၂၀၂၀ ပြည့်နှစ်၊မေလ(၂) ရက်နေ့ရခိုင်ပြည်တိုက်ပွဲသတင်း

blog

Date : 04-May-2020

Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊မေလ(၂) ရက်နေ့ရခိုင်ပြည်တိုက်ပွဲသတင်း

၂၀၂၀ ပြည့်နှစ်၊ မေလ(၂) ရက်၊ နံနက် (၀၅)နာရီ (၁၀)မိနစ် တွင် မင်းပြားမြို့နယ်၊ ဖားပြိုရွာတောင်ဖက် (၂.၄)ကီလိုမီတာအကွာအဝေးရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာအား မြန်မာ့တပ်မတော်သည်  ကျူးကျော်ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ့ဖက်မှ အနည်းဆုံး (၅) ဦးကျဆုံးခဲ့သည်။ မေလ(၁) ရက်နေ့တွင်လည်း ဤပတ်ဝန်းကျင်၌ (၃) နာရီနီးပါးကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ ဖားပြိုရွာ၊ အရှေ့တောင်ဖက်(၁.၆) ကီလိုမီတာအကွာအဝေးရှိတောင်တန်း၌ တိုက်ပွဲပြင်းထန်ခဲ့သည်။ 

၂၀၂၀ ပြည့်နှစ်၊ မေလ(၂)ရက်နေ့၊ နံနက်(၁၀) နာရီ(၂၇) မိနစ်တွင်လည်း ပလက်ဝမြို့၊ ရပ်ဒုန်ရွာ မြောက်ဖက်(၁.၅) ကီလိုမီတာအကွာအဝေးရှိတောင်တန်း၌မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာအား မြန်မာ့တပ်မတော်မှ နှစ်ဖက်ညှပ်၍ တိုက်ခိုက်လာသောကြောင့်တိုက်ပွဲများဖြစ်ပွားခဲ့သည်။

နံနက်(၁၀) နာရီ(၂၇) မိနစ်ကျာ်မှ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့နောက်နေ့လယ်(၂) နာရီ(၃၀) မိနစ်မှ စ၍ လက်နက်ကြီးပစ်ကူများနှင့်အတူ မြေပြင်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ သို့သော်လည်း ရန်သူသည် နာရီဝက်ခန့်သာထိုးစစ်ပြုလုပ်ခဲ့ပြီး နောက်ဆုတ်သွား၍ တိုက်ပွဲထပ်မံမဖြစ်ပွားတော့ဘဲ အဝေးမှ လက်နက်ကြီးများဖြင့်သာပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

တိုက်ပွဲနောက်ဆက်တွဲများ နှင့်အခြားနေရာများ၌တိုက်ပွဲများရှိပါက ဆက်လက်တင်ပေးသွားပါမည်။ 

မိမိတို့အနေဖြင့် မြန်မာ့တပ်မတော်၏ ထိုးစစ်၊ စစ်ရေးလှုပ်ရှားမှု၊ ပြင်ဆင်မှု၊ ရွေ့လျားမှု၊ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှု၊ လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများကို ကြည့်၍ လိုအပ်လျှင်လိုအပ်သလို ခုခံကာကွယ်သွားမည်။

ရခိုင်ပြည်သူလူထုအား လူမျိုးရေးအရ ဦးတည်တိုက်ခိုက်နေသောတပ်ရင်းများကို လက်တုံ့ပြန်တိုက်ခိုက်သွားမည်။


သတင်း နှင့် ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .