၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၁၄) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်း

blog

Date : 15-Oct-2020

Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၁၄) ရက်နေ့၌လည်း မြန်မာ့တပ်မတော်(ခေါ်) လူမျိုးရေးအစွန်းရောက် နယ်ချဲ့ဖက်ဆစ်ကျူးကျော်တပ်ဖွဲ့ သည် ယမန်နေ့ကတည်းက ကြည်း၊ ရေ၊ လေ ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်နေသောရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ အောင်သာစည်ကျေးရွာပတ်ဝန်းကျင်အား ဂျက်တိုက်လေယာဉ်အပါအဝင် လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့သည်။

ထို့ကြောင့်တိုက်ပွဲများဆက်လက်ရှိနေသည့်အပြင် ရန်သူသည် အဆိုပါပတ်ဝန်းကျင်အား လက်နက်ခဲယမ်း၊ လူအင်အားအမြောက်အမြားကို ဆက်လက်ပို့ဆောင်နေပြီး ယခုထက်ပြင်းထန်သောထိုးစစ်အတွက် ပြင်ဆင်လျက်ရှိသည်။

အမ်းမြို့နယ်၊ ဒါးလက်ချောင်း၊ ရှမ်းကုန်းကျေးရွာမြောက်ဖက်ရှိတောင်တန်း၌ စခန်းချတပ်စွဲထားသော မြန်မာ့တပ်မတော်၏ တပ်မ(၆၆) လက်အောက်ခံတပ်ဖွဲ့တစ်ခုသည် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်မှာ ကာလအတန်ကြာပြီဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၄) ရက်၊ နေ့လယ် (၁၂) နာရီ (၄၀) မိနစ် မှ နေ့လယ် (၂) နာရီ ကျော် အတွင်း အဆိုပါ မြန်မာ့တပ်မတော်၏တပ်စခန်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သောလက်နက်ကြီးကျည်များသည် ညောင်ခြေထောက်ရွာအတွင်း ကျရောက်ပေါက်ကွဲ၍ လူနေအိမ်အချို့မီးလောင်ပျက်စီးခဲ့သည်။ ရွာသူရွာသားများမှာ စစ်ဘေးရှောင်များအဖြစ်ရောက်ရှိနေကြသောကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ချေ။

အောက်တိုဘာလ (၁၃) ရက်နေ့တွင်လည်း တပ်မ (၆၆) လက်အောက်ခံတပ်ရင်းတစ်ခုမှ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေသောကြောင့် အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စု၊ နန်းချောင်းကျေးရွားသားတစ််ဦးမှာ မိမိအိမ်တွင်ရှိနေစဉ်ကာလ၊ နေ့လယ် (၂) နာရီ (၃၀) မိနစ်ခန့်၌ လက်နက်ကြီးစထိမှန်ခဲ့၍ ဒဏ်ရာရရှိခဲ့သည်။

မြန်မာ့တပ်မတော်သည် ရခိုင်ပြည်အတွင်း၌ အရပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျဆက်လက် ကျူးလွန်နေဆဲဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .