Date : 21-Feb-2024
ရက္ခိုင့်တပ်တော်
၏ တိုက်ပွဲသတင်းများ
၂၀၂၄ ခုနှစ်၊
ဖေဖော်ဝါရီလ (၂၁) ရက်
၁။ ၂၀၂၄ ခုနှစ်၊
ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၁၀) နာရီ (၄၅)
မိနစ်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိသော မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ
စစ်ကောင်စီ၏ အမှတ် (၉)
တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို
ရက္ခိုင့်တပ်တော်မှ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ၌ လေးရက်မြောက်နေ့အဖြစ် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
ရန်သူ့စခန်း၏
အစိတ်အပိုင်းတစ်ချို့ဖြစ်သော ကာကင်းစခန်း (၃) ခု နှင့် ရန်သူ့အတွက်အရေးပါသော နေရာတစ်ခုအား လောလောဆယ်
မိမိတို့မှ သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။ တိုင်းဗဟို (၉) တစ်ခုလုံးကို
အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် အာရက္ခစစ်သည်များမှ ရွပ်ရွပ်ချွံချွံ ဆက်လက်
ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်သည်။
၂။ ပုဏ္ဏားကျွန်း၊
ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များရှိ လက်နက်ချအညံ့မခံသော အကြမ်းဖက် စစ်ကောင်စီ၏
စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက် တိုက်ပွဲများ
ကို ဆက်လက်ဆင်နွှဲရင်း ရန်သူ့စခန်းတချို့အား အပြီးသတ် သိမ်းပိုက်ရယူရန်အတွက်
ထိုးစစ်များကို ဆက်လက် ဆင်နွှဲလျက်ရှိသည်။
၃။ စစ်တွေ၊
ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့များ၌ရှိသော စစ်ကောင်စီ၏ တပ်စခန်းများမှ
လက်နက်ကြီးများဖြင့် မြို့၊ ရွာ၊ လူနေအိမ်များအတွင်းသို့
ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများကို ယခင်ရက်များ နည်းတူ ပြုလုပ်နေခဲ့သည်။
၄။ စစ်ကောင်စီသည်
ယခင်ရက်များနည်းတူ ရမ်းဗြဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို
ယနေ့ ညနေ (၅) နာရီပတ်ဝန်းကျင်တွင်လည်း ပြုလုပ်ခဲ့သည်။
နောက်ဆက်တွဲတိုက်ပွဲသတင်းများကို
သိရှိရပါက ဆက်လက်တင်ပေးသွားပါမည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်