၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၀) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းမျာ

blog

Date : 10-Feb-2020

Nyo Twan Awng

#Unicode ဖေဖော်ဝါရီလ(၁၀) ရက်နေ့တွင်ကျောက်တော်၊ပလက်ဝ၊မင်းပြား၊ ဘူးသီးတောင်မြို့နယ်အတွင်း၌ ယခင်နေ့ရက်များကဖြစ်ပွားခဲ့သောနေရာများအပြင် အခြားနေရာအချို့၌တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့သည်။ ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်း(ဗျူဟာကုန်း) တစ်ခုအနီး၌ ဖေဖော်ဝါရီလ(၅) ရက်မှ စတင်၍တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ ယနေ့ဖေဖော်ဝါရီလ(၁၀) ရက်နေ့ဆိုလျှင် ရက်ဆက်တိုက်ပွဲ" ငါးရက်မြောက်နေ့" သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ တပြိုင်နက်တည်းတွင် နှစ်ဖက်အပြန်အလှန်ထိုးစစ်များနှင့်အတူ တိုက်ပွဲအရှိန်မှာလည်းဆက်လက်မြင့်တက်နေခဲ့ သည်။ ယနေ့တွင် ရန်သူသည် ဗျူဟာကုန်းပတ်ဝန်းကျင်အား ဂျက်တိုက်လေယာဉ်(၂) စီး၊ရဟတ်ယာဉ်(၄) စီးဖြင့် ရှေ့ဆင့်နောက်ဆင့်(တပြိုင်နက်တည်း)လာရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအရှိန်မှာအမြင့်ဆုံးသို့ရောက်ရှိလာခဲ့သည်။ ဂျက်တိုက်လေယာဉ်(၂) စီးဖြင့် ၊ဖေဖော်ဝါရီလ(၁၀) ရက်၊ နေ့လယ်(၂) နာရီမှစတင်ပြီး တစ်စီးလျှင်(၂၅) မိနစ်ခန့်စီ စုစုပေါင်း(၂) နာရီကျော်ကြာလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ဂျက်တိုက်လေယာဉ် (၂)စီးဖြင့် ပစ်ခတ်တိုက်ခိုက်ချိန်(၁) နာရီကျော်ကြာမြင့်ခဲ့သည်။ ထို့အတူရဟတ်ယာဉ်(၄) စီးဖြင့်လည်း တပြိုင်နက်တည်းလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ မိမိတို့ ရက္ခိုင့်တပ်တော်ဖက်မှလည်း ရန်သူ၏ ဗျူဟာကုန်းအားတန်ပြန်ထိုးစစ်ဖြင့် အစွမ်းကုန်တိုက်ခိုက်လျက်ရှိသည်။ ပလက်ဝမြို့နယ်၊ နှုံးဘူးရွာ(အောက်) အနောက်ဖက်တောင်ကြောရှိ ခမရ(၂၁၄) နှင့် ခမရ(၂၁၈) ပူးပေါင်းစစ်ကြောင်းနှင့် မိမိတို့သည်မိနစ်(၂၀) ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ရွာ နှင့် ကွမ်းတောင်ကျေးရွာအကြားရှိ မိမိတို့တပ်ဖွဲ့ဝင်များအား လက်နက်ကြီးပစ်ကူ၊ ရဟတ်ယာဉ်ပစ်ကူများအပါအဝင်တပ်မ(၂၂) အင်အားအလုံးအရင်းဖြင့် နံနက်(၉) နာရီ(၅၀) မိနစ်ခန့်မှစတင်ပြီးထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တိုက်ပွဲများပြင်းထန်ခဲ့သည်။ နေ့လည်(၁) နာရီခန့်တွင် ရန်သူသည်ရဟတ်ယာဉ်(၂) စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သည်။ ကျောက်တော်မြို့နယ်၊ တင်းမရွာအနီးရှိမိမိတို့တပ်ဖွဲ့ဝင်များရှိရာတောင်ကုန်းအားရန်သူသည် ရဟတ်ယာဉ်(၂) စီးဖြင့် ညနေ(၃)နာရီ(၂၅) တွင် ရော့ကတ်များ၊စက်သေနတ်များဖြင့် (၁၅) မိနစ်ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ပလက်ဝမြို့နယ်အတွင်းရှိ ခမရ(၂၈၉) တပ်ရင်းဌာနချုပ်နှင့် ကျောက်တော်၊စကခ(၉) ဌာနချုပ်တို့အား ရက္ခိုင့်တပ်တော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အထိအခိုက်အကျအဆုံးများကိုမသိရသေးပါ။ ယနေ့တိုက်ပွဲဖြစ်ပွားခဲ့သော နေရာ(၇) နေရာအတွင်း ရန်သူ့ဖက်မှ အထိအခိုက်အကျအဆုံးများရှိခဲ့သကဲ့သို့ မိမိတို့ဖက်မှလည်း တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်အချို့ရှိခဲ့သည်။ တိုက်ပွဲများအတွင်းသတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များအား ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ေဖေဖာ္ဝါရီလ(၁၀) ရက္ေန႔တြင္ေက်ာက္ေတာ္၊ပလက္ဝ၊မင္းျပား၊ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္း၌ ယခင္ေန႔ရက္မ်ားကျဖစ္ပြားခဲ့ေသာေနရာမ်ားအျပင္ အျခားေနရာအခိ်ဳ႕၌တိုက္ပြဲမ်ားဆက္လက္ျပင္းထန္ေနခဲ့သည္။ ပလက္ဝၿမိဳ႕နယ္၊ မီးေခ်ာင္းတံတားအနီး ျမန္မာ့တပ္မေတာ္၏လက္နက္ႀကီးပစ္ကူေပးေနေသာအေျမာက္စခန္း(ဗ်ဴဟာကုန္း) တစ္ခုအနီး၌ ေဖေဖာ္ဝါရီလ(၅) ရက္မွ စတင္၍တိုက္ပြဲျဖစ္ပြားေနခဲ့သည္မွာ ယေန႔ေဖေဖာ္ဝါရီလ(၁၀) ရက္ေန႔ဆိုလွ်င္ ရက္ဆက္တိုက္ပြဲ" ငါးရက္ေျမာက္ေန႔" သို႔ေရာက္ရွိလာခဲ့ၿပီျဖစ္သည္။ တၿပိဳင္နက္တည္းတြင္ ႏွစ္ဖက္အျပန္အလွန္ထိုးစစ္မ်ားႏွင့္အတူ တိုက္ပြဲအရွိန္မွာလည္းဆက္လက္ျမင့္တက္ေနခဲ့ သည္။ ယေန႔တြင္ ရန္သူသည္ ဗ်ဴဟာကုန္းပတ္ဝန္းက်င္အား ဂ်က္တိုက္ေလယာဥ္(၂) စီး၊ရဟတ္ယာဥ္(၄) စီးျဖင့္ ေရွ႕ဆင့္ေနာက္ဆင့္(တၿပိဳင္နက္တည္း)လာေရာက္တိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲအရွိန္မွာအျမင့္ဆံုးသို႔ေရာက္ရွိလာခဲ့သည္။ ဂ်က္တိုက္ေလယာဥ္(၂) စီးျဖင့္ ၊ေဖေဖာ္ဝါရီလ(၁၀) ရက္၊ ေန႔လယ္(၂) နာရီမွစတင္ၿပီး တစ္စီးလွ်င္(၂၅) မိနစ္ခန္႔စီ စုစုေပါင္း(၂) နာရီေက်ာ္ၾကာလာေရာက္ ဗံုးႀကဲတိုက္ခိုက္ခဲ့သည္။ဂ်က္တိုက္ေလယာဥ္ (၂)စီးျဖင့္ ပစ္ခတ္တိုက္ခိုက္ခိ်န္(၁) နာရီေက်ာ္ၾကာျမင့္ခဲ့သည္။ ထို႔အတူရဟတ္ယာဥ္(၄) စီးျဖင့္လည္း တၿပိဳင္နက္တည္းလာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ေသးသည္။ မိမိတို႔ ရကၡိဳင့္တပ္ေတာ္ဖက္မွလည္း ရန္သူ၏ ဗ်ဴဟာကုန္းအားတန္ျပန္ထိုးစစ္ျဖင့္ အစြမ္းကုန္တိုက္ခိုက္လ်က္ရွိသည္။ ပလက္ဝၿမိဳ႕နယ္၊ ႏံႈးဘူးရြာ(ေအာက္) အေနာက္ဖက္ေတာင္ေၾကာရွိ ခမရ(၂၁၄) ႏွင့္ ခမရ(၂၁၈) ပူးေပါင္းစစ္ေၾကာင္းႏွင့္ မိမိတို႔သည္မိနစ္(၂၀) ခန္႔တိုက္ပြဲျဖစ္ပြားခဲ့သည္။ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ႏြားရံုေတာင္ရြာ ႏွင့္ ကြမ္းေတာင္ေက်းရြာအၾကားရွိ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားအား လက္နက္ႀကီးပစ္ကူ၊ ရဟတ္ယာဥ္ပစ္ကူမ်ားအပါအဝင္တပ္မ(၂၂) အင္အားအလံုးအရင္းျဖင့္ နံနက္(၉) နာရီ(၅၀) မိနစ္ခန္႔မွစတင္ၿပီးထိုးစစ္ဆင္တိုက္ခိုက္လာေသာေၾကာင့္ တိုက္ပြဲမ်ားျပင္းထန္ခဲ့သည္။ ေန႔လည္(၁) နာရီခန္႔တြင္ ရန္သူသည္ရဟတ္ယာဥ္(၂) စီးျဖင့္ လာေရာက္ပစ္ခတ္ခဲ့သည္။ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ တင္းမရြာအနီးရွိမိမိတို႔တပ္ဖြဲ႕ဝင္မ်ားရွိရာေတာင္ကုန္းအားရန္သူသည္ ရဟတ္ယာဥ္(၂) စီးျဖင့္ ညေန(၃)နာရီ(၂၅) တြင္ ေရာ့ကတ္မ်ား၊စက္ေသနတ္မ်ားျဖင့္ (၁၅) မိနစ္ခန္႔လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ပလက္ဝၿမိဳ႕နယ္အတြင္းရွိ ခမရ(၂၈၉) တပ္ရင္းဌာနခ်ဳပ္ႏွင့္ ေက်ာက္ေတာ္၊စကခ(၉) ဌာနခ်ဳပ္တို႔အား ရကၡိဳင့္တပ္ေတာ္မွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ အထိအခိုက္အက်အဆံုးမ်ားကိုမသိရေသးပါ။ ယေန႔တိုက္ပြဲျဖစ္ပြားခဲ့ေသာ ေနရာ(၇) ေနရာအတြင္း ရန္သူ႔ဖက္မွ အထိအခိုက္အက်အဆံုးမ်ားရွိခဲ့သကဲ့သို႔ မိမိတို႔ဖက္မွလည္း တိုင္းျပည္ႏွင့္လူမိ်ဳးအတြက္အသက္ေပးဆပ္စြန္႔လႊတ္ခဲ့ရေသာ အာရကၡစစ္သည္ေတာ္အခိ်ဳ႕ရွိခဲ့သည္။ တိုက္ပြဲမ်ားအတြင္းသတၱိေျပာင္ေျမာက္စြာတိုက္ပြဲဝင္ခဲ့ေသာ အာရကၡစစ္သည္ေတာ္မ်ားအား ဂုဏ္ျပဳမွတ္တမ္းတင္အပ္ပါသည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this