အောင်တံခွန်(၇) ရေယာဉ်ပေါ်မှ စစ်ဆေးရန်ခေတ္တထိန်းသိမ်းထားသူများကို (၂၄) နာရီမတိုင်မီပြန်လည်လွှတ်ပေးလိုက်

blog

Date : 01-Jan-2020

Nyo Twan Awng

၂၀၂၀ ခုနှစ်၊ဇန်နဝါရီလ(၁) ရက် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျှက်ရှိနေဆဲဖြစ်သောရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်အတွင်း စဖိုကျွန်းအနီး၌ သွားလာနေသော ခရီးသည်တင်သဘောၤ၊အောင်တံခွန်(၇)ရေယာဉ်ပေါ်တွင်လိုက်ပါလာသောသူများထဲမှ မသင်္ကာဖွယ်ရှိသူ(၁၆) ဦးကို ၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလ(၃၁) ရက်၊ နေ့လည်(၂) နာရီ(၁၇) မိနစ်အချိန်၌ မိမိတို့ ရက္ခိုင့်တပ်တော်(Arakan Army) မှရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာအနီးတွင် ခေါ်ယူစစ်ဆေးရန်အတွက်ခေတ္တခေါ်ယူထိန်းသိမ်းထားခဲ့ပါသည်။ ၎င်းတို့(၁၆) ဦးအားစစ်ဆေးပြီးသည့်အချိန်တွင် ထိုသူများမှာစစ်ဖက်နှင့်သက်ဆိုင်သူများ၊ မသင်္ကဖွယ်ရာရှိသူများမဟုတ်သောကြောင့် ၎င်းတို့အားလုံးအား(တစ်ယောက်မကျန်)"ဘူးသီးတောင်မြို့နယ်"၊"သေကံကျေးရွာ"၊စာသင်ကျောင်း၌၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်၊ နံနက်(၇) နာရီ (၄၇) မိနစ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများထံတွင်ကောင်းမွန်စွာပြည်လည်လွှတ်ပေးလိုက်ပြီးဖြစ်ပါသည်။ မိမိတို့ခေါ်ယူစစ်ဆေးသည့်အချိန်တွင် ကောင်းမွန်စွာစစ်ဆေးသကဲ့သို့ ပြန်လွှတ်ပေးသည့်အချိန်တွင်လည်း ကောင်းမွန်စွာပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ပါသည်။ တပြိုင်နက်တည်းတွင် ရခိုင်ဒေသ၏ တိုက်ပွဲဖြစ်ပွားလျှက်ရှိသောဒေသ၊ ညမထွက်ရအမိန့်ထုတ်ပြန်ထားသောဒေသများအတွင်း အစုလိုက် ခရီးသွားလာမည်ဆိုပါကမိမိတို့ထံတွင် သတင်းပေးပို့၍သွားလာကြပါရန် "ထပ်မံ"အသိပေးအပ်ပါသည်။ မိမိတို့ပြန်လည်လွှတ်ပေးလိုက်ခဲ့သော(၁၆) ဦးမှာ (၁) ဇော်ကိုဦး (၃၉) နှစ် (၂) ခင်မောင်ကျော် (၅၅) နှစ် (၃)ဆန်းထွန်းအောင် (၄၄) နှစ် (၄)တင်ထက်အောင် (၃၁) နှစ် (၅) အောင်မိုးလွင် (၃၇) နှစ် (၆) ဇော်ထွန်းဦး (၄၄) နှစ် (၇) ဝင်းထွန်းသန်း (၄၆) နှစ် (၈) အေးထွန်း (၄၁) နှစ် (၉) မင်းမင်း (၃၅) နှစ် (၁၀) မောင်မောင်အေး (၅၄) နှစ် (၁၁) အောင်ကျော်သူ (၄၄) နှစ် (၁၂) နောင်ထွန်း (၄၁) နှစ် (၁၃) ဝင်းဇော်ဌေး (၄၂) နှစ် (၁၄) တင်ရွှေ (၅၇) နှစ် (၁၅) အောင်အောင် (၄၄) နှစ် (၁၆) စိုးကျော်(ခ) ဘိုကျော် (၄၈) နှစ် တို့ဖြစ်ကြပါသည်။ ဖော်ပြပါနာမည်များမှာ ၎င်းတို့၏ပြောပြချက်နှင့် ပါလာသောသက်သေခံကဒ်ပြားများအတိုင်းဖော်ပြခြင်းသာဖြစ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်


Share on social

You may also like this