၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၆) ရက်၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 18-Nov-2019

Nyo Twan Awng
Nyo Twan Awng

#Unicode ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၆)ရက်နေ့ ၊ နေ့လည်(၁၂) နာရီ(၃၀) မိနစ်အချိန်၊ ပလက်ဝမြို့နယ်၊ မီးချောင်းထိပ်ဝ (သို့မဟုတ်) ကျောက်တော်မြို့နယ်၊မီးဝရွာအရှေ့မြောက်ဖက်၊(၁) ကီလိုမီတာခန့်အကွာအဝေး မြန်မာစစ်တပ်၏အင်အား(၁၂၀) ခန့်ပါစစ်ကြောင်းအားကွန်ထရိုးမိုင်းဖြင့်တိုက်ခိုက်ခဲ့သည်။ ရန်သူ့ဖက်မှ အနည်းဆုံး(၅) ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူအချို့လည်းထပ်မံရှိခဲ့သည်။ နိုဝင်ဘာလ(၁၆) ရက် ၊နေ့လည်(၁) နာရီ(၁၃) မိနစ်အချိန်တွင် မြောက်ဦးမြို့နယ်၊"ပြည်လုံးကြီးရွာ" အနောက်မြောက်ဖက် (၃) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင် အင်အား(၂၅၀) ခန့်ဖြင့်မိမိတို့အားထိုးစစ်ဆင်တိုက်ခိုက်လာသောမြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများနှင့်အတူတိုက်ပွဲပြင်းထန်ခဲ့သည်။ ရန်သူသည်မိမိတို့နေရာသို့ဝင်ရောက်လာသောကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရသေ့တောင်မြို့နယ်၊ ကျောက်ပြင်ဆိပ်ရွာနှင့် ဇီးခေါင်းရွာ အကြားတွင်၊ နေ့လည်(၃) နာရီ(၃၀) မိနစ်ခန့်တွင် မိနစ်အနည်းငယ်ကြာပြောက်ကျားအင်အား(၁၀၀) ခန့်ရှိသော မြန်မာ့တပ်မတော်နှင့် မိမိတို့တစ်နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ အထိအခိုက်အကျအဆုံးများကိုမသိရခဲ့ပါ။ ညနေ(၃) နာရီခန့်မှစ၍ကျောက်တော်မြို့နယ်၊ သစ်တပုံရွာအရှေ့ဖက်၊ (၆.၅) ကီလိုမီတာအကွာအဝေးရှိတောင်တန်းတွင်လည်း မြန်မာစစ်တပ်သည်အင်အားအလုံးအရင်း( စုစုပေါင်းခန့်မှန်းအင်အား ၄၀၀ ခန့်) ဖြင့်ဘက်ပေါင်းစုံမှထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။ ပုဏ္ဏားကျွန်းမြို့နယ်၊ သြရမရွာအနောက်မြောက်ဖက်(၃) ကီလိုမီတာအကွာအဝေးရှိတောင်တန်းတွင် (၄) နာရီနီးပါးကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ တပ်မ(၂၂) လက်အောက်ခံ၊ ခမရ-၂၀၈ ဟုယူဆရသော အင်အား(၂၀၀) ခန့်ပါစစ်ကြောင်းနှင့် အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရန်သူသည်မိမိတို့အားထိုးစစ်ဆင်တိုက်ခိုက်ရန်ပြုလုပ်ခဲ့သော်လည်းမိမိတို့အနေဖြင့်အကောင်းဆုံးတုံ့ပြန်တိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူ့ထိုးစစ်ကိုဟန့်တားနိုင်ခဲ့ပြီး ရန်သူ့အလောင်း(၃) လောင်း၊ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့သည်။ရန်သူ့ဖက်မှ သေဆုံးသူ(၁၀) ဦး နှင့် ထိခိုက်ဒဏ်ရာရသူ(၂၀) ခန့်ထပ်မံရှိနိုင်သည်။မိမိတို့ဖက်မှလည်း စစ်သည်တော်(၃) ဦးတိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။ မြန်မာစစ်တပ်သည် လက်နက်ကြီးများဖြင့်နေရာ(၃) နေရာမှပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရက္ခိုင့်တပ်တော်မှလည်း မြန်မာ့တပ်မတော်၏ ရေတပ်စစ်သဘောၤ (Navy တစ်စင်း) အားလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မြန်မာ့တပ်မတော်သည် စစ်အင်အားနှင့် လက်နက်ခဲယမ်းများကို အရှိန်အဟုန်မြှင့်စွာဆက်လက်ဖြည့်တင်းနေသောကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်မည့်ပုံပေါက်နေပါသည်။ ရက္ခိုင့်တပ်မတော်အနေဖြင့် မြန်မာ့တပ်မတော်၏ထိုးစစ်နှင့်လိုက်လျောညီထွေသောတုံ့ပြန်မှုများကို တစ်ဖွဲ့ချင်း(သို့မဟုတ်) ညီနောင်မဟာမိတ်များနှင့်စုဖွဲ့ပြီးဟန်ချက်ညီစွာ ခုခံရင်ဆိုင်သွားမည်။ မိဘပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန် ပန်ကြားအပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ၂၀၁၉ ခုႏွစ္၊ နိုဝင္ဘာလ(၁၆)ရက္ေန႔ ၊ ေန႔လည္(၁၂) နာရီ(၃၀) မိနစ္အခ်ိန္၊ ပလက္ဝၿမိဳ႕နယ္၊ မီးေခ်ာင္းထိပ္ဝ (သို႔မဟုတ္) ေက်ာက္ေတာ္ၿမိဳ႕နယ္၊မီးဝရြာအေရွ႕ေျမာက္ဖက္၊(၁) ကီလိုမီတာခန္႔အကြာအေဝး ျမန္မာစစ္တပ္၏အင္အား(၁၂၀) ခန္႔ပါစစ္ေၾကာင္းအားကြန္ထ႐ိုးမိုင္းျဖင့္တိုက္ခိုက္ခဲ့သည္။ ရန္သူ႔ဖက္မွ အနည္းဆံုး(၅) ဦးေသဆံုးခဲ့ၿပီးထိခိုက္ဒဏ္ရာရသူအခ်ိဳ႕လည္းထပ္မံရွိခဲ့သည္။ ႏိုဝင္ဘာလ(၁၆) ရက္ ၊ေန႔လည္(၁) နာရီ(၁၃) မိနစ္အခ်ိန္တြင္ ေျမာက္ဦးၿမိဳ႕နယ္၊"ျပည္လံုးႀကီးရြာ" အေနာက္ေျမာက္ဖက္ (၃) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းေပၚတြင္ အင္အား(၂၅၀) ခန္႔ျဖင့္မိမိတို႔အားထိုးစစ္ဆင္တိုက္ခိုက္လာေသာျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ားႏွင့္အတူတိုက္ပြဲျပင္းထန္ခဲ့သည္။ ရန္သူသည္မိမိတို႔ေနရာသို႔ဝင္ေရာက္လာေသာေၾကာင့္တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္ျပင္ဆိပ္ရြာႏွင့္ ဇီးေခါင္းရြာ အၾကားတြင္၊ ေန႔လည္(၃) နာရီ(၃၀) မိနစ္ခန္႔တြင္ မိနစ္အနည္းငယ္ၾကာေျပာက္က်ားအင္အား(၁၀၀) ခန္႔ရွိေသာ ျမန္မာ့တပ္မေတာ္ႏွင့္ မိမိတို႔တစ္နာရီခန္႔တိုက္ပြဲျဖစ္ပြားခဲ့သည္။ အထိအခိုက္အက်အဆံုးမ်ားကိုမသိရခဲ့ပါ။ ညေန(၃) နာရီခန္႔မွစ၍ေက်ာက္ေတာ္ၿမိဳ႕နယ္၊ သစ္တပံုရြာအေရွ႕ဖက္၊ (၆.၅) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းတြင္လည္း ျမန္မာစစ္တပ္သည္အင္အားအလံုးအရင္း( စုစုေပါင္းခန္႔မွန္းအင္အား ၄၀၀ ခန္႔) ျဖင့္ဘက္ေပါင္းစံုမွထိုးစစ္ဆင္တိုက္ခိုက္လာေသာေၾကာင့္ တိုက္ပြဲမ်ားဆက္တိုက္ျဖစ္ပြားခဲ့သည္။ ပုဏၰားကြ်န္းၿမိဳ႕နယ္၊ ၾသရမရြာအေနာက္ေျမာက္ဖက္(၃) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းတြင္ (၄) နာရီနီးပါးၾကာတိုက္ပြဲျဖစ္ပြားခဲ့သည္။ တပ္မ(၂၂) လက္ေအာက္ခံ၊ ခမရ-၂၀၈ ဟုယူဆရေသာ အင္အား(၂၀၀) ခန္႔ပါစစ္ေၾကာင္းႏွင့္ အျပင္းအထန္တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ရန္သူသည္မိမိတို႔အားထိုးစစ္ဆင္တ္ိုက္ခိုက္ရန္ျပဳလုပ္ခဲ့ေသာ္လည္းမိမိတို႔အေနျဖင့္အေကာင္းဆံုးတံု႔ျပန္တိုက္ခိုက္ႏိုင္ခဲ့ၿပီး ရန္သူ႔ထိုးစစ္ကိုဟန္႔တားႏိုင္ခဲ့ၿပီး ရန္သူ႔အေလာင္း(၃) ေလာင္း၊ လက္နက္ခဲယမ္းအခ်ိဳ႕သိမ္းဆည္းရမိခဲ့သည္။ရန္သူ႔ဖက္မွ ေသဆံုးသူ(၁၀) ဦး ႏွင့္ ထိခိုက္ဒဏ္ရာရသူ(၂၀) ခန္႔ထပ္မံရွိႏိုင္သည္။မိမိတို႔ဖက္မွလည္း စစ္သည္ေတာ္(၃) ဦးတိုင္းျပည္ႏွင့္လူမ်ိဳးအတြက္အသက္ေပးဆပ္စြန္႔လႊတ္ခဲ့ရသည္။ ျမန္မာစစ္တပ္သည္ လက္နက္ႀကီးမ်ားျဖင့္ေနရာ(၃) ေနရာမွပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ရကၡိဳင့္တပ္ေတာ္မွလည္း ျမန္မာ့တပ္မေတာ္၏ ေရတပ္စစ္သေဘာၤ (Navy တစ္စင္း) အားလက္နက္ႀကီးျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ျမန္မာ့တပ္မေတာ္သည္ စစ္အင္အားႏွင့္ လက္နက္ခဲယမ္းမ်ားကို အရွိန္အဟုန္ျမႇင့္စြာဆက္လက္ျဖည့္တင္းေနေသာေၾကာင့္ တိုက္ပြဲမ်ားဆက္လက္ျပင္းထန္မည့္ပံုေပါက္ေနပါသည္။ ရကၡိဳင့္တပ္မေတာ္အေနျဖင့္ ျမန္မာ့တပ္မေတာ္၏ထိုးစစ္ႏွင့္လိုက္ေလ်ာညီေထြေသာတံု႔ျပန္မႈမ်ားကို တစ္ဖြဲ႕ခ်င္း(သို႔မဟုတ္) ညီေနာင္မဟာမိတ္မ်ားႏွင့္စုဖြဲ႕ၿပီးဟန္ခ်က္ညီစြာ ခုခံရင္ဆိုင္သြားမည္။ မိဘျပည္သူမ်ားအေနျဖင့္ စစ္ေရးသတိရွိၾကရန္ ပန္ၾကားအပ္ပါသည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this