၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၅) ရက်၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 26-Nov-2019

Nyo Twan Awng

#Unicode ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၅) ရက်နေ့၌ ပလက်ဝ၊ ကျောက်တော်၊ ရသေ့တောင်၊ပုဏ္ဏားကျွန်းမြို့နယ်များ၌တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။ နိုဝင်ဘာလ(၂၅) ရက်တစ်နေ့တည်းတွင် မြန်မာ့တပ်မတော်ဖက်မှ (မိမိတို့မှတ်တမ်းများအရ) မျက်မြင်သေဆုံးသူ(၁၅) ဦးအထက်ရှိခဲ့သည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၄) ရက်၊ ညသန်းခေါင်(၁၂) နာရီပတ်ဝန်းကျင် တွင်ရက္ခိုင့်တပ်တော်မှ ပလက်ဝမြို့နယ်၊ကျောက်ဖျာရွာ နှင့် ဆင်အိုးဝရွာအကြားနှင့် နိုဝင်ဘာလ(၂၅) ရက်၊နံနက်(၁) နာရီ(၂၈) မိနစ်အချိန်တွင် ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်ရွာ နှင့် တင်းမရွာသစ်အကြားတွင် မြန်မာ့တပ်မတော်၏ စစ်သည်၊စစ်လက်နက်ပစ္စည်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ၊ရိက္ခာများကို ပလက်ဝသို့ ပို့ဆောင်ပြီးပြန်ဆင်းလာသော စစ်သဘောၤ(၃) စီး၊ Speed Boat (၂)စီးပါစစ်ရေယာဉ်စုအားရက္ခိုင့်တပ်တော်မှလက်နက်ကြီးများဖြင့် ဒုတိယအကြိမ်နေရာ(၂) နေရာ၌ရှေ့ဆင့်နောက်ဆင့်ထပ်မံတိုက်ခိုက်ခဲ့သည်။ အဆိုပါ စစ်ရေယာဉ်စုအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၄) ရက်၊ (မိုးလင်းအာရုံ) နံနက်(၃) နာရီ(၅၅) မိနစ်အချိန်တွင်ပလက်ဝမြို့နယ်၊ "ကျောက်ဖျာရွာ"အနီး၌ ရက္ခိုင့်တပ်တော်မှပထမအကြိမ်တိုက်ခိုက်ခဲ့သည်။ ထို့နောက်မြန်မာ့တပ်မတော်၏စစ်သဘောၤများသည် မြစ်ကမ်းနံဘေးတလျှောက်စစ်သဘောၤများပေါ်မှရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာများအတွင်းရှိလူနေအိမ်များပျက်စီးခဲ့ပြီးအရပ်သားအချို့အားထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်။ မြန်မာ့တပ်မတော်သည် စစ်သည်၊လက်နက်ခဲယမ်း၊ရိက္ခာအပြောင်းအရွှေ့များတွင် ကုန်းလမ်းအားမသုံးရဲတော့၍ ရေလမ်းကြောင်းများမှတဆင့်ညအချိန်များ၌ခိုးကြောင်ခိုးဝှက်သွားလာနေကြရသည်။ ရက္ခိုင့်တပ်တော်အနေဖြင့် တိုက်ပွဲဖြစ်ပွားနေသောဒေသ၊ မြန်မာ့တပ်မတော်၏ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်နေသောဒေသ၊ ညမထွက်ရအမိန့်ထုတ်ပြန်ထားသောဒေသများ၌ စစ်ဆင်ရေးကာလအတွင်း စစ်ရေးလိုအပ်ချက်အရယခုကဲ့သို့တိုက်ခိုက်ရခြင်းဖြစ်သည်။ တပြိုင်နက်တည်းတွင် ကုန်းလမ်း၊ရေလမ်း ခရီးသွားလုပ်ငန်းများကိုလုပ်ကိုင်နေကြသောလုပ်ငန်းရှင်များအနေဖြင့် ယခုကဲ့သို့ညအချိန်များ၌ ခိုးကြောင်ခိုးဝှက်ခရီးသွားလာခြင်းများမပြုကြရန်ထပ်မံအသိပေးအပ်ပါသည်။ ၂၀၁၉ ခုနှစ်၊နိုဝင်ဘာလ(၂၅) ရက်၊ နံနက်(၉) နာရီ(၃၀) မိနစ်တွင် ရသေ့တောင်မြို့နယ်၊ အမျက်တောင်ရွာအနီးတွင် အမျက်တောင်ရွာအားမီးရှို့ဖျက်ဆီးခဲ့သော စစ်ရာဇဝတ်နယ်ချဲ့တပ်ဖွဲ့( မြန်မာ့တပ်မတော်) အား သတိပေးတိုက်ခိုက်ခဲ့သည်။ ရသေ့တောင်မြို့နယ်တောင်ဖက်၊ (၂.၆) ကီလိုမီတာအကွာအဝေးရှိ မေယုမြစ်အတွင်း ရန်သူ့စစ်ရေယာဉ်စုအား နေ့လည်(၃) နာရီ(၁၀) မိနစ်တွင် ရက္ခိုင့်တပ်တော်မှ နောက်ထပ်တစ်ကြိမ်ထပ်မံတိုက်ခိုက်ခဲ့သည်။ ထို့အပြင် လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်နေသော ရသေ့တောင်မြို့၊အခြေစိုက် ခမရ (၅၃၆) နှင့် ခမရ(၅၃၇) တပ်ရင်းတို့အား ညနေ(၆) နာရီခန့်တွင်တစ်ကြိမ်၊ည(၈) နာရီ (၁၅) မိနစ်တွင်တစ်ကြိမ် ရက္ခိုင့်တပ်တော်မှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊နိုဝင်ဘာလ(၂၅) ရက်၊ နံနက်(၁၀) နာရီ(၁၀)မိနစ် မှစ၍ နယ်ချဲ့ကျူးကျော်သူမြန်မာ့တပ်မတော်၏စစ်ကြောင်းတစ်ခုသည် ပုဏ္ဏားကျွန်းမြို့နယ်၊ "ကြက်ချေးရွာ" အနောက်မြောက်ဖက်(၁.၈) ကီလိုမီတာအကွာအဝေးရှိမိမိတိုလှုပ်ရှားစစ်ကြောင်းတစ်ခုအား ထိုးစစ်ဆင်တိုက်ခိုက်မှုကိုစတင်ပြုလုပ်ခဲ့သည်။ ရန်သူသည် အဆိုပါနေရာအား ကန်ဇောက်၊ရသေ့တောင်-ရေစိုးချောင်းဗျူဟာအပါအဝင် နေရာ(၃) နေရာမှ လက်နက်ကြီးများစုပြုံပစ်ခတ်နေခဲ့သည်မှာ (၄/၅) ရက်ခန့်ရှိပြီဖြစ်သည်။ နိုဝင်ဘာ(၂၅) ရက်တွင်မှ ရဟတ်ယာဉ်(၂) စီးအပါအဝင် မြေပြင်၊ဝေဟင်မှထိုးစစ်ကိုစတင်ပြုလုပ်ခြင်းဖြစ်သည်။ ရက္ခိုင့်တပ်တော်မှ သတ္တိပြောင်မြောက်စွာဖြင့် ရန်သူ့ထိုးစစ်အားအကောင်းဆုံးဟန့်တားတိုက်ခိုက်နိုင်ခဲ့သည်။ ဘူးသီးတောင်မြို့နယ်၊ "ဆင်သေပြင်ရွာ" မြောက်ဖက်၊ (၆၅၀) မီတာအကွာအဝေးရှိ ရန်သူအား ည(၁၀) နာရီ(၃၅) မိနစ်တွင် ရက္ခိုင့်တပ်တော်မှ မိနစ်(၃၀) ခန့်သွားရောက်တိုက်ခိုက်ခဲ့သည်။ အထိအခိုက်အကျအဆုံးများကိုမသိရသေးပါ။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ(၂၅) ရက္ေန႔၌ ပလက္ဝ၊ ေက်ာက္ေတာ္၊ ရေသ့ေတာင္၊ပုဏၰားကြ်န္းၿမိဳ႕နယ္မ်ား၌တိုက္ပြဲမ်ားဆက္လက္ရွိေနခဲ့သည္။ ႏိုဝင္ဘာလ(၂၅) ရက္တစ္ေန႔တည္းတြင္ ျမန္မာ့တပ္မေတာ္ဖက္မွ (မိမိတို႔မွတ္တမ္းမ်ားအရ) မ်က္ျမင္ေသဆံုးသူ(၁၅) ဦးအထက္ရွိခဲ့သည္။ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ(၂၄) ရက္၊ ညသန္းေခါင္(၁၂) နာရီပတ္ဝန္းက်င္ တြင္ရကၡိဳင့္တပ္ေတာ္မွ ပလက္ဝၿမိဳ႕နယ္၊ေက်ာက္ဖ်ာရြာ ႏွင့္ ဆင္အိုးဝရြာအၾကားႏွင့္ ႏိုဝင္ဘာလ(၂၅) ရက္၊နံနက္(၁) နာရီ(၂၈) မိနစ္အခ်ိန္တြင္ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ၿပိဳင္းတိုင္ရြာ ႏွင့္ တင္းမရြာသစ္အၾကားတြင္ ျမန္မာ့တပ္မေတာ္၏ စစ္သည္၊စစ္လက္နက္ပစၥည္းမ်ား၊ စစ္အသံုးအေဆာင္ပစၥည္းမ်ား၊ရိကၡာမ်ားကို ပလက္ဝသို႔ ပို႔ေဆာင္ၿပီးျပန္ဆင္းလာေသာ စစ္သေဘာၤ(၃) စီး၊ Speed Boat (၂)စီးပါစစ္ေရယာဥ္စုအားရကၡိဳင့္တပ္ေတာ္မွလက္နက္ႀကီးမ်ားျဖင့္ ဒုတိယအႀကိမ္ေနရာ(၂) ေနရာ၌ေရွ႕ဆင့္ေနာက္ဆင့္ထပ္မံတိုက္ခိုက္ခဲ့သည္။ အဆိုပါ စစ္ေရယာဥ္စုအား ၂၀၁၉ ခုႏွစ္၊ နိုဝင္ဘာလ(၂၄) ရက္၊ (မိုးလင္းအာရံု) နံနက္(၃) နာရီ(၅၅) မိနစ္အခ်ိန္တြင္ပလက္ဝၿမိဳ႕နယ္၊ "ေက်ာက္ဖ်ာရြာ"အနီး၌ ရကၡိဳင့္တပ္ေတာ္မွပထမအႀကိမ္တိုက္ခိုက္ခဲ့သည္။ ထို႔ေနာက္ျမန္မာ့တပ္မေတာ္၏စစ္သေဘာၤမ်ားသည္ ျမစ္ကမ္းနံေဘးတေလွ်ာက္စစ္သေဘာၤမ်ားေပၚမွရမ္းသန္းပစ္ခတ္တိုက္ခိုက္ခဲ့ေသာေၾကာင့္ ေက်းရြာမ်ားအတြင္းရွိလူေနအိမ္မ်ားပ်က္စီးခဲ့ၿပီးအရပ္သားအခ်ိဳ႕အားထိခိုက္ဒဏ္ရာရမႈမ်ားရွိခဲ့သည္။ ျမန္မာ့တပ္မေတာ္သည္ စစ္သည္၊လက္နက္ခဲယမ္း၊ရိကၡာအေျပာင္းအေရႊ႕မ်ားတြင္ ကုန္းလမ္းအားမသံုးရဲေတာ့၍ ေရလမ္းေၾကာင္းမ်ားမွတဆင့္ညအခ်ိန္မ်ား၌ခိုးေၾကာင္ခိုးဝွက္သြားလာေနၾကရသည္။ ရကၡိဳင့္တပ္ေတာ္အေနျဖင့္ တိုက္ပြဲျဖစ္ပြားေနေသာေဒသ၊ ျမန္မာ့တပ္မေတာ္၏ထိုးစစ္ဆင္တိုက္ခိုက္မႈျပဳလုပ္ေနေသာေဒသ၊ ညမထြက္ရအမိန္႔ထုတ္ျပန္ထားေသာေဒသမ်ား၌ စစ္ဆင္ေရးကာလအတြင္း စစ္ေရးလိုအပ္ခ်က္အရယခုကဲ့သို႔တိုက္ခိုက္ရျခင္းျဖစ္သည္။ တၿပိဳင္နက္တည္းတြင္ ကုန္းလမ္း၊ေရလမ္း ခရီးသြားလုပ္ငန္းမ်ားကိုလုပ္ကိုင္ေနၾကေသာလုပ္ငန္းရွင္မ်ားအေနျဖင့္ ယခုကဲ့သို႔ညအခ်ိန္မ်ား၌ ခိုးေၾကာင္ခိုးဝွက္ခရီးသြားလာျခင္းမ်ားမျပဳၾကရန္ထပ္မံအသိေပးအပ္ပါသည္။ ၂၀၁၉ ခုႏွစ္၊နိုဝင္ဘာလ(၂၅) ရက္၊ နံနက္(၉) နာရီ(၃၀) မိနစ္တြင္ ရေသ့ေတာင္ၿမိဳ႕နယ္၊ အမ်က္ေတာင္ရြာအနီးတြင္ အမ်က္ေတာင္ရြာအားမီးရိႈ႕ဖ်က္ဆီးခဲ့ေသာ စစ္ရာဇဝတ္နယ္ခ်ဲ႕တပ္ဖြဲ႕( ျမန္မာ့တပ္မေတာ္) အား သတိေပးတိုက္ခိုက္ခဲ့သည္။ ရေသ့ေတာင္ၿမိဳ႕နယ္ေတာင္ဖက္၊ (၂.၆) ကီလိုမီတာအကြာအေဝးရွိ ေမယုျမစ္အတြင္း ရန္သူ႔စစ္ေရယာဥ္စုအား ေန႔လည္(၃) နာရီ(၁၀) မိနစ္တြင္ ရကၡိဳင့္တပ္ေတာ္မွ ေနာက္ထပ္တစ္ႀကိမ္ထပ္မံတိုက္ခိုက္ခဲ့သည္။ ထို႔အျပင္ လက္နက္ႀကီးမ်ားပစ္ခတ္တိုက္ခိုက္ေနေသာ ရေသ့ေတာင္ၿမိဳ႕၊အေျခစိုက္ ခမရ (၅၃၆) ႏွင့္ ခမရ(၅၃၇) တပ္ရင္းတို႔အား ညေန(၆) နာရီခန္႔တြင္တစ္ႀကိမ္၊ည(၈) နာရီ (၁၅) မိနစ္တြင္တစ္ႀကိမ္ ရကၡိဳင့္တပ္ေတာ္မွ ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ၂၀၁၉ ခုႏွစ္၊နိုဝင္ဘာလ(၂၅) ရက္၊ နံနက္(၁၀) နာရီ(၁၀)မိနစ္ မွစ၍ နယ္ခ်ဲ႕က်ဴးေက်ာ္သူျမန္မာ့တပ္မေတာ္၏စစ္ေၾကာင္းတစ္ခုသည္ ပုဏၰားကြ်န္းၿမိဳ႕နယ္၊ "ၾကက္ေခ်းရြာ" အေနာက္ေျမာက္ဖက္(၁.၈) ကီလိုမီတာအကြာအေဝးရွိမိမိတိုလွုပ္ရွားစစ္ေၾကာင္းတစ္ခုအား ထိုးစစ္ဆင္တိုက္ခိုက္မႈကိုစတင္ျပဳလုပ္ခဲ့သည္။ ရန္သူသည္ အဆိုပါေနရာအား ကန္ေဇာက္၊ရေသ့ေတာင္-ေရစိုးေခ်ာင္းဗ်ဴဟာအပါအဝင္ ေနရာ(၃) ေနရာမွ လက္နက္ႀကီးမ်ားစုျပံဳပစ္ခတ္ေနခဲ့သည္မွာ (၄/၅) ရက္ခန္႔ရွိၿပီျဖစ္သည္။ ႏိုဝင္ဘာ(၂၅) ရက္တြင္မွ ရဟတ္ယာဥ္(၂) စီးအပါအဝင္ ေျမျပင္၊ေဝဟင္မွထိုးစစ္ကိုစတင္ျပဳလုပ္ျခင္းျဖစ္သည္။ ရကၡိဳင့္တပ္ေတာ္မွ သတၱိေျပာင္ေျမာက္စြာျဖင့္ ရန္သူ႔ထိုးစစ္အားအေကာင္းဆံုးဟန္႔တားတိုက္ခိုက္ႏိုင္ခဲ့သည္။ ဘူးသီးေတာင္ၿမိဳ႕နယ္၊ "ဆင္ေသျပင္ရြာ" ေျမာက္ဖက္၊ (၆၅၀) မီတာအကြာအေဝးရွိ ရန္သူအား ည(၁၀) နာရီ(၃၅) မိနစ္တြင္ ရကၡိဳင့္တပ္ေတာ္မွ မိနစ္(၃၀) ခန္႔သြားေရာက္တိုက္ခိုက္ခဲ့သည္။ အထိအခိုက္အက်အဆံုးမ်ားကိုမသိရေသးပါ။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this