၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်း

blog

Date : 01-Feb-2020

Nyo Twan Awng

#Unicode ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁) ရက်၊ နံနက်(၁၁) နာရီခန့်တွင် ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာ၏ အနောက်ဖက်(၁၀၀) မီတာခန့်အကွာအဝေး၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အမျက်တောင်ကျေးရွာအတွင်းစခန်းချနေထိုင်ကြသော မြန်မာ့တပ်မတော်၏ အင်အား(၁၅၀) ခန့်ပါ စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်တော်တို့ သုံးနာရီကျော်ကြာအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုနှင့်အတူ ယနေ့တိုက်ပွဲသည်လည်းပြင်းထန်သောတိုက်ပွဲတစ်ပွဲဖြစ်ခဲ့သည်။ ညနေ(၄) နာရီခန့်အထိ ကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်မှုအခိုျ့ရှိနေသေးသည်။ အဆိုပါမြန်မာ့တပ်မတော်၏စစ်ကြောင်းသည် အမျက်တောင်ရွာအတွင်း စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများတွင်တပ်စွဲပြီး ၎င်းရွာအတွင်းရှိ ကျန်းမာရေးအရ,မသွားလာနိုင်သည့် သက်ကြီးပိုင်းအချို့ကို အကာအကွယ်ယူပြီး တိုက်ပွဲများကိုဖော်ဆောင်လျက်ရှိသည်။ တနည်းအားဖြင့် ၎င်းရွာသူရွာသားလက်ကျန်အချို့အား ပြန်ပေးဆွဲထားခြင်းနှင့်တူသည်။ ဤကဲ့သို့ မြန်မာ့တပ်မတော်မှ ကျေးရွာများအတွင်းစခန်းချနေသည့်လုပ်ရပ်၊ မှတ်တမ်းရုပ်သံများကိုစာရင်းပြုလုပ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများ နှင့် အမှန်တရားကိုချစ်မြတ်နိုးသောသူများထံထပ်မံပေးပို့သွားမည်ဖြစ်သည်။ ယနေ့တိုက်ပွဲများအတွင်းသို့ မြန်မာ့တပ်မတော်၏ ရေစိုးချောင်း ဗျူဟာမှ လက်နက်ကြီး၊ အကြိမ်(၅၀) ခန့်ပစ်ကူတိုက်ခိုက်ခဲ့သည်။ ယနေ့တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ အထိအခိုက်အကျအဆုံးမှာ ဆယ်ဦးထက်မနည်းရှိခဲ့သည်။ မိမိတို့ဖက်မှလည်း အာရက္ခစစ်သည်တော်တစ်ဦး တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ကာ ဒဏ်ရာရသူ(၂) ဦးရှိခဲ့သည်။ ထို့နောက် အဆိုပါစစ်ကြောင်းသည် အမျက်တောင်ကျေးရွာအတွင်း ရွာသူရွာသားများမရှိသည့်နေအိမ်၊ ဘုန်းကြီးကျောင်းများကို အကာအကွယ်ယူပြီးပစ်ခတ်တိုက်ခိုက်နေသည့်အပြင် ရွာသူရွာသားလက်ကျန်အချို့ကိုလည်းဘုန်းကြီးကျောင်းများအတွင်း အတင်းအဓမ္မစုရုံးပြီး လူသားဒိုင်းကာသဖွယ်ပြုလုပ်ပြီး ပစ်ခတ်တိုက်ခိုက်ရန်ပြုလုပ်လျက်ရှိသည်။ ညနေ(၄) နာရီ(၃၅) မိနစ်ခန့်မှစတင်ပြီးအဆိုပါစစ်ကြောင်းမှ အချို့သည် မညင်းတောင်၊ အမျက်တောင်ရွာရှိ ရွာသူ၊ရွာသားများပိုင်ဆိုင်သည့် စပါးပုံ၊ ကောက်ရိုးပုံများကို မညင်းတောင်ရွာ၏အရှေ့မြောက်ဖက်လယ်ကွင်းများအတွင်း၌ မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထို့ကြောင့် စပါးပုံ၊ ကောက်ရိုးပုံအချို့မှာ တစ်နာရီကျော်ကြာမြင့်သည်အထိမီးလောင်ခဲ့သည်။ ထို့အပြင် ၎င်းတို့ မီးရှို့ဖျက်ဆီးကြသည့်အနီးပတ်ဝန်းကျင်ရှိ ရွာသားများပိုင်ဆိုင်သည့်ကွဲျ၊နွားများထဲမှ နွား(၃) ကောင်အား ပစ်သတ်ကာ ခိုးယူသွားခဲ့ကြသည်။ ရက္ခိုင့်တပ်တော်အနေဖြင့် ရခိုင်ပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးသော အဆိုပါတပ်ရင်းအားလက်တုံ့ပြန်တိုက်ခိုက်သွားမည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလ(၁) ရက္၊ နံနက္(၁၁) နာရီခန္႔တြင္ ရခုိင္ျပည္၊ ရေသ့ေတာင္ျမိဳ႕နယ္၊ အမ်က္ေတာင္ေက်းရြာ၏ အေနာက္ဖက္(၁၀၀) မီတာခန္႔အကြာအေဝး၌ တိုက္ပြဲျဖစ္ပြားခဲ့သည္။ အမ်က္ေတာင္ေက်းရြာအတြင္းစခန္းခ်ေနထိုင္ၾကေသာ ျမန္မာ့တပ္မေတာ္၏ အင္အား(၁၅၀) ခန္႔ပါ စစ္ေၾကာင္းတစ္ခုႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔ သံုးနာရီေက်ာ္ၾကာအျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈႏွင့္အတူ ယေန႔တိုက္ပြဲသည္လည္းျပင္းထန္ေသာတိုက္ပြဲတစ္ပြဲျဖစ္ခဲ့သည္။ ညေန(၄) နာရီခန္႔အထိ ႀကိဳၾကားႀကိဳၾကားပစ္ခတ္တိုက္ခိုက္မႈအခိဳ်႕ရွိေနေသးသည္။ အဆိုပါျမန္မာ့တပ္မေတာ္၏စစ္ေၾကာင္းသည္ အမ်က္ေတာင္ရြာအတြင္း စာသင္ေက်ာင္း၊ ဘုန္းႀကီးေက်ာင္းမ်ားတြင္တပ္စြဲၿပီး ၎ရြာအတြင္းရွိ က်န္းမာေရးအရ,မသြားလာႏိုင္သည့္ သက္ႀကီးပိုင္းအခိ်ဳ႕ကို အကာအကြယ္ယူၿပီး တိုက္ပြဲမ်ားကိုေဖာ္ေဆာင္လ်က္ရွိသည္။ တနည္းအားျဖင့္ ၎ရြာသူရြာသားလက္က်န္အခိ်ဳ႕အား ျပန္ေပးဆြဲထားျခင္းႏွင့္တူသည္။ ဤကဲ့သို႔ ျမန္မာ့တပ္မေတာ္မွ ေက်းရြာမ်ားအတြင္းစခန္းခ်ေနသည့္လုပ္ရပ္၊ မွတ္တမ္း႐ုပ္သံမ်ားကိုစာရင္းျပဳလုပ္ၿပီး ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား ႏွင့္ အမွန္တရားကိုခ်စ္ျမတ္ႏိုးေသာသူမ်ားထံထပ္မံေပးပို႔သြားမည္ျဖစ္သည္။ ယေန႔တိုက္ပြဲမ်ားအတြင္းသို႔ ျမန္မာ့တပ္မေတာ္၏ ေရစိုးေခ်ာင္း ဗ်ဴဟာမွ လက္နက္ႀကီး၊ အႀကိမ္(၅၀) ခန္႔ပစ္ကူတိုက္ခိုက္ခဲ့သည္။ ယေန႔တိုက္ပြဲအတြင္း ရန္သူ႔ဖက္မွ အထိအခိုက္အက်အဆံုးမွာ ဆယ္ဦးထက္မနည္းရွိခဲ့သည္။ မိမိတို႔ဖက္မွလည္း အာရကၡစစ္သည္ေတာ္တစ္ဦး တိုင္းျပည္ႏွင့္လူမိ်ဳးအတြက္အသက္ေပးဆပ္စြန္႔လႊတ္ကာ ဒဏ္ရာရသူ(၂) ဦးရွိခဲ့သည္။ ထို႔ေနာက္ အဆိုပါစစ္ေၾကာင္းသည္ အမ်က္ေတာင္ေက်းရြာအတြင္း ရြာသူရြာသားမ်ားမရွိသည့္ေနအိမ္၊ ဘုန္းႀကီးေက်ာင္းမ်ားကို အကာအကြယ္ယူၿပီးပစ္ခတ္တိုက္ခိုက္ေနသည့္အျပင္ ရြာသူရြာသားလက္က်န္အခိ်ဳ႕ကိုလည္းဘုန္းႀကီးေက်ာင္းမ်ားအတြင္း အတင္းအဓမၼစုရံုးၿပီး လူသားဒိုင္းကာသဖြယ္ျပဳလုပ္ၿပီး ပစ္ခတ္တိုက္ခိုက္ရန္ျပဳလုပ္လ်က္ရွိသည္။ ညေန(၄) နာရီ(၃၅) မိနစ္ခန္႔မွစတင္ၿပီးအဆိုပါစစ္ေၾကာင္းမွ အခိ်ဳ႕သည္ မညင္းေတာင္၊ အမ်က္ေတာင္ရြာရွိ ရြာသူ၊ရြာသားမ်ားပိုင္ဆိုင္သည့္ စပါးပံု၊ ေကာက္႐ိုးပံုမ်ားကို မညင္းေတာင္ရြာ၏အေရွ႕ေျမာက္ဖက္လယ္ကြင္းမ်ားအတြင္း၌ မီး႐ိႈ႕ဖ်က္ဆီးခဲ့ၾကသည္။ ထို႔ေၾကာင့္ စပါးပံု၊ ေကာက္ရိုးပံုအခိ်ဳ႕မွာ တစ္နာရီေက်ာ္ၾကာျမင့္သည္အထိမီးေလာင္ခဲ့သည္။ ထို႔အျပင္ ၎တို႔ မီး႐ိႈ႕ဖ်က္ဆီးၾကသည့္အနီးပတ္ဝန္းက်င္ရွိ ရြာသားမ်ားပိုင္ဆိုင္သည့္ကြဲ်၊ႏြားမ်ားထဲမွ ႏြား(၃) ေကာင္အား ပစ္သတ္ကာ ခိုးယူသြားခဲ့ၾကသည္။ ရကၡိဳင့္တပ္ေတာ္အေနျဖင့္ ရခိုင္ျပည္သူပိုင္ပစၥည္းမ်ားကိုဖ်က္ဆီးေသာ အဆိုပါတပ္ရင္းအားလက္တံု႔ျပန္တိုက္ခိုက္သြားမည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .