ဘက်စုံတော်လှန်ရီး (သို့မဟုတ်) အာရက္ခနိုင်ငံတော် တည်ဆောက်ခြင်း အနုပညာ အပိုင်း(၃)

article

Date : 22-Mar-2022

Nyo Twan Awng

ဘက်စုံတော်လှန်ရီး (သို့မဟုတ်) အာရက္ခနိုင်ငံတော် တည်ဆောက်ခြင်း အနုပညာ

အပိုင်း(၃)


(ရခိုင်လူမျိုး Dr.ညိုထွန်းအောင် ရွီးသားသည်)

၂၀၂၂ ခုနှစ်၊ မာ့ချ်လ (၂၂) ရက်၊ အင်္ဂါနိ

 

အာရက္ခနိုင်ငံတော်တည်ဆောက်ခြင်း၏ ဒုတိယစာမျက်နှာတွင် တည်ငြိမ်သည့်နိုင်ငံရီးစနစ်တခုကိုထူထောင်ကာ စီးပွားရီးစနစ် လည်ပတ်နိုင်ရမည်။ ဟိပြီးသား သီးခြား အမျိုးသားရီး ဝိသေသ လက္ခဏာများသည် ပြန်၍ အသက် ဝင်ထင်ရှားလာစီရမည်။ အာရက္ခ တိုင်းပြည်၏ တရားဝင်မှုနန့်ဖြစ်တည်မှုကို အသိအမှတ်ပြုထားသော အိမ်နီးနား ချင်းနိုင်ငံများ ဟိပြီးသားဖြစ်နီရမည်။ ကမ္ဘာကြီးနန့် ချိတ်ဆက်နိုင်သော ငွေကြေးစနစ်တခုကို ဖန်တီးပြီးသားဖြစ်နီ ရမည်။ ငွေကြေးလည်ပတ် စီးဆင်းမှုနန့်အတူ ဈီးကွက်စီးပွားရီးစနစ် ကောင်းမွန်စွာလည်ပတ်နိုင်ရမည်။

 

လုံခြုံ၊ အီးချမ်းသော အနီအထားကို တည်ငြိမ်အောင်ထိန်းသိမ်းပြီး လူ့ဂုဏ်သိက္ခာဟိသော လူ့ဘောင်အသိုက်အဝန်းတခုကို တည်ဆောက်နိုင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရီးကို အတူတကွတည်ဆောက်နိုင်ရမည်။ တိုင်းပြည် တိုးတက် ဖွံ့ဖြိုးရီးကိုဦးတည်ပြီး နိုင်ငံတကာအသိုက်အဝန်းနန့် ကောင်းမွန်သောဆက်ဆံရီးကို တည်ထောင်နိုင်ရမည်။ အိမ်နီးနားချင်းနိုင်ငံများ၏ ယုံကြည်မှုကို ရဟိအောင် ပြသနိုင်ရမည်။ နိုင်ငံခြားရီး၊ သံတမန်ဆက်ဆံရီးကို တည်ဆောက်နိုင်ရမည်။ မိမိ၏ ပထဝီနိုင်ငံရီးနန့် နိုင်ငံရီးပထဝီ အားသာချက်ကို ကောင်းကောင်း အသုံးချ နိုင်ရမည်။ အရည်အသွီးမြင့် လူ့အရင်းအမြစ်များကို ရှာဖွီခြင်းအပြင် တည်ဆောက်ထားနိုင်ရမည်။

 

အာရက္ခအောင်လံတော်ကို အလေးပြုသည့် လှုပ်ယှားမှုပုံရိပ်များ၊ အာရက္ခနိုင်ငံတော်တေးခြင်းများ သံပြိုင်သီဆိုနီသည့် မြင်ကွင်းများသည် ရက္ခိုင်တပြည်လုံးအနှံ့ မြိုင်နီရမည်။ အာရက္ခအမျိုးသား တက္ကသိုလ်၊ အာရက္ခအမျိုးသားစာကြည့်တိုက်၊ အာရက္ခ အမျိုးသားရီးအဆောက်အအုံများ ဖွင့်လှစ်ပြီးသားဖြစ်နီရမည်။ ရက္ခိုင်တမျိုးသားလုံး၏ အမျိုးသားအောင်ပွဲနိကို ဂုဏ်ယူဝင့်ကြွားစွာ ကျင်းပရန်အတွက် အာရက္ခပြည်သူ ပြည်သားတိုင်း အသင့်အနီအထားတွင်ဟိနီရမည်။

 

အာရက္ခနိုင်ငံတော်သည် အတိတ်တချိန်တွင် ပေါ်တူဂီပိုင် ဥရောပမှကမ္ဘာ့နိုင်ငံများနန့် ကုန်စည်ကူးသန်းရောင်းဝယ်ခသော သမိုင်းမှတ်တမ်းများ၊ အရှိတိုင်း၏ ဗင်းနစ်ပိုင်ဖြစ်ခသော အခြေအနေများ၊ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးခေတ်ရို့ပိုင် ရက္ခိုင်ဘုရင်အဆက်ဆက် အုပ်စိုးခသော သမိုင်းမှတ်တိုင်များက လက်ဟိရက္ခိုင် လူမျိုးများ အာရက္ခနိုင်ငံတော်ကို ပြန်၍အသက်သွင်းနီခြင်းသည် ကိုယ့်အလုပ်ကိုလုပ်ခြင်းရာဖြစ်တေပိုင် ဖိုးဖီးဇူဇာရို့၏ သမိုင်းပီးတာဝန်ကို အမျိုးသားရီးအသိဖြင့် တာဝန်ထမ်းဆောင်နီကတ်ခြင်းပင်ဖြစ်သည်။

 

ဆက်ရန်.....


Share on social

You may also like this