၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 25-Feb-2020

Nyo Twan Awng

ဖေဖော်ဝါရီ(၅)ရက်နေ့မှစတင်ဖြစ်ပွားခဲ့သောရန်သူ့ဗျူဟာကုန်းပတ်ဝန်းကျင်၌ရက်ဆက်တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာယနေ့ ဖေဖော်ဝါရီလ(၂၅) ရက်နေ့ဆိုလျှင်(၂၀) ရက်မြောက်နေ့သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သို့သော်လည်းယခင်နေ့ရက်များကဲ့သို့ဗျူဟာကုန်းပတ်ဝန်းကျင်၌အပြန်အလှန်ထိုးစစ်တိုက်ပွဲများမှာကြီးကြီးမားမားဖြစ်ပွားခဲ့ခြင်းမရှိဘဲရန်သူ၏စစ်ကူစစ်ကြောင်းများနှင့်ရက္ခိုင့်တပ်တော်၊ဖြတ်တောက်ရေးစစ်ကြောင်းတို့သည် နေရာအချို့၌တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ 

ဖေဖော်ဝါရီ(၂၅) ရက်နေ့တွင် မြေပုံ၊ မင်းပြား၊ အမ်း မြို့နယ်အတွင်း၌တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။

(၁)မြေပုံမြို့နယ်၊စညှင်းရွာ၏အရှေ့မြောက်ဖက်(၄.၄)ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင်နံနက်(၈)နာရီနှင့်နံနက်(၁၀)နာရီ(၀၈)မိနစ်များ၌၎င်းပတ်ဝန်းကျင်ရှိနေရာ(၂)နေရာ၌တိုက်ပွဲများရှေ့ဆင့်နောက်ဆင့်ဖြစ်ပွားခဲ့သည်။တပ်မ(၆၆)လက်အောက်ခံ၊စမွယ်အခြေစိုက်၊ခမရ(၁၀)သည်မိမိတို့ရှိရာနေရာသို့ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့်တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ယမန်နေ့ကလည်းဤနေရာဝန်းကျင်၌တိုက်ပွဲများရှိခဲ့သည်။တိုက်ပွဲနောက်ဆက်တွဲများကိုလောလောဆယ်မသိရသေးပါ။တပ်မ(၆၆)လက်အောက်ခံ၊ခမရ(၁၀)ထံမှရန်သူ့အလောင်းအချို့နှင့်စစ်အသုံးအဆောင်ပစ္စည်း၊လက်နက်ခဲယမ်း၊စာရွက်စာတမ်းအချို့အားသိမ်းဆည်းရမိခဲ့သည်။






(၂)ထို့အပြင် မင်းပြားမြို့နယ်၊ မင်းရွာ၊ အရှေ့တောင်ဖက်(၁.၁) ကီလိုမီတာအကွာအဝေးရှိ Point 114( ပွိုင့်-၁၁၄) တောင်တန်းတွင်သည် ရန်သူသည် မိမိတို့ရှိရာနေရာသို့ အင်အား(၁၀၀) ကျော်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။နှစ်ဖက်အပြန်အလှန်ထိုးစစ်များအတွင်းရန်သူ့ဖက်မှ အထိအခိုက်အကျအဆုံးများသကဲ့သို့ မိမိတို့ဖက်မှလည်း ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်။ 

(၃)အမ်းမြို့နယ်၊(အနောက်) ဒါးလက်ရွာ၏ အနောက်တောင်ဖက်(၂.၆) ကီလိုမီတာအကွာအဝေးရှိ တောင်တန်းပေါ်တွင်လည်း နေ့လယ်(၁၂) နာရီ(၄၀) မိနစ်မှစတင်ပြီးတိုက်ပွဲများဖြစ်ပွားခဲ့သည်။

ယနေ့ဖြစ်ပွားခဲ့သောတိုက်ပွဲ(၄)နေရာအတွင်းမိမိတို့ဖက်မှအာရက္ခစစ်သည်(၃)ဦးတိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။

သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သောအာရက္ခစစ်သည်တော်များနှင့်ရဲဝံ့စွာတိုက်ပွဲဝင်ရင်းတိုင်းပြည်နှင့်လူမျိုးအတွက်အသက်၊ခန္ဓာ၊ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသောအာရက္ခစစ်သည်တော်များအားလေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ 

နောက်ထပ်တိုက်ပွဲများ နှင့်တိုက်ပွဲနောက်ဆက်တွဲများရှိပါကဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this