၁၉/၁၁

blog

Date : 19-Nov-2024







KIA ဌာနချုပ်နယ်မြီအတွင်းဟိ ဝေကြိုင်ဘွမ်၊ ဗိုလ်သင်တန်းကျောင်း၌ စစ်ပညာသင်ယူနီကတ်သော အာရက္ခတပ်တော်မှ ဗိုလ်လောင်း (၈) ဦးနန့် အခြားသောတိုင်းရင်းသားတော်လှန်ရီးလက်နက်ကိုင် အဖွဲ့အစည်းအချို့မှ ဗိုလ်လောင်းများအပါအဝင် စုစုပေါင်းဗိုလ်လောင်း (၂၃) ဦးရို့သည် ၂၀၁၄ ခုနှစ်၊ နိုဗမ်ဘာလ (၁၉) ရက်နိတွင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အလစ်အငိုက်အကောက်ကြံ ပစ်ခတ်တိုက်ခိုက်ခမှုကြောင့် အဆိုပါ KIA ဗိုလ်သင်တန်းကျောင်းဝင်းတနီရာ၌ တပြိုင်နက်တည်း အသက်ကြွီလွင့်ခရသည်။

 


ဂနိ ၂၀၂၄ ခုနှစ်၊ နိုဗမ်ဘာလ (၁၉) ရက်နိဆိုလျှင် အဆိုပါ ဗိုလ်လောင်းများ တိုင်းပြည်နန့် လူမျိုးအတွက် တာဝန်ထမ်းဆောင်ယင်း အသက်ပီးဆပ်ခရသည်မာ (၁၀) နှစ်တင်းတင်းပြည့်မြောက်ခဗျာယ်ဖြစ်သည်။ အာရက္ခတပ်တော် အနီဖြင့် နိုဗမ်ဘာလ (၁၉) ရက်နိကို ရောက်တိုင်း အဆိုပါ ဗိုလ်လောင်းများအတွက် ဝမ်းနည်းအောက်မိဖွယ် အထိမ်းအမှတ် အခမ်းအနားကို စစ်ရီး၊ နိုင်ငံရီး အခြေအနီပေါ်မူတည်၍ပြုလုပ်ခြင်း၊ ဗိုလ်လောင်းများလဲလျောင်းရာ အာဇာနည်ကုန်းတွင် လွမ်းသူ့ပန်းခွေများချကာ ဂါရဝပြုခြင်း၊ တပ်စခန်းများတွင် အောင်လံတဝက်လွှင့်ခြင်းများကို နှစ်စဉ်နှစ်တိုင်းပြုလုပ်ခသည်။

 


ဂနိ (၁၀) နှစ်ပြည့်နိတွင်လည်း စစ်ရီးအခြေအနီအရ ကျဆုံးဗိုလ်လောင်းများအတွက် ဝမ်းနည်းအောက်မိဖွယ် အထိမ်းအမှတ် အခမ်းအနားကို အကျဉ်းချုပ်မျှသာ ပြုလုပ်နိုင်ခသည်။ အာရက္ခတပ်တော်အနီဖြင့် နိုဗမ်ဘာလ (၁၉) ရက်နိကို ဇာခါလေ့သင့် မိလိမ့်မည်မဟုတ်ပေ။ ထိုအပြင် အဆိုပါ ဗိုလ်လောင်းများ၏ တိုင်းပြည်နန့် လူမျိုးအတွက် အသက်ပီးဆပ်ခမှုများကိုလေ့ အမြဲတမ်း သတိရနီကတ်မည်ဖြစ်သည်။

 


၂၀၂၄ ခုနှစ်၊ နိုဗမ်ဘာလ (၁၉) ရက်

#19/11




Share on social

You may also like this

blog 15-Oct-2024

ပင်လယ်ဓားပြအတိုက်ခံရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ( . . .

blog 11-Oct-2024

ဘူးသီးတောင်မြို့၊အမှတ်(၂)ရပ်ကွက်၊ရွာသစ်မှ ဝါးခုတ်ရ . . .