၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၂) ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 22-Mar-2020

Nyo Twan Awng

စစ်ရာဇဝတ်အကြမ်းဖက် နယ်ခဲျ့မြန်မာ့တပ်မတော်သည် ရပ်ရွာများအားမီးရှို့ဖျက်ဆီးခြင်း၊ ဂျက်တိုက်လေယာဉ်ဖြင့်ရွာအတွင်းပစ်ခတ်တိုက်ခိုက်ခြင်းအစရှိသည့်စစ်ရာဇဝတ်ကျူးလွန်ခြင်းအမှုများကို ဆက်သွယ်ရေးအင်တာနက်လိုင်းများကိုဖြတ်တောက်ပြီးနောက်ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

(၁)ဘူးသီးတောင်မြို့နယ်ပြင်ရှည်ကျေးရွာ၏ (၂)ကီလိုမီတာခန့်(ပြင်ရှည်တောင်တန်း) အကွာအဝေးရှိသောတောင်တန်းပေါ်၌လည်း နံနက်(၅) နာရီ(၃၀) မိနစ်မှစတင်ပြီး  စကခ(၁၅) လက်အောက်ခံ၊ ခမရ(၅၆၄)တပ်ရင်း နှင့် ရက္ခိုင့်တပ်တော်တို့မိနစ်(၄၀) ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ တနည်း ပလေးတောင်ရွာ၊အရှေ့ဖက်(၂) ကီလိုမီတာအကွာအဝေး၌တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရန်သူအနည်းဆုံး(၃) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ထို့အပြင်ရန်သူ့ဖက်မှ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့သည်။

(၂)မတ်လ(၂၂) ရက်၊ နံနက်(၁၁) နာရီ(၁၅) မိနစ်မှစတင်၍အိမ်ခြေ ၈၀၀ ခန့်/လူဦးရေ ၄၀၀၀ခန့်ရှိသော ကျောက်တော်မြို့နယ်၊တင်းမကျေးရွာကိုစစ်ရာဇဝတ်နယ်ခဲျ့သောင်းကျန်းသူ မြန်မာ့တပ်မတော်မှ ထပ်မံမီးရှို့ကာ စစ်ရာဇဝတ်အမှုများကို လက်ရဲဇက်ရဲဗြောင်ကျကျ ကျူးလွန်ခဲ့သည်။ မြန်မာ့တပ်မတော်၏ မီးရှို့ဖျက်ဆီးနေသော အထောက်အထားများကို ရက္ခိုင်အမိုျးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်ထံ ပေးပို့ကြပါရန်တိုက်တွန်းအပ်ပါသည်။

(၃)ထို့အတူ မတ်လ(၂၂) ရက်၊နေ့လယ်(၁၂) နာရီ(၄၀) မိနစ်တွင်မည်သည့်တိုက်ပွဲမှဖြစ်ပွားခြင်းမရှိဘဲ မြန်မာ့တပ်မတော်သည်  ပလက်ဝမြို့နယ်၊ ရေချမ်းဝရွာအား ဂျက်တိုက်လေယာဉ်(၁) စီးဖြင့် စက်သေနတ်၊ရော့ကတ်များဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လက်ရှိသိရသောသတင်းအရအရပ်သားများထိခိုက်ဒဏ်ရာရမှုရှိခဲ့ပြီး လူနေအိမ်(၈) အိမ်ပျက်စီးခဲ့သည်။

(၄) ၂၀၂၀ ပြည့်နှစ်၊မတ်လ(၂၂) ရက်နေ့တွင်လည်း မီးဝဗျူဟာကုန်း၏ပတ်ဝန်းကျင်၌တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။ညနေ(၄) နာရီ(၃၂) မိနစ်တွင် ပလက်ဝမြို့နယ်၊ ဝက်မရွာ အနောက်မြောက်ဘက်ရှိတောင်တန်းတွင်လည်းကောင်း၊ ညနေ(၄) နာရီ(၅၀) မိနစ်တွင် ပွီးချောင်းဝအရှေ့ဖက် အကွာအဝေးရှိတောင်တန်းပေါ်တွင်လည်းကောင်း တိုက်ပွဲများအသီးသီးဖြစ်ပွားခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this