Everyone has a dream but not everyone has a plan.

article

Date : 01-Oct-2019

Nyo Twan Awng

လူတိုင်း အိမ်မက်တော့ဟိကတ်တေ။ ယကေလေ့ လူတိုင်းစွာ ယင်းအိမ်မက်ကို အကောင်အထည်ဖော်ဖို့ မစီစဉ်ကတ်။ မကြိုးစားကတ်။ ဘဝမှာအောင်မြင်နီရေလူတိုင်းကိုကြည့်လိုက်ကေ သူရို့တိမှာ စိတ်ကူးအိမ်မက်အကြံအစည်အတွက် အချိန်ပြည့်ဇောက်ချစီစဉ်အားထုတ်နီကတ်စွာတိကိုတွိရလိမ့်မယ်။ယင်းပိုင်တိုင်သားတိထဲမှာ ULA/AA ပါရေ။ ကျနော်ရို့ AA အနီနန့် အောက်သားတိရဲ့တစ်ဖက်သတ်ထိုးစစ်ကို အေနိအထိအေပိုင်ခုခံနိုင်ဖို့ ဇာလောက်ကြိုတင်ပြင်ဆင်ထားခတေဆိုစွာ ဉာဏ်ပြီးရေလူတိကခန့်မှန်းလို့ရရေ။ အဂု နောက်လာဖို့ပွဲတိအတွက် ဘက်ပေါင်းစုံ၊ကဏ္ဍစုံက ရခိုင်သူ/ရခိုင်သားအားလုံးသူ ကြိုတင်ပြင်ဆင်ထားဖို့လိုရေ။ Through the Storm ⛈ ၊ မုန်တိုင်းစွာထင်ထားစွာထက်ပိုပြင်းဖို့ပုံပေါက်နီရေ။ဇာလောက်ပြင်းပြင်း မဖြတ်သန်းလို့မရဆိုခါအားလုံးတတူတူဖြတ်သန်းကတ်ဖို့သိမ့်ပ။ အေနိအထိ ကျနော်ရို့တိအနီနန့်,အလကားရထားစွာတစ်ခုလေ့မဟိ။ ထိုက်သင့်ရေပီးဆပ်မှု၊ ရင်းနှီးမြှုပ်နှံမှုတိနန့် ရဟိထားစွာတိဖြစ်တေ။ ယပြီးကေ,ရခိုင်မြီဖြစ်တေ ကိုယ့်အိမ်ကို ပြန်အခြီချနီထိုင်ဖို့ ဇာသူ့ဘားကခွင့်ပြုချက်တောင်းဖို့မလိုရေပိုင် ရခိုင်ဒေသရခိုင်လူမျိုးပိုင်ဆိုင်ရဖို့အတွက် လုပ်သင့်လုပ်ထိုက်ရေအလုပ်ကိုဆက်လုပ်နီဖို့စွာရာ။ ရခိုင်-ဗမာ (၆) လစစ်ပွဲပြီးလို့ နောက်ထပ်ကျန်သိမ့်ရေတိုက်ပွဲတိအတွက် လိုအပ်စွာတိစကေဟိနီရေ။ ယင်းချင့်တိထဲမှာ မီဒီယာပိုင်းဆိုင်ရာကဏ္ဍ နန့် English အပါအဝင် အခြားဘာသာတိနန့် ရီးသားပနာ,ရခိုင်ပြည်အတွင်း ဖြစ်ပျက်နီရေပကတိအဖြစ်မှန်တိ၊ ရခိုင်တိနစ်နာချက်တိကို ဘာသာမျိုးစုံနန့် နိုင်ငံတကာကသိနိုင်ဖို့ရီးသားတင်ပြနီဖို့လိုရေ။ "အေအချိန်မှာ ရခိုင်သားတိအဖို့အေတိုက်ပွဲတိအတွက် တစ်နီရာရာ အထောက်အကူပြုဖို့ တာဝန်ယူပီးရရေအလုပ်လောက် ဇာတစ်ခုလေ့ အရေးမကြီး" လို့ လတ်လျားလတ်လျားညီချေ-ညီမချေတိကိုပြောလိုရေ။ဖေသာထည့်ချင်ရေလူတိ စုပီးထားခ။ အေဂုမထည့်ရသိမ့်ဆိုကေ စုပီးထားပါ။ အေနှစ်လ ( July-August) မီဒီယာတိုက်ပွဲတိမှာ မီဒီယာထိုးစစ်နှက်ဖို့,မီဒီယာသူပုန်ပေါက်စချေတိလိုအပ်နီတေ။ ဖိတ်ခေါ်တေ။ ပြီးခရေ,မီဒီယာ စာမျက်နှာထက်က ခြောက်လတာမီဒီယာတိုက်ပွဲမှာ မယှုံးကေလေ့အောက်သားတိလက်ဦးမှုရယူနိုင်ခစွာက ငြင်းလို့မရရေအချက်တစ်ချက်။ လက်ဦးမှုရတိုင်းအနိုင်တော့မဟုတ်ဆိုစွာယင်းကလေတိသဘောပေါက်တေ။ နီရာတိုင်းမှာ အောက်သားတိကိုနိုင်နီဖို့လိုရေ။ အေဂု အားနည်းနီရေ Media ဖက်ကို "အားဖြည့်ပီးကတ်ဖို့၊ တာဝန်ယူကတ်ဖို့ မီးမောင်းထိုးပြလိုရေ။ ကာတွန်းဝါသနာရှင်တိ၊ Animation သမားတိဟိရေ အေလာဖို့ နှစ်လမှာ ပေါင်းလို့နှက်ကတ်မယ်။ အဝီးကဆိုကေလည်းဖြစ်တေ။ အဓိကကအလုပ်ဖြစ်ဖို့နန့် အလုပ်လုပ်နီဖို့ရာလိုတေ။ အစ်ကိုရို့တော့ ပြင်ဆင်နီဗျာယ်။

ရခိုင်လူမျိုး Dr.ညိုထွန်းအောင် ၂၀၁၉ ခုနှစ်၊ဇူလိုင်-၃ ရက်(ဗုဒ္ဓဟူးနိ)


Share on social

You may also like this