မြန်မာ့တပ်မတော်၏ တစ်ဖက်သတ်စွပ်စွဲချက်များမှာ ဟုတ်မှန်မှုမရှိကြောင်း ငြင်းဆိုသည့် ထုတ်ပြန်ကြေညာချက်

blog

Date : 02-May-2020

အမှတ် (၂၄/၂၀၂၀)
၁၃၈၂ ခုနှစ်၊ ကဆုန်လဆန်း (၁၀) ရက်
၂၀၂၀ ပြည့်နှစ်၊ မေလ (၁) ရက်

WFP မှ ဆန်အိတ်များကိုသယ်ဆောင်လာသော ကုန်တင်ယာဉ်များနှင့်ဆက်စပ်ပတ်သက်၍ မိမိတို့အဖွဲ့အစည်းအပေါ် စစ်ရာဇဝတ်တပ်ဖွဲ့ဖြစ်သော မြန်မာ့တပ်မတော်၏ တစ်ဖက်သတ်စွပ်စွဲချက်များမှာ ဟုတ်မှန်မှုမရှိကြောင်း ငြင်းဆိုသည့် ထုတ်ပြန်ကြေညာချက်

“ပလက်ဝဒေသအတွင်းရှိ စစ်ဘေးရှောင်နှင့် ဒေသခံပြည်သူလူထုများအတွက် WFP မှထောက်ပံ့သော ဆန်အိတ်များနှင့် အခြားအဖွဲ့အစည်းများ၏ ထောက်ပံ့သောပစ္စည်းများကို သယ်ဆောင်လာသည့် ကုန်တင်ယာဉ် များအား ရက္ခိုင့်တပ်တော်မှ နှောင့်ယှက်ပစ်ခတ်သည်” ဟူသော ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၃၀) ရက်နေ့၌ ဗမာလူမျိုးရေးအစွန်းရောက် စစ်ရာဇဝတ်ကောင်များမှ တစ်ဖက်သတ်ထုတ်ပြန်စွပ်စွဲထားသည့်သတင်းမှာ မိမိတို့အဖွဲ့အစည်းအပေါ် နိုင်ငံရေးအရထိုးနှက်တိုက်ခိုက်သည့် သတင်းအမှားသာဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၉) ရက်နေ့တွင်ဖြစ်ပျက်ခဲ့သော အဆိုပါအဖြစ်အပျက်မှာ မိမိတို့အဖွဲ့အစည်းနှင့် လုံးဝသက်ဆိုင်ခြင်းမရှိဘဲ မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်တို့မှ အခြေအနေပိုမိုရှုပ်ထွေးစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးလုပ်ကြံကြသည့် နိုင်ငံရေးညစ်လုံးတစ်ခုလည်းဖြစ်ပါသည်။ ဤကဲ့သို့သော တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် မိမိတို့အဖွဲ့အစည်းအပေါ် အပြစ်ပုံချပြီး အောက်တန်းကျသည့်လုပ်ရပ်နှင့် အများပြည်သူများ၏လုံခြုံရေးကို ထိခိုက်စေသောလုပ်ရပ်အားပြုလုပ်သည့် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်ကို ပြင်းထန်စွာရှုတ်ချပါသည်။
မြန်မာ့တပ်မတော်သည် WFP ကုန်တင်ယာဉ်အား ယခုကဲ့သို့ထောင်ချောက်ဆင်ပြီး ပစ်ခတ်တိုက်ခိုက် ခဲ့သကဲ့သို့ ICRC နှင့် WHO ပိုင်မော်တော်ယာဉ်များကို အလားတူ ထောင်ချောက်ဆင် ပစ်ခတ်ခဲ့ခြင်းပင် ဖြစ်သည်။ အခြားတစ်ဖက်တွင် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်သည် ULA/AA အား ပုဒ်မအမျိုးမျိုးတပ်၍ နိုင်ငံရေးအကျပ်အတည်းဖြစ်စေရန် ၎င်းတို့၏ လုပ်ပိုင်ခွင့်များနှင့် အာဏာများကိုအသုံးချပြီး လူမျိုးရေး အမုန်းတရားများဖြင့် ဘက်ပေါင်းစုံမှ နည်းလမ်းအမျိုးမျိုးဖြင့် ထိုးနှက်တိုက်ခိုက်လျက်ရှိသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် လူသားချင်းစာနာမှုအားဖြင့် အကူအညီပေးနေကြသော နိုင်ငံတကာ အဖွဲ့အစည်းများအား မိမိတို့တတ်နိုင်သည့်အကာအကွယ်နှင့် အကူအညီပေးလျက်ရှိပါသည်။ လူသားချင်းစာနာမှုဖြင့် အကူအညီပေးနေသော WFP အနေဖြင့်လည်း မြေပြင်၏လက်တွေ့အခြေအနေ အမှန်တရားများကို အများပြည်သူ သိရှိအောင် ရှင်းလင်းထုတ်ပြန်သင့်ပါကြောင်း မိမိတို့ ULA/AA ၏သဘောထားအား ထုတ်ပြန်ကြေညာအပ်ပါသည်။


ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တေ


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .