၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၂) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 02-Jan-2020

Nyo Twan Awng

#Unicode တိုက်ပွဲများမှာ ပလက်ဝ၊မင်းပြား၊မြေပုံမြို့နယ်များ၌ဆက်လက်ရှိနေခဲ့သည်။ ၂၀၂၀ ခုနှစ်အစောပိုင်းမှစ၍ ရန်သူသည် အသေအပျောက်များသောကြောင့် Drone Operation ဒရုန်းစစ်ဆင်ရေးများကိုပါပူးတွဲလုပ်ဆောင်လာသည်။ စစ်ရာဇဝတ်နယ်ခဲျ့အစွန်းရောက်မြန်မာ့တပ်မတော်သည် ပလက်ဝမြို့နယ်၊" ကွယ်သောင်ရွာ"အနောက်ဖက်(၄.၈) ကီလိုမီတာအကွာအဝေးရှိ Point-904 (ပွိုင့်-၉၀၄) ကုန်းရှိ မိမိတို့ရှိရာနေရာသို့ ကျူးကျော်ဝင်ရောက်လာသောကြောင့် ဇန်နဝါရီလ(၁) ရက်နေ့မှစတင်၍တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး ရန်သူသည် လက်နက်ခဲယမ်းအချို့ဆုံးရှုံးခြင်းနှင့်အတူအကျအဆုံးများဖြင့်နောက်ဆုတ်သွားခဲ့သည်။ ထို့နောက် ရန်သူသည် ဇန်နဝါရီလ(၂) ရက်၊နံနက်(၈) နာရီ(၂၀) မိနစ်မှစတင်ပြီး Point-904 (ပွိုင့်-၉၀၄) ကုန်းရှိ မိမိတို့ရှိရာနေရာအားလက်နက်ကြီးပစ်ကူများနှင့်အတူနှစ်ဖက်ညှပ်ကာဒုတိယနေ့ ၌ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ နေ့လည်(၂) နာရီ(၂၃) မိနစ်မှ စတင်ပြီး ဂျက်တိုက်လေယာဉ်ဖြင့်(၁၅)မိနစ်-သုံးကြိမ်၊ ဟတ်စကီး(၂) စီးဖြင့် (၂၀ မိနစ်ခန့်) -နှစ်ကြိမ်တိုင်တိုင်လာရောက်ပစ်ခတ်ရသည်အထိတိုက်ပွဲပြင်းထန်ခဲ့သည်။ လောလောဆယ်အထိအခိုက်အကျအဆုံးမသိရသေးပါ။ မြေပုံမြို့နယ်၊စညှင်းရွာအရှေ့ဖက်၊(၁.၅) ကီလိုမီတာအကွာအဝေးရှိ ပွိုင့်-၂၅၇ ( Point-257) တောင်ကုန်းရှိမိမိတို့ရှိရာနေရာသို့ နံနက်(၇) နာရီကျော်ကတည်းကပင် မြန်မာ့တပ်မတော်သည်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ နေ့လည်(၂) နာရီ(၁၇) မိနစ်တွင် ရဟတ်ယာဉ်(၂) စီးဖြင့် မိနစ်(၂၀) ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ထို့အတူ ညနေ(၅) နာရီ(၄၅) မိနစ်တွင်လည်း ဂျက်တိုက်လေယာဉ်ဖြင့်(၁၅)မိနစ်ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မင်းပြားမြို့နယ်၊"ဖားပြိုရွာ" အရှေ့ဖက်၊(၁) ကီလိုမီတာအကွာအဝေးရှိမိမိတို့ရှိရာနေရာသို့ ကျုးကျော်ဝင်ရောက်လာသောကြောင့် နေ့လည်(၂) နာရီ(၃၀) မိနစ်မှစတင်၍တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲစတင်ဖြစ်လျှင်ဖြစ်ချင်း ရန်သူ့ဖက်မှမျက်မြင်(၃) ဦးသေဆုံးခဲ့သည်။ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်ဖက်တွင် မြေပြင်မှထိုးစစ်ဆင်တိုက်ခိုက်မှုများမရှိသော်လည်း မောင်းသူမဲ့ယာဉ် Drone များပေါ်မှဗုံးကြဲတိုက်ခိုက်ခြင်းများကိုလုပ်ဆောင်လျှက်ရှိသည်။ မိမိတို့အနေဖြင့်တိုက်ပွဲများမဖြစ်ပွားလိုသော်လည်း စစ်ရာဇဝတ်နယ်ခဲျ့မြန်မာ့တပ်မတော်မှ ဤကဲ့သို့လုပ်ဆောင်နေပါက မိမိကိုယ်မိမိခုခံကာကွယ်သောအားဖြင့် တုံ့ဆိုင်းမနေဘဲလုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်သွားမည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi တိုက္ပြဲမ်ားမွာ ပလက္ဝ၊မင္းျပား၊ေျမပံုၿမိဳ႕နယ္မ်ား၌ဆက္လက္ရွိေနခဲ့သည္။ ၂၀၂၀ ခုႏွစ္အေစာပိုင္းမွစ၍ ရန္သူသည္ အေသအေပ်ာက္မ်ားေသာေၾကာင့္ Drone Operation ဒ႐ုန္းစစ္ဆင္ေရးမ်ားကိုပါပူးတြဲလုပ္ေဆာင္လာသည္။ စစ္ရာဇဝတ္နယ္ခဲ်႕အစြန္းေရာက္ျမန္မာ့တပ္မေတာ္သည္ ပလက္ဝၿမိဳ႕နယ္၊" ကြယ္ေသာင္ရြာ"အေနာက္ဖက္(၄.၈) ကီလိုမီတာအကြာအေဝးရွိ Point-904 (ပြိဳင့္-၉၀၄) ကုန္းရွိ မိမိတို႔ရွိရာေနရာသို႔ က်ဴးေက်ာ္ဝင္ေရာက္လာေသာေၾကာင့္ ဇန္နဝါရီလ(၁) ရက္ေန႔မွစတင္၍တိုက္ပြဲျဖစ္ပြားလွ်က္ရွိၿပီး ရန္သူသည္ လက္နက္ခဲယမ္းအခိ်ဳ႕ဆံုး႐ံႈးျခင္းႏွင့္အတူအက်အဆံုးမ်ားျဖင့္ေနာက္ဆုတ္သြားခဲ့သည္။ ထို႔ေနာက္ ရန္သူသည္ ဇန္နဝါရီလ(၂) ရက္၊နံနက္(၈) နာရီ(၂၀) မိနစ္မွစတင္ၿပီး Point-904 (ပြိဳင့္-၉၀၄) ကုန္းရွိ မိမိတို႔ရွိရာေနရာအားလက္နက္ႀကီးပစ္ကူမ်ားႏွင့္အတူႏွစ္ဖက္ညႇပ္ကာဒုတိယေန႔ ၌ထိုးစစ္ဆင္တိုက္ခိုက္ခဲ့သည္။ ေန႔လည္(၂) နာရီ(၂၃) မိနစ္မွ စတင္ၿပီး ဂ်က္တိုက္ေလယာဥ္ျဖင့္(၁၅)မိနစ္-သံုးႀကိမ္၊ ဟတ္စကီး(၂) စီးျဖင့္ (၂၀ မိနစ္ခန္႔) -ႏွစ္ႀကိမ္တိုင္တိုင္လာေရာက္ပစ္ခတ္ရသည္အထိတိုက္ပြဲျပင္းထန္ခဲ့သည္။ ေလာေလာဆယ္အထိအခိုက္အက်အဆံုးမသိရေသးပါ။ ေျမပံုၿမိဳ႕နယ္၊စညႇင္းရြာအေရွ႕ဖက္၊(၁.၅) ကီလိုမီတာအကြာအေဝးရွိ ပြိဳင့္-၂၅၇ ( Point-257) ေတာင္ကုန္းရွိမိမိတို႔ရွိရာေနရာသို႔ နံနက္(၇) နာရီေက်ာ္ကတည္းကပင္ ျမန္မာ့တပ္မေတာ္သည္လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ ေန႔လည္(၂) နာရီ(၁၇) မိနစ္တြင္ ရဟတ္ယာဥ္(၂) စီးျဖင့္ မိနစ္(၂၀) ခန္႔လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ထို႔အတူ ညေန(၅) နာရီ(၄၅) မိနစ္တြင္လည္း ဂ်က္တိုက္ေလယာဥ္ျဖင့္(၁၅)မိနစ္ခန္႔လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ မင္းျပားၿမိဳ႕နယ္၊"ဖားၿပိဳရြာ" အေရွ႕ဖက္၊(၁) ကီလိုမီတာအကြာအေဝးရွိမိမိတို႔ရွိရာေနရာသို႔ က်ဳးေက်ာ္ဝင္ေရာက္လာေသာေၾကာင့္ ေန႔လည္(၂) နာရီ(၃၀) မိနစ္မွစတင္၍တိုက္ပြဲျဖစ္ပြားခဲ့သည္။ တိုက္ပြဲစတင္ျဖစ္လၽွင္ျဖစ္ခ်င္း ရန္သူ႔ဖက္မွမ်က္ျမင္(၃) ဦးေသဆံုးခဲ့သည္။ ဘူးသီးေတာင္၊ ရေသ့ေတာင္ၿမိဳ႕နယ္ဖက္တြင္ ေျမျပင္မွထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားမရွိေသာ္လည္း ေမာင္းသူမဲ့ယာဥ္ Drone မ်ားေပၚမွဗံုးႀကဲတိုက္ခိုက္ျခင္းမ်ားကိုလုပ္ေဆာင္လွ်က္ရွိသည္။ မိမိတို႔အေနျဖင့္တိုက္ပြဲမ်ားမျဖစ္ပြားလိုေသာ္လည္း စစ္ရာဇဝတ္နယ္ခဲ်႕ျမန္မာ့တပ္မေတာ္မွ ဤကဲ့သို႔လုပ္ေဆာင္ေနပါက မိမိကိုယ္မိမိခုခံကာကြယ္ေသာအားျဖင့္ တံု႔ဆိုင္းမေနဘဲလုပ္သင့္လုပ္ထိုက္သည္မ်ားကို လုပ္ေဆာင္သြားမည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this