WFP နှင့်ပတ်သက်၍ နိုင်ငံရေးအရ လီဆယ်ထုတ်ပြန်ထားသော သတင်းများအပေါ် ULA/AA မှ ရှင်းလင်းချက် - အပိုင်း(၂)

blog

Date : 05-May-2020

Nyo Twan Awng

ဗမာလူမျိုးရေးအစွန်းရောက် စစ်ရာဇဝတ်ကောင် မြန်မာ့တပ်မတော်၊ မြန်မာအစိုးရ၏ နိုင်ငံတော်သမ္မတရုံး နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မှ WFP နှင့်ပတ်သက်၍ နိုင်ငံရေးအရ လီဆယ်ထုတ်ပြန်ထားသော သတင်းများအပေါ် ULA/AA မှ ရှင်းလင်းချက် - အပိုင်း(၂)




(၁၂) မြန်မာအစိုးရ နှင့် မြန်မာ့တပ်မတော်တို့သည် WFP ၏ စားနပ်ရိက္ခာများကို သယ်ဆောင်လာသည့် ကုန်တင်ယာဉ်ကားများကို အသုံးချ၍ မိမိတို့ ULA/AA အား နိုင်ငံရေးအရလုပ်ကြံရန်အတွက် ကြိုတင်ပြင်ဆင်ထားသည်ကို အောက်ပါအချက်များကိုကြည့်၍သိမြင်နိုင်ပါသည်။

(က) WFP ကားအပစ်ခံရသည့်နေ့ (၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၉) ရက်၊ ညနေ (၆) နာရီ (၂၀) မိနစ်၌ စစ်ရာဇဝတ်ကောင် မြန်မာ့တပ်မတော်အနေဖြင့် ၎င်းတို့အကောက်ကြံ ကြိုတင်ပြင်ဆင်ထားသည့် စီမံချက်အတိုင်း အဆိုပါ WFP ကားများကို (ညမထွက်ရအမိန့် ထုတ်ပြန်ထားသောဒေသများအတွင်း) ညအချိန်၌ ခရီးသွားလာခွင့်ပြုခြင်း။

(ခ) တိုက်ပွဲများဖြစ်ပွားနေသောနေရာ၌ ညမထွက်ရအမိန့်ထုတ်ပြန်ထားသောနေရာများသို့ WFP ၏ ကုန်တင်ယာဉ်များအား ညအချိန်၌သွားလာခိုင်းပြီး ထိုသို့သွားလာနေသည့်ကားအစီးပေါင်း မြောက်မြားစွာထဲမှ WFP ကား (၅) စီးထဲမှ (၃) စီးကိုသာ တသီးတသန့်အပစ်ခံရခြင်းဆိုသည်မှာ လုပ်ကြံဇာတ်လမ်းဆင်ထားပုံ သိသာလွန်းနေခြင်း၊ ယုတ္တိမဲ့လွန်းသောလုပ်ဇာတ်ဖြစ်နေခြင်း။

(ဂ) WFP ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများ နှင့် လက်နက်ကိုင်အဖွဲ့အစည်း (မြန်မာ့တပ်မတော်) တို့အကြား လိုက်နာရမည့်စည်းကမ်းများကို မြန်မာ့တပ်မတော်မှ လေးစားလိုက်နာမှုမရှိသည့်အပြင် ဖောက်ဖျက်ထားခြင်း။ ( UNDSS- United Nations Department for Safety and Security ကိုဆိုလိုခြင်းဖြစ်သည်)

(ဃ) ဘေးကင်းလုံခြုံရေးစည်းမျဉ်းစည်းကမ်းများ၊ လုပ်ဆောင်ချက်များအရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များ သယ်ဆောင်လာသည့် ယာဉ်တန်းများသည် တိုက်ပွဲဖြစ်ပွားလျက်ရှိသော အန္တရာယ်ရှိသည့်နယ်မြေ များအား ဖြတ်သန်းသွားလာခြင်းအား တားမြစ်ရမည့်အစား မြန်မာ့တပ်မတော်မှ ခွင့်ပြုသွားလာခွင့်ပေးခြင်း။







(င) WFP ၏ ခရီးစဉ်အစအဆုံးသည် မြန်မာအစိုးရ နှင့် မြန်မာ့တပ်မတော်တို့၏ စီမံခန့်ခွဲမှုအောက်တွင် လုပ်ဆောင်နေရသောကြောင့် ခရီးစဉ်လုံခြုံရေး နှင့်ပတ်သက်၍ ရိုးသားမှုမရှိသော အချက်အလက်များကိုတွေ့ရှိရခြင်း စသည်တို့ဖြစ်သည်။

(၁၃) မြန်မာအစိုးရ နှင့် မြန်မာ့တပ်မတော်တို့သည် အဆိုပါကိစ္စနှင့်ပတ်သက်၍ ပူးပေါင်းကာ ကြိုတင်ကြံစည် ထောင်ချောက်ထဲဆွဲသွင်းခြင်း စသည့် ယုတ်မာသောလုပ်ရပ်များကို အထင်အရှားတွေ့မြင်နိုင်ပါသည်။ မိမိတို့အဖွဲ့အစည်းအပေါ် နိုင်ငံရေးအရလုပ်ကြံမှုတစ်ခုသာဖြစ်ကြောင်းကိုလည်း မြန်မာ့အစိုးရ နှင့် မြန်မာ့တပ်မတော်တို့ တစ်ဖက်သတ်စွပ်စွဲပြောဆိုချက်များ၊ ထုတ်ပြန်ချက်များ၏ရှေ့နောက်မညီမှု နှင့် လုပ်ရပ်များကိုကြည့်၍လည်း ထင်ရှားစွာသိမြင်နိုင်ပါသည်။

မြန်မာအစိုးရပိုင် MRTV ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြပါရှိသော WFP ကားတန်းအပစ်ခံရသည့်အချိန်မှာ မြေပြင်၌ ပကတိဖြစ်ပျက်ခဲ့သောအချိန် နှင့် ကွဲလွဲနေပါသည်။

( MRTV သတင်းတွင် ရက္ခိုင့်တပ်တော်မှ ပစ်ခတ်တိုက်ခိုက်သည့်အချိန်သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၉) ရက်၊ ည (၇) နာရီ (၄၅) မိနစ် ဟု ဖော်ပြပြီး အဆိုပါ Post အား များမကြာမီပြန်လည်ဖျက်ဆီးခဲ့သည်။ ယခုအချိန်၌ ၎င်း Post အား မတွေ့ရတော့ပါ။

(၁၄) ထို့အပြင် ဆက်သွယ်ရေးအင်တာနက်လိုင်းများကို ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ကမ္ဘာ့အရှည်ကြာဆုံး ဖြတ်တောက်ထားခြင်း၊ သတင်းမီဒီယာသမားများ နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ်ထားခြင်း၊ သတင်းသမားများအနေဖြင့် အမှန်တရားကိုမရေးသားရဲအောင် ခြိမ်းခြောက်ထားခြင်းမှာ စစ်ရာဇဝတ်မှုများကို ကျူးလွန်ရန်နှင့် ယခုကဲ့သို့သော လုပ်ကြံဖန်တီးထားသော လုပ်ရပ်များကိုလုပ်ဆောင်ပြီး မိမိတို့အဖွဲ့အစည်းအား ချောက်ချရန်အတွက်သာဖြစ်သည်။



၁၅) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များအတွက် ကူညီပံ့ပိုးပေးနေသော ICRC ၊ WFP ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများ၊ အမှန်တကယ်အကူအညီလိုအပ်နေသူများလက်ထဲသို့ စားနပ်ရိက္ခာပစ္စည်းများ အမြန်ဆုံးရောက်ရှိအောင် ကူညီဆောင်ရွက်ပေးနေသောဖွဲ့အစည်းများ နှင့် လူပုဂ္ဂိုလ်များကို မိမိတို့အနေဖြင့် တတ်နိုင်သည်များကို အကောင်းဆုံး နှင့် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ၎င်းအဖွဲ့အစည်းများကိုလည်း ဆက်လက်ပံ့ပိုးကူညီပေးကြပါရန်တိုက်တွန်းအပ်ပါသည်။

အပိုင်း(၃) အားဆက်လက်ဖော်ပြပေးပါမည်။


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .