၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၃/၂၄)ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 24-Feb-2020

Nyo Twan Awng

ဖေဖော်ဝါရီလ(၂၃/၂၄)ရက်နေ့တွင်လည်းယခင်နေ့များကတည်းကရက်ဆက်တိုက်ပွဲများဖြစ်ပွားနေခဲ့သောပလက်ဝမြို့နယ်၊မီးချောင်းတံတားအနီးမြန်မာ့တပ်မတော်၏လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်း(ဗျူဟာကုန်း)ပတ်ဝန်းကျင်နှင့်ကျောက်တော်မြို့နယ်၊(ဝက်မကျရွာနှင့်တင်းမရွာအကြား)တင်းမရွာသစ်ပတ်ဝန်းကျင်၌ကြိုကြားကြိုကြားတိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့သည်။ 

ရန်သူ့ဗျူဟာကုန်းပတ်ဝန်းကျင်၌ရက်ဆက်တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာယနေ့ဖေဖော်ဝါရီလ(၂၄)ရက်နေ့လျှင်(၁၉)ရက်မြောက်နေ့သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။သို့သော်လည်းယခင်နေ့ရက်များကဲ့သို့ဗျူဟာကုန်းပတ်ဝန်းကျင်၌အပြန်အလှန်ထိုးစစ်တိုက်ပွဲများမှာကြီးကြီးမားမားဖြစ်ပွားခဲ့ခြင်းမရှိဘဲရန်သူ၏စစ်ကူစစ်ကြောင်းများနှင့်ရက္ခိုင့်တပ်တော်၊ဖြတ်တောက်ရေးစစ်ကြောင်းတို့သည်နေရာအချို့၌တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ 

ရန်သူသည် ၎င်းဗျူဟာကုန်းသို့ရိက္ခာ၊လက်နက်ခဲယမ်း၊လူအင်အားများကိုနည်းအမျိုးမျိုးဖြင့်ဖြည့်တင်းပေးရန် ဆက်လက်ကြိုးစားနေသော်လည်းမိမိတို့တပ်ဖွဲ့ဝင်များမှ အကောင်းဆုံးဟန့်တားထားနိုင်ဆဲပင်ဖြစ်သည်။

(၁)ဖေဖော်ဝါရီလ(၂၃) ရက်၊နံနက်(၇) နာရီခန့်မှစတင်ပြီး ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်အနောက်ဘက် တောင်ကြော၊ "တွီဆဝန်ရွာ" နှင့်"မြောင်းရွာ"အရှေ့မြောက်ဘက် (၃) ကီလိုမီတာအကွာအဝေးရှိ၊ Points-886(ပွိုင့်၈၈၆တောင်ကုန်း)၌ခမရ(၂၁၆)နှင့်ရက္ခိုင့်တပ်တော်တို့သည်တတိယနေ့ရက်ဆက်တိုက်ပွဲများအဖြစ်တိုက်ပွဲများပြင်းထန်စွာဆက်လက်ဖြစ်ပွားနေခဲ့သည်။ရန်သူ့ဖက်မှလက်နက်ကြီးပစ်ကူအြက်မ်(၅၀၀)နီးပါးအထိပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ရဟတ်ယာဉ်(၂) စီးဖြင့်လည်း လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၂) မြေပုံမြို့နယ်၊စညှင်းရွာ၏ (၄.၃) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင်နံနက်(၁၀) နာရီ(၄၀) မိနစ်မှစတင်၍တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲနောက်ဆက်တွဲများကိုမသိရသေးပါ။

ဖေဖော်ဝါရီလ(၂၄)ရက်နေ့၊နံနက်(၁၀)နာရီ(၂၅)မိနစ်တွင်ယခင်နေ့ရက်များ၌တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေခဲ့သောမင်းပြား၊ ဖားပြိုရွာအနီး၊ ဘိလပ်မြေစက်ရုံပတ်ဝန်းကျင်၌ထိတွေ့မှုထပ်မံရှိခဲ့သည်။ မိနစ်အနည်းငယ်ကြာတိုက်ပွဲအတွင်း (၁၀) ဦးထက်များပြားသောရန်သူအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

ထို့အပြင်မင်းပြားမြို့နယ်၊ဖားပြို(ချင်း)ရွာ၊အရှေ့တောင်ဖက်(၂.၃)ကီလိုမီတာအကွာအဝေးရှိတောင်တန်းတွင်သည် ရန်သူသည် မိမိတို့ရှိရာနေရာသို့ အင်အား(၁၀၀) ကျော်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် (၆) နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ့ဖက်မှ အထိအခိုက်အကျအဆုံးများသကဲ့သို့ မိမိတို့ဖက်မှလည်း ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်။

ဖေဖော်ဝါရီ(၂၃/၂၄) နှစ်ရက်တာအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်းမိမိတို့ဖက်မှအာရက္ခစစ်သည်(၄) ဦးတိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။

သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သောအာရက္ခစစ်သည်တော်များနှင့်ရဲဝံ့စွာတိုက်ပွဲဝင်ရင်းတိုင်းပြည်နှင့်လူမျိုးအတွက်အသက်၊ခန္ဓာ၊ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသောအာရက္ခစစ်သည်တော်များအားလေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ 

နောက်ထပ်တိုက်ပွဲများ နှင့်တိုက်ပွဲနောက်ဆက်တွဲများရှိပါကဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this