၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 27-Feb-2020

Nyo Twan Awng

ကျောက်တော်မြို့နယ်၊(ဝက်မကျရွာနှင့်တင်းမရွာအကြား)တင်းမရွာသစ်ပတ်ဝန်းကျင်၌ကြိုကြားကြိုကြားရက်ဆက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့သည်။ဤနေရာပတ်ဝန်းကျင်၌တိုက်ပွဲများနေရာအနှံ့အပြား၌ဖြစ်ပွားနေခဲ့သည်မှာ (၂၁) ရက်အထိရှိလာခဲ့ပြီး တစ်ရက်ထက်တစ်ရက်တိုက်ပွဲများပြင်းထန်လာခဲ့သည်။

ကျောက်တော်မြို့နယ်၊တင်းမရွာ၊ အရှေ့မြောက်ဖက်(၁.၅) ကီလိုမီတာအကွာအဝေး၌ ဖေဖော်ဝါရီလ(၂၇) နံနက်(၇)နာရီ(၂၇)မိနစ်မှစတင်၍နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုများဖြင့်တိုက်ပွဲများ တစ်နေ့လုံးနီးပါးပြင်းထန်ခဲ့သည်။ ရန်သူသည် နံနက်(၁၁) နာရီ(၀၄) မိနစ်တွင် စစ်ရဟတ်ယာဉ်(၂) စီးဖြင့်စတင်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ညနေ(၉) နာရီအထိ အပြန်အလှန်ထိုးစစ်များဖြင့်တိုက်ပွဲများပြင်းထန်ခဲ့သည်။တိုက်ပွဲနောက်ဆက်တွဲများကိုဆက်လက်ရေးတင်သွားပါမည်။



ပလက်ဝမြို့နယ်၊မီးချောင်းတံတားအနီးမြန်မာ့တပ်မတော်၏လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်း(ဗျူဟာကုန်း) ပတ်ဝန်းကျင်၌ရက်ဆက်တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှော

ဖဖော်ဝါရီလ(၂၇) ရက်နေ့ဆိုလျှင်(၂၂) ရက်မြောက်နေ့သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ 

၎င်းဗျူဟာကုန်းပတ်ဝန်းကျင်အားဂျက်တိုက်လေယာဉ်(၂+၂+၁(၅)စီးဖြင့်စက်သေနတ်၊ရော့ကတ်များ၊ပေါက်ကွဲအားပြင်းထန်သော ဗုံးများဖြင့် တစ်နာရီကျော်မရပ်မနား လာရောက်တိုက်ခိုက်ခဲ့သည်။ (၂+၂+၁) ဆိုလိုသည်မှာ ဂျက်တိုက်လေယာဉ်များသည် ပထမ( ၂)စီးပြီးနောက် ၊နောက်ထပ်(၂) စီး၊ ထို့နောက်(၁) စီး တို့ဖြင့် ရှေ့ဆင့်နောက်ဆင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းအားဆိုလိုခြင်းဖြစ်သည်။

ညနေ(၆) နာရီ(၄၀) မိနစ်တွင် ပလက်ဝမြို့နယ်၊ ပွီဟုန်းရွာ၊ ရွာအတွင်းလူနေအိမ်(၁) လုံးအား ဂျက်လေယာဉ်တစ်စီးမှမှားယွင်းပစ်ခတ်မှုကြောင့်လူနေအိမ်(၁)လုံးအားထိမှန်ခဲ့သည်။ရွာသူရွာသားများအားထိမှန်ခြင်းလောလောဆယ်မသိရသေးပါ။

ဖေဖော်ဝါရီ(၂၇) ရက်နေ့တွင် မြန်မာ့တပ်မတော်သည် ပလက်ဝ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ အမ်း၊ တောင်ကုတ်အပါအဝင် ၎င်းတို့၏ စစ်ရေးအရေးနိမ့်နေသောနေရာများသို့ လူအင်အား၊ လက်နက်ခဲယမ်းဖြည့်ခြင်းများကို နေ့ခင်းပိုင်းထက် ညအချိန်များ၌ ခိုးကြောင်ခိုးဝှက်ရွေ့ပြောင်းခြင်းများကိုပြုလုပ်နေခဲ့သည်။

ရန်သူသည် မီးချောင်းဝ၊ဗျူဟာကုန်းသို့ ရိက္ခာ၊လက်နက်ခဲယမ်း၊ လူအင်အားများကို နည်းအမျိုးမျိုးဖြင့်ဖြည့်တင်းပေးရန် ဆက်လက်ကြိုးစားနေသော်လည်းမိမိတို့တပ်ဖွဲ့ဝင်များမှ အကောင်းဆုံးဟန့်တားထားနိုင်ဆဲပင်ဖြစ်သည်။

ထို့အပြင် လေကြောင်းမှ ဂျက်တိုက်လေယာဉ်များကို တပြိုင်နက်တည်း(၅) စီးအထိသုံးစွဲခဲ့ပြီး ပေါက်ကွဲမှုပိုမိုပြင်းထန်သော ဗုံးများကို သုံးစွဲလာသည်။ 

သတင်းနှင့် ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this