ပင်လယ်ကမ်းခြီ၊ ပလတ်စတစ်နန့် အမှိုက်စွန့်ပစ်ခြင်းအနုပညာ (အပိုင်း-၃)

article

Date : 01-Oct-2019

Nyo Twan Awng

(၂၁)၂၀၁၈ ဧပြီလ (၂၂) ရက် “ကမ္ဘာမြီနိ” Earth Day ၏ဆောင်ပုဒ်သည်ပင်လျှင် End Pastic Pollution ဖြစ်သည်။ ကမ္ဘာ့ပြဿနာအဖြစ် သတ်မှတ်ပြီး တစ်ခါသုံးပလတ်စတစ်များသည် ရီအောက်ကမ္ဘာကို အဆိပ်အတောက်ဖြစ် စီရုံသာမက ရီနီသတ္တဝါများ၏အသက်အန္တရာယ်များကိုပါတိုက်ရိုက်ခြိမ်းခြောက်နီသောကြောင့် ကမ္ဘာ့ထိပ်သီး နိုင်ငံများသည် ပလတ်စတစ်နန့်ပတ်သက်၍ အလီးထားဂရုပြုကြောင်းပြသသည့်နိုင်ငံများအထဲများတွင် ဗြိတိန် နိုင်ငံသည် ပလတ်စတစ်ပြဿနာများအားဖြေယှင်းရန်၊ ပလတ်စတစ်ညစ်ညမ်းခြင်းများအား တိုက်ဖျက်ရန်နန့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ယှောက်ရန်အတွက် စတာလင်ပေါင် (၆၁.၄) သန်းကမကထပြုခသည်။ (၂၂)၎င်းဖေသာထဲမှ ပေါင် (၂၅) သန်း,ကို ပလတ်စတစ်အစားထိုးခြင်းဆိုင်ရာသုတေသနလုပ်ငန်းများအတွက်သုံးစွဲ ပြီး ပေါင်သန်း(၂၀) ကို ပလတ်စတစ်တားမြစ်သည့်လုပ်ငန်းများတွင်သုံးစွဲမည်။ ကျန်ဟိသော (၁၆.၄) သန်း, ကို ပလတ်စတစ်များပင်လယ်သမုဒ္ဒရာထဲသို့ အမှိုက်များအဖြစ်မရောက်လားစီရန်အတွက်သုံးစွဲမည်။ ထို့အပြင် ဗြိတိန်သည် ပလတ်စတစ်နန့်ပတ်သက်၍ မြို့နယ်အဆင့်မှ National Level တစ်နိုင်ငံလုံးအတိုင်းအတာ အထိ တိုးမြှင့်လုပ်ဆောင်လားရန်စီစဉ်ဆောက်ရွက်လျက်ဟိသည်။ (၂၃)ဥပမာ-ဗြိတိန်နန်းတော်ထဲ၌ပလတ်စတစ် (ခွက်၊ ဟင်းစား၊လောင်ဗန်း)များကိုမသုံးစွဲရပစ္စည်းများအဖြစ် တားမြစ် ထားသည်။ ထို့အပြင် ယူကေ UK ဟိတစ်ချို့ဟော်တယ်များတွင် အဖျော်ရည်၊ အအီးသောက်သည့်အချိန်များ၌ သုံးသော Straw ပိုက်တံ (အချိုရည်စုပ်ပိုက်တံများ) ကိုပိတ်ပင်ထားသည်။ ဤသည်မှာ Blue Planet Effect ဖြစ်မြောက်အောင် ရည်ရွယ်ယင်း ပလတ်စတစ်သုံးစွဲခြင်းများကို နီရာတကာ၊ ကဏ္ဍအသီးသီး၊ ခေါင်းဆောင်ကြီး ကိုယ်တိုင်စံနမူနာပြုလျော့ချနီခြင်းဖြစ်သည်။ 

(၂၄)ပလတ်စတစ်ထုတ်လုပ်မှုကိုသီချာကြပ်မတ်စွာမထိန်းသိမ်းနိုင်ခြင်း၊ ပစ်စလက်ခတ်တာဝန်ကင်းမဲ့စွာစွန့်ပစ်ခြင်း၊ ငါ့လက်မှလွတ် အခြားကိစ္စငါနန့်မဆိုင်ဟု စိတ်ဓာတ်ထားခြင်း များနောက်ကွယ်တွင်ကျနော်ရို့၏ထမင်းဝိုင်းများ၌ ပလတ်စတစ်ဟင်းရည်သောက်များကိုသောက်မှန်းမသိ သောက်သုံးနီသောအဝါရောင်အဆင့်မှ ပလတ်စတစ် (၁၂)မျိုးဟင်းချိုကို သိလျက်နန့်သောက်သုံးကတ်ရမည့် အနီရောင်အဆင့်သို့ မကြာမီရောက်ဟိလာနိုင်သည်။ (၂၅)လီထုညစ်ညမ်းခြင်း နန့် ရီထုညစ်ညမ်းခြင်း ရို့၏ကိန်းဂဏန်းများသည် တစ်ရက်ထက်တစ်ရက်တိုးတက်လျှက် ဟိနီသောကြောင့် ၎င်းရို့ကိုလျှော့ချရန် နိုင်ငံကြီးများသည်ကြိုးပမ်းလျှက်ဟိနီကတ်သည်။ ရီထုညစ်ညမ်းခြင်း သည် ပလတ်စတစ်များကိုပင်လယ်ထဲအလွန်အကျွံစွန့်ပစ်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ပလတ်စတစ်များ ပင်လယ်ထဲတွင်ကမ္ဘာတစ်ခုအလားရွေ့လျား၊စုပုံ၊တည်တံ့နီခြင်းများက ရီအောက်ပလတ်စတစ်ကမ္ဘာသည် တစ် ရက်ထက်တစ်ရက် ထုထည်ကြီးမားလျှက်ရှိပြီး မည်သည့် နြူးကလီးယား လက်နက်မျှမကိုင်ဘဲ၊ အကြမ်းဖက် သည့်ကိစ္စတစ်စုံတစ်ရာပြုလုပ်ခြင်းမရှိဘဲ ကမ္ဘာကြီးအား နိတိုင်းခြိမ်းခြောက်လျက်ဟိနီသည်။ (၂၆)ရီအောက်ပလတ်စတစ်ကမ္ဘာမှ လူသားကမ္ဘာအားခြိမ်းခြောက်နီပုံကို စိတ်ကူးမျက်လုံးဖြင့် ပုံဖော်ကြည့်ရသော် ကျနော်ရို့သည် တစ်ထွာခန့်ဟိသောဖန်အကြည်ရီတစ်ခွက်ထဲတွင် ရီသုံးပုံနှစ်ပုံခန့်ထည့်ပါ။ ထို့နောက် ကိုက်-ဖြတ်ထားသောပလတ်စတစ်များကို၎င်းဖန်ခွက်ထဲတွင်ထည့်ပါ။ ၎င်းအတိုင်းတစ်လခန့်ထားပြီးနောက်၎င်းဖန် ခွက်ကိုကြည့်ပါ။ ပလတ်စတစ် Juice ဖျော်ရည်တစ်ခွက်ကဲ့သို့ဖြစ်နီလိမ့်မည်။ မည်သူမျှ၎င်းခွက်ကိုသောက်ချင် လိမ့်မည်မဟုတ်ပါ။ သို့သော်အခြားတစ်ဖက်တွင်ကျနော်ရို့သည် စိတ်ကူးပုံဖော်ကြည့်သော် အလားတူ ပလတ် စတစ်ဖျော်ရည်များကို သွယ်ဝိုက်စွာသောက်သုံးနီကတ်သည်မှာ ကာလအတန်ကြာခပြီးဗျာယ်ဖြစ်သည်။ (၂၇)ဆက်စပ်တွေးကြည့်သော် ဖန်ခွက်ကိုပင်လယ်ပြင်ကြီးဟုသဘောထားပြီး ၎င်းအထဲမှ ပလတ်စတစ်များမှာ ပင်လယ်ပြင်ကြီးထဲသို့ နည်းလမ်းမျိုးစုံဖြင့် စွန့်ပစ်နီကတ်သောအမှိုက်များ၊ အညှက်ဆိုးများ၊ ပလတ်စတစ်မျိုး စုံများ၊ စက်ရုံကြီးများမှ ပစ်စလက်ခတ်စွန့်ပစ်နီကတ်သောအဆိပ်အတောက်ဟိသောစွန့်ပစ်ပစ္စည်းများဟုမြင်မိ ပါက ကျနော်ရို့၏ပင်လယ်ပြင်ကြီးတွင်မည်ကဲ့သို့ဖြစ်ပျက်နီသည်ကို သတိမူမိပေလိမ့်မည်။ (၂၈)ပလတ်စတစ်ထဲတွင်ပါဝင်သောဓာတုပစ္စည်းများသည်ပင်လယ်ရီထဲတွင် ပျော်ဝင်ပြီး ပင်လယ်ရီအစား ပလတ် စတစ်ရီအဖြစ် ကူးပြောင်းမှန်းမသိကူးပြောင်းနီပြီး ပလတ်စတစ်မှထွက်လာသော ဓာတုပစ္စည်းများမှာ သမုဒ္ဒရာ ပင်လယ်ထဲတွင်ပင်လယ်ရီနန့်အတူ စီးမျောလျက်ဟိပြီး ဗီဇာမလိုဘဲ ကမ္ဘာကိုပတ်လျှက်ဟိနီသည်။ (၂၉)ရခိုင်လူမျိုးများ၏ မိရိုးဖလာစီးပွားရီးနန့် ဝမ်းရီးအတွက်ရှာဖွီလုပ်ကိုင်သည့်အလုပ်များထဲတွင် နီလှန်းဆားချက် ခြင်းနန့်ငါးဖမ်းခြင်းလုပ်ငန်းများပါဝင်နီသည်။နီလှန်းဆားဆိုသည်မှာ ပင်လယ်ထဲမှရီကို တစ်ပေခန့်-တစ်ပေ ကျော်(သို့) တစ်တောင်ကျော်ခန့့််ဟိသော လယ်ကန်သင်းဘောင်ထဲတွင်ထည့်ပြီး နီပူပြင်းအောက်တွင်ထားပြီး ပင်လယ်ရီ(ဆားငန်ရီ) ကိုအငွိပျံစီပြီးနောက်ရလာသော (ဆားပွင့်)အပွင့်အစိုင်အခဲများပင်ဖြစ်သည်။တနည်း ဆို သော်ပင်လယ်ရီကိုနီလှန်းဆားအဖြစ်နီပူလှန်း၍ပုံပြောင်းလိုက်ခြင်းဖြစ်သည်။ ပေါက်တောနန့်ကျောက်ဖြူမြို့ပတ် ဝန်းကျင်၌ဟိကတ်သော စနဲ၊ဂန့်ဂါဒေသများသည်နီလှန်းဆားကို အဓိကစီးပွားရီးအဖြစ်လုပ်ကိုင်ကတ်သည်။ (၃၀)သိပ္ပံပညာရှင်များသည်ပင်လယ်ရီအောက်ပလတ်စတစ်ကမ္ဘာကြီးမှ ပင်လယ်ရီ(ဆားငန်ရီ) များကို လွန်ခသော သုံးနှစ်ခန့်ကတည်းကပင် ဓာတ်ခွဲစစ်ဆီးကြည့်ဖူးခပြီးဖြစ်သည်။ ရလာဒ်အဖြေအရ တစ်ချို့နိုင်ငံကြီးများပိုင်ဆိုင် သောသမုဒ္ဒရာပင်လယ်ထဲဟိ,ရီနီသတ္တဝါများတွင် ကင်ဆာဖြစ်စေနိုင်သောဓာတ်များကိုတွိဟိနီဗျာယ်ဖြစ်သည်။ ထို့အပြင် အချို့နိုင်ငံများမှထုတ်လုပ်ရောင်းချသောဆား (အိုင်အိုဒင်း) ဆား၊ငါးများကိုဓာတ်ခွဲစမ်းသပ်ကြည့် သော အခါများတွင်လည်း ကင်ဆာဖြစ်စေနိုင်သောဓာတ်များ၊ ပလတ်စတစ်တွင်ပါဝင်သော ဓာတုပစ္စည်းများ ကိုတွိဟိထားပြီးဖြစ်သည်။

 ရခိုင်လူမျိုးDr.ညိုထွန်းအောင် အပိုင်း(၄) အထိ ဆက်ရီးပါအုံးမည်။ 

ကိုးကား World Economic Forum, ITV News, Greenpeace International, Hashem Al-Ghaili , 1 Million Women, We Need This, (Facebook Page) and Wikipedia


Share on social

You may also like this