးနန့်ပတ်သက်ပနာလုပ်ထားစွာတိဟိရေ။ အနှစ်ချုပ်လိုက်ကေ ရခိုင်ပြည်ပညာရီး စွာ နိမ့်ကျရေဆိုစွာထက်ပိုရေအနီအထားနန့်စိုးရိမ်မှတ်ကိုကျော်နီဗျာယ်။ အေစစ်တမ်းက လွန်ခရေသုံးနှစ်လောက်ကပင်။ နောက်ပိုင်းနှစ်တိမှာ မလုပ်ဖြစ်ကေလည်း လုပ်စရာမလို၊အလိုလိုသိနီရေဆိုရေပုံစံမျိုးရာ။ ယေဇု အေနှစ်ကစလို့ ပညာရီး အခန်းကဏ္ဍကို အရင်ထက်အလုပ်လုပ်ဖို့နန့် ၂၀၂၀ အလွန်ရခိုင်ပြည်ပညာရီးအတွက် ဟိရေလူတိနန့် လုပ်လို့ရစွာတိကိုလုပ်နီဗျာယ်။ အေနှစ်ဆယ်တန်းအောင်ပညာရီးအဆင့်တိုးလာရေလို့မြင်ရကေလည်း ကိန်းကဏန်းပိုင်းဆိုင်ရာ၊ရာခိုင်နှုန်းတိုးတက်မှုလို့မြင်ရကေလည်းအနှစ်သာရပိုင်းမှာတိုးတက်ရေလို့တော့မမြင်။ ကြိုးစားအားထုတ်ကတ်တေလူပုဂ္ဂိုလ်ဆရာကြီးတိကိုတန်ဖိုးထားအရိုသီ Credit ပီးပါရေ။ ပညာရီး၏အနှစ်သာရနန့် လီးနက်မှုတိတိုးတက်လာအောင်တော့ ပညာရီးနယ်ပယ်ကဆက်စပ်ပတ်သက်နီရေလူတိ အာရုံစိုက်ဖောက်ထွက်ရုန်းကတ်ရဖို့အနီအထားသိမ့်။ စိန်ခေါ်နီတုန်း။ ပညာရီးစနစ်ကို အေအောက်သားအစိုးရက, စနစ်တကျသင်းသတ်ထားပနာ အညွန့်ကျိုးလူလုံးမလှအောင်လုပ်ထားရေလို့ ကောက်ချက်ချစွပ်စွဲလိုရေ။ တပြိုင်နက်တည်းမှာ အေပညာရီးနိမ့်ကျမှုအတွက်ရခိုင်လူငယ်တစ်ယောက်ချင်းစီမှာလည်းတာဝန်ဟိရေပိုင် ယင်းလူငယ်တိဟိရေပတ်ဝန်းကျင်ကလူတိမှာလည်းတာဝန်ဟိပါရေ။ပညာရီးနိမ့်ကျရရေအကြောင်းတရားထဲကအကြောင်းတရားထဲမှာပါနီရေလူတိအားလုံးသူမှာလည်းအသီးသီးတာဝန်ဟိကတ်ပါရေ။ မယ်သယ်သူကြောင့်၊မယ်ဝါသူကြောင့် လက်ညှိုးထိုးအပြစ်ရှာတတ်တေဓလိအောက်ကရုန်းထွက်ပနာ ပြဿနာကိုအဖြေရှာတတ်တေအလိအကျင့်နန့် တည်တည်ငြိမ်ငြိမ်နန့်ဖြေရှင်းတတ်တေအလိကို လိကျင့်ယင်း အားနည်းချက်တိကို ဝိုင်းလို့ဖြေရှင်းလားကတ်ဖို့လိုပါရေ။ ရခိုင်ပြည်ပညာရီးနိမ့်ကျရေဆိုစွာကိုအရသာခံဖီးလ်နီစွာက ရုန်းထွက်ပနာ" ပညာရီးနယ်ပယ်တော်လှန်ရီး"ကိုစတင်ကတ်ပါမယ်။ တော်လှန်ရီးဆိုစွာက လက်နက်ကိုင်တိုက်ပွဲဝင်မှတော်လှန်ရီးမဟုတ်ပါ။ အပြောင်းအလဲတစ်ခုအတွက် အနစ်နာခံပီးခြင်းစွာလည်းတော်လှန်ရီးတစ်မျိုးပနာ။ ပြုပြင်ပြောင်းလဲတိုးတက်အောင်လုပ်စွာလည်းတော်လှန်ရီးပါ။ ယေဇု ရခိုင်ပြည်ပညာရီးအတွက် တော်လှန်ရီးလုပ်ကတ်မယ်။ ရခိုင်ပြည်ပညာရီး (ငါးနှစ်စီမံကိန်း) ၂၀၂၀-၂၀၂၅ မှာ ကိုယ်တိုင်ကိုယ်ကျပါဝင်လိုရေလူတိ၊ ဟိကေပြောပါ။ လောလောဆယ်အခွင့်မသာကေလည်း ကိုယ်ဖြစ်ချင်ရေပညာရီး၊ အောက်သားလက်အောက်မှာ သင်ဖို့အခွင့်မသာရေပညာရီးနန့်ပတ်သက်ရေအိုင်ဒီယာတိ၊ အကြံဉာဏ်တိဟိရေ E-mail ကပို့ပီးပါ။ လက်ဟိသင်ကြားရီးစနစ်ကို အစာမကြီရေတိုင်သားတိအနီနန့်လည်း ငါရို့လက်ထဲမှာအခွင့်အရီးရကေသင်ချင်ရေပညာရီးစနစ်၊ သင်ရိုးညွှန်းတမ်းတိဟိကေလည်းလက်တို့ပီးကတ်ပါ။ မပို့ခင်မှာ ပို့ဖို့လူ၏ E-mail ကို Message Box 📦 ကအရင်ပို့ပီးစီလိုပါရေ။ ပြီးကေ ကိုယ်ဇာသူလဲဆိုစွာ ပြောဖို့လိုပါရေ။ ယေပြီးခါ ဆက်လုပ်ကတ်ဖို့နှန်းရာ။ အချုပ်အချာအာဏာဟိရေ ULA-AA ၏လွတ်မြောက်နယ်တိမှာ အစပျိုးကြည့်ပါမယ်။ ပညာရီးမျိုးစိကျဲကြည့်ပါမယ်။ ရခိုင့်အနာဂတ်ခိုင်မာဖို့၊ ရခိုင်လူမျိုးတည်တံ့ဖို့၊ ရက္ခိုင့်တပ်တော်၏ ရေရှည်အတွက်လက်ဟိရခိုင်ပြည်ပညာရီးက အဓိကကျရေအခန်းကဏ္ဍတိထဲကတစ်ခုအနီနန့်ဟိနီပါရေ။ အောက်သားတိကို အားလုံးမောင်းထုတ်နိုင်ခကေတောင် ဉာဏ်ရည်ဉာဏ်သွီး၊ အရည်အသွီးမြင့် လူငယ်မျိုးဆက်သစ်တိဟိနီမှရရာ ရခိုင့်အနာဂတ် အာမခံချက်ရနိုင်ဖို့ဖြစ်တေ။ ပညာရီးနယ်ပယ်ဆိုရေရပ်ဝန်းမှာဟိနီကတ်တေ ဆရာ၊ဆရာမ၊ ပညာရှင်တိအပါအဝင် ကျောင်းသား၊ကျောင်းသူတိ အားလုံး,ရခိုင်ပြည်ပညာရီးကို အေထက်မြင့်ရေအဆင့်အတန်းတစ်ခုရောက်အောင်အားလုံးကြိုးစားကတ်ပါမယ်။ လူတိုင်းတာဝန်တစ်ခုအနီနန့် တာဝန်သိစိတ်နန့်အလုပ်လုပ်နိုင်ခကေ အေပညာရီးနွံထဲကရုန်းထွက်လွတ်မြောက်နိုင်လီပါဖို့။ ကျနော်ရို့လည်း ကြိုးစားနီပါရေ။ ရခိုင်လူမျိုး


Dr.ညိုထွန်းအောင် ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၄) ရက်၊သောကြာနိ။


Share on social

You may also like this