မြန်မာ့တပ်မတော်၏စစ်သင်္ဘောမှပစ်ခတ်မှုကြောင့်အမြင့်ကျွန်းကျေးရွာမှအရပ်သားများသေဆုံးဒဏ်ရာရမှုဖြစ်ပွား

blog

Date : 10-Jun-2020

မြန်မာ့တပ်မတော်၏ စစ်သင်္ဘောပေါ်မှ မည်သည့်တိုက်ပွဲမျှဖြစ်ပွားခဲ့ခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ သက်ကြီးပိုင်းအရပ်သား (၁) ဦးသေဆုံး၊ (၄) ဦးဒဏ်ရာရရှိခဲ့သည်သာမက အမြင့်ကျွန်း ရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်အချို့ဒဏ်ရာရရှိ

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၀) ရက်

မြန်မာ့တပ်မတော်သည် ရခိုင်ဒေသအတွင်း စစ်ဆင်ရေးများကို Covid-19 ထိန်းချုပ်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တိုက်ဖျက်ရေးကာလအတွင်း၌ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။ 

ညအချိန်များတွင် ကုန်းလမ်းမှ မသွားရဲသောကြောင့် ရေလမ်းများမှ စစ်သင်္ဘောများဖြင့် ခိုးကြောင်ခိုးဝှက်သွားလာနေကြသည်။ တစ်ပြိုင်နက်တည်းတွင် ရေလမ်းကြောင်းဖြင့်သွားလာရာတွင် မြစ်၊ ချောင်း ဝဲယာနံဘေးတစ်လျှောက်ရှိ ရခိုင်ကျေးရွာများအား မြန်မာ့တပ်မတော်သည် ကျူးကျော်သူနယ်ချဲ့တပ်တို့၏ စိတ်နေစိတ်ထားတို့နှင့်အတူ လူမျိုးရေးအမုန်းတရားများကိုအခြေခံ၍ နေ့၊ ည အချိန်မရွေး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စစ်သဘောင်္များပေါ်မှ ပစ်ခတ်တိုက်ခိုက်နေခဲ့သည်မှာ ကြိမ်ဖန်များစွာရှိခဲ့ပြီဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၀) ရက်၊ နံနက် (၀၀) နာရီ (၂၆) မိနစ်တွင် မြန်မာ့တပ်မတော်၏ စစ်သင်္ဘောပေါ်မှ လူမျိုးရေးအမုန်းတရားများဖြင့် မိနစ်သုံးဆယ်ခန့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် အသက် (၈၅) နှစ်အရွယ် အဖွားအိုတစ်ဦးသေဆုံးကာ၊ အမျိုးသမီး (၃) ဦး၊ အမျိုးသား (၁) ဦး လက်နက်ကြီးစထိမှန်၍ ဒဏ်ရာရသည့်အပြင် အမြင့်ကျွန်း ရဲစခန်းအတွင်း၌ပါ လက်နက်ကြီးထိမှန်၍ ရဲစခန်းမှ စခန်းမှူး-ဗိုလ် မျိုးသက်ထွန်းအပါအဝင် ရဲတပ်ဖွဲ့ဝင်အချို့လက်နက်ကြီးစထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ အမြင့်ကျွန်းရွာမှ လူနေအိမ်အချို့ထိခိုက်ပျက်စီးခဲ့သည်။

အသက် (၈၅) နှစ်အရွယ်၊ ဒေါ်ဂျော်ဂျီမ မှာ ၎င်းနေအိမ်၌ပင် မြန်မာ့တပ်မတော်၏ စစ်သင်္ဘောပေါ်မှ ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့သည်။

ဒေါ်ဆန်းဆန်းယဉ်၊ အသက် (၄၄) နှစ်၊ ဒေါ်မိုးနုစိန်၊ အသက် (၆၅) နှစ်၊ မနန္ဒာဝင်း၊ အသက် (၁၃) နှစ်နှင့် ဦးကျော်မြင့်၊ အသက် (၄၂) နှစ်တို့ လေးဦးမှာ စစ်သင်္ဘောပေါ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ မြန်မာ့တပ်မတော်၏ စစ်သင်္ဘောပေါ်မှ ညသန်းခေါင်အချိန်၌ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အမြင့်ကျွန်းရဲစခန်းမှ စခန်းမှူး ဗိုလ် မျိုးသက်ထွန်းမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အပြင် အခြားရဲတပ်ဖွဲ့ဝင်အချို့မှာလည်း လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့သည်။

ရခိုင်ပြည်သူလူထုအား ပစ်မှတ်ထားတိုက်ခိုက်နေသော စစ်ရာဇဝတ်တပ်ဖွဲ့ မြန်မာ့တပ်မတော်အား ရခိုင်ပြည်သူများမှ ရခိုင်ပြည်အတွင်းရှိနေသည်ကိုမလိုလားကြချေ။ ထို့ကြောင့် ULA/AA မှ မြန်မာ့တပ်မတော် အပါအဝင် မြန်မာအစိုးရ၏လက်နက်ကိုင်တပ်ဖွဲ့များအားလုံး၊ မြန်မာအစိုးရ၏ အုပ်ချုပ်ရေးယန္တရားများအားလုံး ရခိုင်ပြည်အတွင်းမှ အမြန်ဆုံးထွက်ခွာရန် ၂၀၂၀ ပြည့်နှစ်၊ မေလ (၂၉) ရက်နေ့ရက်စွဲဖြင့် သတိပေးခဲ့ပြီးဖြစ်သည်။ ရခိုင်ပြည်သူလူထုအား သတ်ဖြတ်နေသော မြန်မာ့တပ်မတော်၏ တပ်ရင်း၊ စစ်ကြောင်းများကို လက်စားချေတုံ့ပြန်သွားမည်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this