၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 01-Jan-2020

Nyo Twan Awng

နှစ်တစ်နှစ်ကူးပြောင်းသွားသော်လည်း ရခိုင်ဒေသ၊ပလက်ဝဒေသများ၌ မပြောင်းလဲဘဲတိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။ စစ်ရာဇဝတ်နယ်ချဲ့အစွန်းရောက်မြန်မာ့တပ်မတော်သည် လက်နက်ကြီးများရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခြင်းများကိုလည်း ဆက်လက်ပြုလုပ်နေခဲ့သည်။ အထူးသဖြင့်ဘူးသီးတောင်၊ ရသေ့တောင်ဖက်တွင် လက်နက်ကြီးများကို ကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်၊နေ့လည်(၂) နာရီ (၂၅) မိနစ်အချိန်တွင် ပလက်ဝမြို့နယ်၊" ကြွယ်သောင်ရွာ"အနောက်ဖက်(၄.၈) ကီလိုမီတာအကွာမဝေးရှိ Point-904 (ပွိုင့်-၉၀၄) ကုန်းရှိ မိမိတို့ရှိရာနေရာသို့ ကျူးကျော်ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ့အလောင်းအချို့နှင့် ရန်သူ့သေနတ်(၁) လက်အား လောလောဆယ်သိမ်းဆည်းရမိထားသည်။ ရန်သူ့ဖက်မှ မျက်မြင်(၄) ဦးသေဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့သည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်


Share on social

You may also like this