Team work
တော်လှန်ရီးကာလမှာ အချိန်တိုတိုအတွင်းတည်ဆောက်ရအခက်ဆုံးက Team work လို့ခေါ်ရေအစုအဖွဲ့စိတ်ဓာတ်ဖြစ်တေ။ အေ စိတ်ဓာတ်ကို အလွယ့်ချေပါးဇပ်နန့်တည်ဆောက်လို့မရ။ အဝီးကစ်၊ စာရွက်ထက်မှာတည်ဆောက်လို့မရ။ အစုလိုက်နီထိုင်၊ အစုလိုက်စားသောက်၊ အစုလိုက်လိကျင့်ပနာ တစ်ခါတစ်ရီ ,အသက်၊သွီး၊ချွေး ပီးဆပ်မှုတိနန့် တည်ဆောက်ရရေ။
ခိုင်မာရေ အသင်းအဖွဲ့(အစုအဖွဲ့) စိတ်ဓာတ်ရဲ့ စည်းနှောင်အားဖြစ်လာဖို့ ကိုယ့်အစုကို အသက်ထက်ချစ်ဖို့လိုအပ်ရေပိုင် ယင်းအစုအဖွဲ့ထဲမှာပါရေ လူတိကိုလည်း ယင်းပိုင်နည်းတူ ချစ်နိုင်ဖို့လိုရေ။ တစ်ယောက်နန့်တစ်ယောက် ချစ်ခင်ဖို့လိုရေပိုင် ဂါရဝပီးတန်ဖိုးထားတတ်ကတ်ဖို့အထူးလိုအပ်တေ။အေပိုင်စိတ်ဓာတ်စွာ ယင်းအစုအဖွဲ့ထဲကလူတိမှာ ဟိနီဗျာယ်ဆိုကေ Team work စွာဖြစ်တည်ဗျာယ်လို့ပြောလို့ရရာ။
စစ်တိုက်ဖို့လို့ ဆုံးဖြတ်ထားဗျာယ်ဆိုကေ Team work ကို အယင်ဆုံးနန့် အချင်းချင်းကြားမှာတသားတည်းဖြစ်အောင်တည်ဆောက်ဖို့လိုရေ။ နီရာမတူ၊ ဒေသမတူကေလေ့ ဘုံရည်မှန်းချက်၊ဘုံရန်သူ၊ဘုံအလုပ်တူရေအခါ Team Work စွာဖြစ်တည်လာရေ။ လုပ်ယင်းကိုင်ယင်းအမှားတိထဲက သင်ခန်းစာတိယူပနာ Team Work ကိုတည်ဆောက်ဖို့လိုရေ။
အေတိုက်ပွဲကို နိုင်အောင်တိုက်ဖို့ဆုံးဖြတ်ပြီးဗျာယ် ဆိုကေ Team work ကို အချိန်တိုတိုအတွင်းရဟိအောင်လုပ်ဖို့ အရီးကြီးရေ။ အချိန်ကမကန့်သတ်ထားကေ အအီးတည်ဆောက်လို့ရရေ။အချိန်ကကန့်သတ်ထားရေဆိုကေတော့ Team work ကိုမရရအောင်အယင်တည်ဆောက်ဖို့လိုရေ။
ပစ်ပိုင်နယ်သတ်မှတ်ပြီးရေအခါ ကိုယ်တာဝန်ယူထားရေအပိုင်းကိုတာဝန်ကျီဖို့ဆိုစွာကလေ့ Team work ပိုင်ကောင်းအရီးကြီးရေ။ရန်သူကို ယှဉ်ပြိုင်အနိုင်ယူဖို့ Team Work ကိုတည်ဆောက်ကတ်။တစ်ယောက်တစ်ပေါက်ကို တစ်ပေါက်တည်းဖြစ်အောင်လုပ်ရရေအချိန်မှာ အမိန့်နာခံမှု၊ တစ်ယောက်အထာတစ်ယောက်သိထားမှု၊ လိကျင့်ထားမှု၊ ဉာဏ်ရည်ဉာဏ်သွီးတိက အခရာကျရေ။
ဉာဏ်ကောင်းရေလူတိလိုရေပိုင် ဖြတ်ထိုးဉာဏ်ကောင်းရေလူတိလေ့ လိုအပ်တေ။
အသက်လုတိုက်ပွဲတိထဲမှာကတော့ ဖြတ်ထိုးဉာဏ်နန့် ကံကောင်းလူကကျန်ခရေ။
@@ ရဲ့ လှို့ဝှက်ချက်ထဲမှာ အေအချက်တိအပြင် အခြားစွာတိမကန်ဟိသိမ့်ရေ။ အေနိခါတော့ ကိုယ့်အတွိအကြုံထဲက Team work အကြောင်းကို မျှပီးလိုက်ရေ။
ရခိုင်လူမျိုး Dr.ညိုထွန်းအောင်
၂၀၂၁ ခုနှစ်၊မေလ(၂) ရက်၊ တနင်္ဂနွီနိ
Gen-Z တိအတွက်