ထုတ်ပြန်ကြေညာချက်

blog

Date : 04-Jun-2020

Nyo Twan Awng

အမှတ် (၂၉/၂၀၂၀)

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း (၁၄) ရက်
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၄) ရက်
တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း ( National Security Organization Taungup Township ) မှာ ULA/AA နှင့် မည်သို့မျှပတ်သက်မှုမရှိကြောင်း အများသိစေရန် 
ထုတ်ပြန်ကြေညာချက်
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (United League of Arakan/Arakan Army) သည် ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်စေသည့်လုပ်ရပ်များကို မည်သည့်အခါမျှအားမပေးသကဲ့သို့ အဆိုပါလုပ်ရပ် များကို ပြင်းထန်စွာရှုတ်ချပါသည်။
လတ်တလော၌ “တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း” အမည်ဖြင့် ထုတ်ပြန်ချက်အချို့အား တွေ့မြင်နေရပါသည်။ ၎င်းတို့၏ ထုတ်ပြန်ချက်များတွင်ပါရှိသော မူဝါဒ၊ ရည်ရွယ်ချက် များသည် မိမိတို့အဖွဲ့အစည်းနှင့် ကိုက်ညီမှုမရှိဘဲ အရေးအသားများသည် ပြဿနာတစ်ခုအားဖန်တီး လှုံ့ဆော်ရန်အတွက် လက်မဲကြီးများမှ ကြိုးစားအားထုတ်နေသည်ဟု သံသယဖြစ်မိပါသည်။ ထို့အတူ တောင်ကုတ်မြို့နယ်အတွင်း၌ ၂၀၁၂ ခုနှစ်တွင် လက်သည်မပေါ်သော ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်ကို အမှတ်ရစေပါသည်။
အဆိုပါအဖွဲ့အစည်းသည် မိမိတို့ ULA/AA နှင့် မည်သို့မျှပတ်သက်မှုမရှိကြောင်း အများပြည်သူလူထုအား လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်
မှတ်ချက်။ ပထမထုတ်ပြန်ချက်တွင် ၂၀၀၇ ခုနှစ်ဟု မှားယွင်းဖော်ပြမှုအား အမှန်ဖြစ်သော ၂၀၁၂ ခုနှစ် သို့ ပြန်လည်ပြင်ဆင်ဖော်ပြထားပါသည်။


Share on social

You may also like this