၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက် မှ (၁၃) ရက်နေ့အထိရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 13-Nov-2019

Nyo Twan Awng

မြန်မာ့တပ်မတော်သည် ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိနေရာအချို့အား ကန်ဇောက်၊ (၃၇၇) အမြောက်တပ်ရင်း နှင့် ရသေ့တောင်၊ ခမရ(၅၃၆) နှင့် ခမရ (၅၃၇) တပ်ရင်းများမှ လက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်းများကိုနေ့တိုင်းပြုလုပ်လျှက် ရှိသည်။ ထို့အတူ စစ်အင်အားတိုးမြှင့်ပြီး လက်နက်ခဲယမ်းများဖြည့်တင်းခြင်း တို့ကိုလည်းနေရာအနှံ့ အရှိန်အဟုန်မြှင့်စွာဖြင့်လုပ်ဆောင်လျှက်ရှိသည်။ နိုဝင်ဘာလ(၁၀) ရက်၊ နေ့လည်(၁) နာရီ(၃၀) မိနစ်ခန့်အတွင်း မြောက်ဦးမြို့နယ်၊ ဆင်အိုးချေ အနောက်မြောက်ဖက်(၁.၈) ကီလိုမီတာအကွာအဝေးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ မိနစ်(၃၀) ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူသည်နောက်ဆုတ်သွား၍ တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်းမရှိဘဲရပ်တန့်သွားခဲ့သည်။ နိုဝင်ဘာလ(၁၁) ရက်၊ နေ့လည်(၁) နာရီ(၄၀)မိနစ်ခန့်တွင် ကျောက်တော်မြို့နယ်၊ သစ်တပုံဆည်အနီးတွင် နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ နိုဝင်ဘာလ(၁၂) ရက်၊ နံနက်(၅) နာရီ(၄၀) မိနစ်တွင် ရသေ့တောင်မြို့နယ်၊ "သာစည်ရွာ" နှင့် " အငူမော်(ကုန်တန်း) ရွာအကြားတွင် မြန်မာ့တပ်မတော်၏စစ်ကြောင်းတစ်ခုအား ရက္ခိုင့်တပ်တော်မှဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊နိုဝင်ဘာလ(၁၂) ရက်၊နေ့လည် (၁) နာရီ(၁၀) မိနစ်တွင် မောင်တောမြို့၊ အရှေ့ဖက်(၄.၅) ကီလိုမီတာအကွာအဝေးခန့်တွင် မြန်မာ့တပ်မတော်၏ စစ်ကား(၃) စီးပါယာဉ်တန်းထဲမှ စစ်ကားတစ်စီးအား မိမိတို့ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ နိုဝင်ဘာလ(၁၂) ရက်၊နေ့လည်(၂) နာရီ(၁၈) မိနစ်တွင် ထမ္မာရာဇ်နှင့် အုတ်ဖိုကန်ရွာအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကူပေးရန်တက်လာသောရန်သူ့စစ်ကြောင်းများနှင့် မိမိတို့သည် ထမ္မရာဇ်ရွာမြောက်ဖက်(၁) ကီလိုမီတာအဝေးတွင်လည်းကောင်း "ဘူးရွက်မညှိုးရွာ" နှင့်" တိမ်ညိုရွာ" အကြားတွင်လည်းကောင်းတိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။ ရန်သူ့ဖက်မှ အထိအခိုက်၊အကျအဆုံးအချို့ရှိခဲ့သည်။ နိုဝင်ဘာ(၁၂) ရက်၊ ည(၈) နာရီ(၅၀) မိနစ်ခန့်တွင်လည်း မြန်မာစစ်တပ်၏ စစ်ရေယာဉ်တစ်စင်းအား ရက္ခိုင့်တပ်တော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ နိုဝင်ဘာလ(၁၂) ရက်အတွင်း ရသေ့တောင်၊မောင်တော၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ရန်သူ့ဖက်မှ (၁၀) ဦးခန့်သေဆုံးခဲ့ပြီးဒဏ်ရာရသူလည်း(၁၀) ဦးအထက်ရှိခဲ့သည်။ မိမိတို့ဖက်မှလည်း အာရက္ခစစ်သည်တော်တစ်ဦး တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this