ကျောက်တော်အခြေစိုက်ခမရ(၅၃၉)တပ်ရင်းမှ အပေါက်ဝကျေးရွာအားလက်နက်ကြီး၊လက်နက်ငယ်များဖြင့်သောင်းကျန်းပစ်ခတ်

blog

Date : 11-Jun-2020

Nyo Twan Awng

မြန်မာ့တပ်မတော်၏ စကခ (၉) လက်အောက်ခံ၊ ကျောက်တော်အခြေစိုက်၊ ခမရ (၅၃၉) တပ်ရင်းမှ အပေါက်ဝကျေးရွာအား မည်သည့်တိုက်ပွဲမျှဖြစ်ပွားခဲ့ခြင်းမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သောင်းကျန်းပစ်ခတ်၊ အရပ်သား(၁) ဦး ဒဏ်ရာရ

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၀) ရက်

မြန်မာ့တပ်မတော်သည် ရခိုင်ဒေသအတွင်း စစ်ဆင်ရေးများကို Covid-19 ထိန်းချုပ်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တိုက်ဖျက်ရေးကာလအတွင်း၌ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။

ထို့အတူ စစ်ရာဇဝတ်တပ်ဖွဲ့ မြန်မာ့တပ်မတော်သည် ရခိုင်ပြည်သူလူထုများအား ကျူးကျော်သူနယ်ချဲ့တပ်တို့၏ စိတ်နေစိတ်ထားတို့နှင့်အတူ လူမျိုးရေးအမုန်းတရားများကိုအခြေခံ၍ နေ့၊ညအချိန်မရွေး လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရခိုင်ကျေးရွာများ၊ ရခိုင်ပြည်သူလူထုများကို ဦးတည်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်မှာ ကြိမ်ဖန်များစွာရှိခဲ့ပြီဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁၀) ရက်နေ့၊ နံနက်(၀၀) နာရီ(၂၆) မိနစ်(ည သန်းခေါင်)၌ မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ မြန်မာ့တပ်မတော်၏ စစ်သင်္ဘောပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ သက်ကြီးပိုင်းအရပ်သား (၁) ဦးသေဆုံး၊ (၄) ဦးဒဏ်ရာရရှိခဲ့သည်သာမက အမြင့်ကျွန်း၊ ရဲစခန်းမှ စခန်းမှူးအပါအဝင်ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့သည်။ ရခိုင်ပြည်သူလူထုအား ပစ်မှတ်ထားတိုက်ခိုက်နေသော အဆင့်ထက်ပိုသော အနေအထားသို့ရောက်ရှိလျက်ရှိသည်။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၀) ရက်နေ့၊ နေ့လယ် (၁) နာရီ (၁၂) မိနစ်တွင်လည်း ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအား မြန်မာ့တပ်မတော်၏ စကခ (၉) လက်အောက်ခံ၊ ကျောက်တော်အခြေစိုက်၊ ခမရ (၅၃၉) တပ်ရင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် (၂၀) ခန့် မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ သာင်းကျန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် အရပ်သားတစ်ဦးဖြစ်သော အဖ-ဦးစံထွန်းလှ၊ အမိဒေါ်မြနှင်းဝေ တို့၏ သားဖြစ်သူ အသက် (၁၉) နှစ်အရွယ် မောင်အောင်အောင် မှာ ညာဖက်လက်၊ ဘယ်ဖက်လက်၊ တံတောင်ဆစ် တို့၌ လက်နက်ငယ်ကျည်ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။

ရခိုင်ပြည်သူလူထုအား ပစ်မှတ်ထားတိုက်ခိုက်နေသော မြန်မာ့တပ်မတော်အား ရခိုင်ပြည်သူလူထုများမှ ရခိုင်ပြည်အတွင်းရှိနေသည်ကို မလိုလားကြချေ။ ထို့ကြောင့် ULA/AA မှ မြန်မာ့တပ်မတော် အပါအဝင် မြန်မာအစိုးရ၏ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး၊ မြန်မာအစိုးရ၏ အုပ်ချုပ်ရေးယန္တရားများအားလုံး ရခိုင်ပြည်အတွင်းမှ အမြန်ဆုံးထွက်ခွာရန် ၂၀၂၀ ပြည့်နှစ်၊ မေလ(၂၉) ရက်နေ့ရက်စွဲဖြင့် သတိပေးခဲ့ပြီးဖြစ်သည်။ ရခိုင်ပြည်သူလူထုအား သတ်ဖြတ်နေသော မြန်မာ့တပ်မတော်၏ တပ်ရင်း၊ စစ်ကြောင်းများကို လက်စားချေတုံ့ပြန်သွားမည်ဖြစ်သည်။


သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this