၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၄/၅) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 05-Jan-2020

Nyo Twan Awng

#Unicode ဇန်နဝါရီ(၄/၅) ရက်များတွင်ဖြစ်ပွားခဲ့သောတိုက်ပွဲ(၆) နေရာအတွင်း ရန်သူ(၁၂) ဦးထက်မနည်းသုတ်သင်နိုင်ခဲ့ပြီး (၂၀) ဦးခန့်ဒဏ်ရာရရှိသည်အထိ အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့သည်။ "ဇန်နဝါရီလ-၄" ရက် ဇန်နဝါရီ(၄) ရက်နေ့တွင် မြေပုံမြို့နယ်၊စညှင်းရွာအရှေ့တောင်ဖက်(၁) ကီလိုမီတာ နှင့် (၂.၅) ကီလိုမီတာအကွာအဝေးရှိနေရာနှစ်ခု၌ နေ့လည်(၃) နာရီ(၃၀) မိနစ်နှင့် (၃) နာရီ(၄၅) မိနစ်အချိန်များတွင်တိုက်ပွဲများအသီးသီးဖြစ်ပွားခဲ့သည်။ အထိအခိုက်အကျအဆုံးများကို လောလောဆယ်မသိရသေးပါ။ ရသေ့တောင်၊ ဘူးသီးတောင်၊ပလက်ဝမြို့နယ်များ၌မိမိတို့အနေဖြင့် တိုက်ပွဲများဖြစ်ပွားခြင်းမရှိခဲ့သော်လည်း မြန်မာ့တပ်မတော်သည် ဒရုန်းများဖြင့် တိုက်ပွဲဖြစ်ပွားနေဆဲနေရာအချို့အားလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့အတူလက်နက်ကြီးများဖြင့်အကြိမ်အရေအတွက်အနည်းငယ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ "ဇန်နဝါရီလ-၅ ရက်" ပလက်ဝမြို့နယ်၊"ကြွယ်သောင်ရွာ"အရှေ့ဖက်၊(၅) ကီလိုမီတာအကွာအဝေးရှိ မိမိတို့ရှိရာနေရာသို့ ကျူးကျော်ဝင်ရောက်လာသော စစ်ရာဇဝတ်နယ်ချဲ့မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်၊ လှုပ်ရှားစစ်ကြောင်းတို့ သည် ဇန်နဝါရီလ(၅) ရက်၊ နံနက်(၁၁) နာရီ(၄၀) မိနစ်မှ နေ့လည်(၁၂) နာရီ(၃၀) မိနစ်ခန့်အထိ မိနစ်(၅၀) ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည် နှုန်းဘူးဗျူဟာမှလက်နက်ကြီး(၁၀၅မမ) ပစ်ကူများဖြင့် မိမိတို့အား ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သော်လည်း အာရက္ခစစ်သည်တော် များမှအကောင်းဆုံးဟန့်တားတိုက်ခိုက်နိုင်ခဲ့သည်။ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော စစ်ရာဇဝတ်တပ်သား(၆) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး (၁၂) ဦးခန့်ဒဏ်ရာရရှိသွားသည်အထိ ရန်သူ့ဖက်မှအထိနာခဲ့သည်။ ဇန်နဝါရီလ(၅) ရက်နေ့တွင် မြန်မာ့တပ်မတော်၏ မင်းပြားမြို့နယ်၊ ဖားပြိုရွာ"အရှေ့မြောက်ဖက်ရှိ စစ်ကြောင်းတစ်ခု(ခမရ-၅၅၆) တပ်ရင်း၏စစ်ကြောင်းတစ်ခုဟုယူဆ)အား ရက္ခိုင့်တပ်တော်မှ နံနက်(၆) နာရီ(၁၅) မိနစ်မှစတင်ပြီးတစ်နာရီခန့်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ရန်သူ(၄) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည့်အပြင် နောက်ထပ်ဒဏ်ရာရသူများရှိအောင် တိုက်ခိုက်နိုင်ခဲ့သည်။ မိမိတို့ဖက်မှ အလတ်စားဒဏ်ရာရသူ(၃) ဦးအထိရှိခဲ့သော်လည်း အကျအဆုံးမရှိခဲ့ပါ။ (၆၀) မမ(၁-လက်)၊ (၆၀မမ ဗုံးသီး(၁၃) လုံး၊ RPG ဗုံးသီး (၂) လုံးအပါအဝင် ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။ ဇန်နဝါရီလ(၅) ရက်၊ နံနက်(၁၀) နာရီ(၀၇) မိနစ်တွင် ရသေ့တောင်မြို့ဖက်မှ ထွက်လာသော အင်အား(၁၂၀) ခန့်ပါ ရန်သူ့စစ်ကြောင်းတစ်ခုအား သောင်းဒရားရွာမှ (၁) ကီလိုမီတာအကွာအဝေး၌ ရက္ခိုင့်တပ်တော်မှဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ ဇန်နဝါရီလ(၅) ရက်၊ညနေ(၅) နာရီခန့်တွင်လည်းဘူးသီးတောင်မြို့နယ်၊"ခမီးချောင်းရွာ" အရှေ့မြောက်ဖက်(၁.၆) ကီလိုမီတာအကွာအဝေးရှိတောင်တန်း၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ မြန်မာ့တပ်မတော်မှ မိမိတို့ရှိရာနေရာသို့ကျူးကျော်ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရန်သူသည်အထိအခိုက်အကျအဆုံးအချို့ဖြင့် နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ဆုတ်သွားခဲ့သည်။ ထို့နောက်အဝေးမှ လက်နက်ကြီးများဖြင့်သာပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ တိုက်ပွဲများအတွင်းသတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သောအာရက္ခစစ်သည်တော်များအားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ဇန္နဝါရီ(၄/၅) ရက္မ်ားတြင္ျဖစ္ပြားခဲ့ေသာတိုက္ပြဲ(၆) ေနရာအတြင္း ရန္သူ(၁၂) ဦးထက္မနည္းသုတ္သင္ႏိုင္ခဲ့ၿပီး (၂၀) ဦးခန္႔ဒဏ္ရာရရွိသည္အထိ အေကာင္းဆံုးခုခံတိုက္ခိုက္ႏိုင္ခဲ့သည္။ "ဇန္နဝါရီလ-၄" ရက္ ဇန္နဝါရီ(၄) ရက္ေန႔တြင္ ေျမပံုၿမိဳ႕နယ္၊စညႇင္းရြာအေရွ႕ေတာင္ဖက္(၁) ကီလိုမီတာ ႏွင့္ (၂.၅) ကီလိုမီတာအကြာအေဝးရွိေနရာႏွစ္ခု၌ ေန႔လည္(၃) နာရီ(၃၀) မိနစ္ႏွင့္ (၃) နာရီ(၄၅) မိနစ္အခ်ိန္မ်ားတြင္တိုက္ပြဲမ်ားအသီးသီးျဖစ္ပြားခဲ့သည္။ အထိအခိုက္အက်အဆံုးမ်ားကို ေလာေလာဆယ္မသိရေသးပါ။ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ပလက္ဝၿမိဳ႕နယ္မ်ား၌မိမိတို႔အေနျဖင့္ တိုက္ပြဲမ်ားျဖစ္ပြားျခင္းမရွိခဲ့ေသာ္လည္း ျမန္မာ့တပ္မေတာ္သည္ ဒ႐ုန္းမ်ားျဖင့္ တိုက္ပြဲျဖစ္ပြားေနဆဲေနရာအခ်ိဳ႕အားလာေရာက္ဗံုးႀကဲတိုက္ခိုက္ခဲ့သည္။ ထို႔အတူလက္နက္ႀကီးမ်ားျဖင့္အႀကိမ္အေရအတြက္အနည္းငယ္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ "ဇန္နဝါရီလ-၅ ရက္" ပလက္ဝၿမိဳ႕နယ္၊"ႂကြယ္ေသာင္ရြာ"အေရွ႕ဖက္၊(၅) ကီလိုမီတာအကြာအေဝးရွိ မိမိတို႔ရွိရာေနရာသို႔ က်ဴးေက်ာ္ဝင္ေရာက္လာေသာ စစ္ရာဇဝတ္နယ္ခ်ဲ႕ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္၊ လႈပ္ရွားစစ္ေၾကာင္းတို႔ သည္ ဇန္နဝါရီလ(၅) ရက္၊ နံနက္(၁၁) နာရီ(၄၀) မိနစ္မွ ေန႔လည္(၁၂) နာရီ(၃၀) မိနစ္ခန္႔အထိ မိနစ္(၅၀) ခန္႔တိုက္ပြဲျဖစ္ပြားခဲ့သည္။ ရန္သူသည္ ႏႈန္းဘူးဗ်ဴဟာမွလက္နက္ႀကီး(၁၀၅မမ) ပစ္ကူမ်ားျဖင့္ မိမိတို႔အား ထိုးစစ္ဆင္တိုက္ခိုက္လာခဲ့ေသာ္လည္း အာရကၡစစ္သည္ေတာ္ မ်ားမွအေကာင္းဆုံးဟန္႔တားတိုက္ခိုက္နိုင္ခဲ့သည္။ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ေသာ စစ္ရာဇဝတ္တပ္သား(၆) ဦးအားသုတ္သင္ရွင္းလင္းႏိုင္ခဲ့ၿပီး (၁၂) ဦးခန္႔ဒဏ္ရာရရွိသြားသည္အထိ ရန္သူ႔ဖက္မွအထိနာခဲ့သည္။ ဇန္နဝါရီလ(၅) ရက္ေန႔တြင္ ျမန္မာ့တပ္မေတာ္၏ မင္းျပားၿမိဳ႕နယ္၊ ဖားၿပိဳရြာ"အေရွ႕ေျမာက္ဖက္ရွိ စစ္ေၾကာင္းတစ္ခု(ခမရ-၅၅၆) တပ္ရင္း၏စစ္ေၾကာင္းတစ္ခုဟုယူဆ)အား ရကၡိဳင့္တပ္ေတာ္မွ နံနက္(၆) နာရီ(၁၅) မိနစ္မွစတင္ၿပီးတစ္နာရီခန္႔ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။ ရန္သူ(၄) ဦးအားသုတ္သင္ရွင္းလင္းႏိုင္ခဲ့သည့္အျပင္ ေနာက္ထပ္ဒဏ္ရာရသူမ်ားရွိေအာင္ တိုက္ခိုက္ႏိုင္ခဲ့သည္။ မိမိတို႔ဖက္မွ အလတ္စားဒဏ္ရာရသူ(၃) ဦးအထိရွိခဲ့ေသာ္လည္း အက်အဆံုးမရွိခဲ့ပါ။ (၆၀) မမ(၁-လက္)၊ (၆၀မမ ဗံုးသီး(၁၃) လံုး၊ RPG ဗံုးသီး (၂) လံုးအပါအဝင္ ခဲယမ္းႏွင့္ စစ္အသံုးအေဆာင္ပစၥည္းအခ်ိဳ႕ကို သိမ္းဆည္းရမိခဲ့သည္။ ဇန္နဝါရီလ(၅) ရက္၊ နံနက္(၁၀) နာရီ(၀၇) မိနစ္တြင္ ရေသ့ေတာင္ၿမိဳ႕ဖက္မွ ထြက္လာေသာ အင္အား(၁၂၀) ခန္႔ပါ ရန္သူ႔စစ္ေၾကာင္းတစ္ခုအား ေသာင္းဒရားရြာမွ (၁) ကီလိုမီတာအကြာအေဝး၌ ရကၡိဳင့္တပ္ေတာ္မွျဖတ္ေတာက္တိုက္ခိုက္ခဲ့သည္။ ဇန္နဝါရီလ(၅) ရက္၊ညေန(၅) နာရီခန္႔တြင္လည္းဘူးသီးေတာင္ၿမိဳ႕နယ္၊"ခမီးေခ်ာင္းရြာ" အေရွ႕ေျမာက္ဖက္(၁.၆) ကီလိုမီတာအကြာအေဝးရွိေတာင္တန္း၌ တိုက္ပြဲျဖစ္ပြားခဲ့သည္။ ျမန္မာ့တပ္မေတာ္မွ မိမိတို႔ရွိရာေနရာသို႔က်ဴးေက်ာ္ဝင္ေရာက္လာေသာေၾကာင့္ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ရန္သူသည္အထိအခိုက္အက်အဆံုးအခ်ိဳ႕ျဖင့္ နာရီဝက္ခန္႔တိုက္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ဆုတ္သြားခဲ့သည္။ ထို႔ေနာက္အေဝးမွ လက္နက္ႀကီးမ်ားျဖင့္သာပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ တိုက္ပြဲမ်ားအတြင္းသတၱိေျပာင္ေျမာက္စြာတိုက္ပြဲဝင္ခဲ့ေသာအာရကၡစစ္သည္ေတာ္မ်ားအားဂုဏ္ျပဳမွတ္တမ္းတင္အပ္ပါသည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this