၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၉) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 09-Feb-2020

Nyo Twan Awng

#Unicode ဖေဖော်ဝါရီလ(၉) ရက်နေ့တွင်လည်းယခင်နေ့ရက်များကတိုက်ပွဲဖြစ်ပွားခဲ့သော ပလက်ဝ၊ ကျောက်တော်မြို့နယ်များအတွင်း၌ စစ်ရာဇဝတ်တပ်ဖွဲ့မြန်မာ့တပ်မတော်သည်ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့်မိမိတို့အားလာရောက်တိုက်ခိုက်ခဲ့သကဲ့သို့ စစ်သဘောၤများပေါ်မှလည်းလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေခဲ့သည်။ ဆက်သွယ်ရေး Internet အင်တာနက်လိုင်းများကို မြို့နယ်(၅) မြို့နယ်အတွင်းဒုတိယအကြိမ်ဖြတ်တောက်ပြီး(၆) ရက်မြောက်နေ့တွင်မြန်မာ့တပ်မတော်၏ ရက္ခိုင့်တပ်တော်အပေါ်ထိုးစစ်ဆင်တိုက်ခိုက်မှုများတွင် လက်နက်ကြီးပစ်ကူများအပါအဝင်ဂျက်တိုက်လေယာဉ်(၂) စီးဖြင့် ညသန်းခေါင် (၁၂) နာရီ (၄၀) မိနစ်( ဖေဖော်ဝါရီ(၉) ရက်-နံနက်(၀၀) နာရီ(၄၀) မိနစ်) မှစတင်ပြီး နံနက်(၃) နာရီခန့်အထိ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုပြုလုပ်ခဲ့သည်။ မိမိတို့ဖက်မှ ထိခိုက်၊ဒဏ်ရာရသူအချို့ထပ်မံရှိခဲ့သော်လည်း တန်ပြန်ထိုးစစ်ဖြင့်အကောင်းဆုံး တုံ့ပြန်တိုက်ခိုက်လျက်ရှိသည်။ ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်းတစ်ခုအနီး၌ "စတုတ္ထနေ"့အဖြစ် အပြန်အလှန်ထိုးစစ်များနှင့်အတူတိုက်ပွဲအရှိန်မှာလည်းဆက်လက်မြင့်တက်နေခဲ့သည်။ ကျောက်တော်မြို့နယ်၊ တင်းမရွာအနီးရှိမိမိတို့တပ်ဖွဲ့ဝင်များရှိရာတောင်ကုန်းအားရန်သူသည် ရဟတ်ယာဉ်(၂) စီးဖြင့်နံနက်(၁၁) နာရီ(၄၅) မိနစ်မှ နေ့လည်(၁၂) နာရီ(၀၅) မိနစ်အထိလည်းကောင်း၊ နေ့လည်(၂) နာရီ(၂၇) မိနစ်မှ ညနေ(၃) နာရီအထိလည်းကောင်း ရော့ကတ်များ၊စက်သေနတ်များဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရန်သူသည် ဤနေရာအား ရဟတ်ယာဉ်ဖြင့်ဒုတိယနေ့အဖြစ်လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်။ ထို့အတူ မြန်မာ့တပ်မတော်၏စစ်သဘောၤ(၂) စီးပေါ်မှလည်း လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ၎င်းစစ်သဘောၤ(၂) စီးအား မိမိတို့ဖက်မှ RPG ဖြင့်သွားရောက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ မင်းပြားမြို့နယ်၊ သလူချောင်းရွာအနီးတွင် မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာအား ညနေ(၅) နာရီ(၅၅) မိနစ်တွင် မြန်မာ့တပ်မတော်ဖက်မှအင်အားအလုံးအရင်းဖြင့်ဝင်ရောက်တိုက်ခိုက်လာသောကြောင့်နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ မိမိတို့ဖက်မှ အလတ်စားဒဏ်ရာရရှိခဲ့သည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ေဖေဖာ္ဝါရီလ(၉) ရက္ေန႔တြင္လည္းယခင္ေန႔ရက္မ်ားကတိုက္ပြဲျဖစ္ပြားခဲ့ေသာ ပလက္ဝ၊ ေက်ာက္ေတာ္ၿမိဳ႕နယ္မ်ားအတြင္း၌ စစ္ရာဇဝတ္တပ္ဖြဲ႕ျမန္မာ့တပ္မေတာ္သည္ရဟတ္ယာဥ္မ်ား၊ ဂ်က္တိုက္ေလယာဥ္မ်ားျဖင့္မိမိတို႔အားလာေရာက္တိုက္ခိုက္ခဲ့သကဲ့သို႔ စစ္သေဘာၤမ်ားေပၚမွလည္းလက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့ေသာေၾကာင့္တိုက္ပြဲမ်ားျပင္းထန္စြာျဖစ္ပြားေနခဲ့သည္။ ဆက္သြယ္ေရး Internet အင္တာနက္လိုင္းမ်ားကို ၿမိဳ႕နယ္(၅) ၿမိဳ႕နယ္အတြင္းဒုတိယအႀကိမ္ျဖတ္ေတာက္ၿပီး(၆) ရက္ေျမာက္ေန႔တြင္ျမန္မာ့တပ္မေတာ္၏ ရကၡိဳင့္တပ္ေတာ္အေပၚထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားတြင္ လက္နက္ႀကီးပစ္ကူမ်ားအပါအဝင္ဂ်က္တိုက္ေလယာဥ္(၂) စီးျဖင့္ ညသန္းေခါင္ (၁၂) နာရီ (၄၀) မိနစ္( ေဖေဖာ္ဝါရီ(၉) ရက္-နံနက္(၀၀) နာရီ(၄၀) မိနစ္) မွစတင္ၿပီး နံနက္(၃) နာရီခန္႔အထိ အျပင္းအထန္ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကိုျပဳလုပ္ခဲ့သည္။ မိမိတို႔ဖက္မွ ထိခိုက္၊ဒဏ္ရာရသူအခိ်ဳ႕ထပ္မံရွိခဲ့ေသာ္လည္း တန္ျပန္ထိုးစစ္ျဖင့္အေကာင္းဆံုး တံု႔ျပန္တိုက္ခိုက္လ်က္ရွိသည္။ ပလက္ဝၿမိဳ႕နယ္၊ မီးေခ်ာင္းတံတားအနီး ျမန္မာ့တပ္မေတာ္၏လက္နက္ႀကီးပစ္ကူေပးေနေသာအေျမာက္စခန္းတစ္ခုအနီး၌ "စတုတၳေန"႔အျဖစ္ အျပန္အလွန္ထိုးစစ္မ်ားႏွင့္အတူတိုက္ပြဲအရွိန္မွာလည္းဆက္လက္ျမင့္တက္ေနခဲ့သည္။ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ တင္းမရြာအနီးရွိမိမိတို႔တပ္ဖြဲ႕ဝင္မ်ားရွိရာေတာင္ကုန္းအားရန္သူသည္ ရဟတ္ယာဥ္(၂) စီးျဖင့္နံနက္(၁၁) နာရီ(၄၅) မိနစ္မွ ေန႔လည္(၁၂) နာရီ(၀၅) မိနစ္အထိလည္းေကာင္း၊ ေန႔လည္(၂) နာရီ(၂၇) မိနစ္မွ ညေန(၃) နာရီအထိလည္းေကာင္း ေရာ့ကတ္မ်ား၊စက္ေသနတ္မ်ားျဖင့္လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ရန္သူသည္ ဤေနရာအား ရဟတ္ယာဥ္ျဖင့္ဒုတိယေန႔အျဖစ္လာေရာက္တိုက္ခိုက္ျခင္းျဖစ္သည္။ ထို႔အတူ ျမန္မာ့တပ္မေတာ္၏စစ္သေဘာၤ(၂) စီးေပၚမွလည္း လက္နက္ႀကီးပစ္ကူမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ထို႔ေၾကာင့္ ၎စစ္သေဘာၤ(၂) စီးအား မိမိတို႔ဖက္မွ RPG ျဖင့္သြားေရာက္တံု႔ျပန္တိုက္ခိုက္ခဲ့သည္။ မင္းျပားၿမိဳ႕နယ္၊ သလူေခ်ာင္းရြာအနီးတြင္ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားရွိရာေနရာအား ညေန(၅) နာရီ(၅၅) မိနစ္တြင္ ျမန္မာ့တပ္မေတာ္ဖက္မွအင္အားအလုံးအရင္းျဖင့္ဝင္ေရာက္တိုက္ခိုက္လာေသာေၾကာင့္နာရီဝက္ခန္႔တိုက္ပြဲျဖစ္ပြားခဲ့သည္။ မိမိတို႔ဖက္မွ အလတ္စားဒဏ္ရာရရွိခဲ့သည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this