မြန်မာ့တပ်မတော်မှ ထောင်ထားသောမိုင်းနင်းမိ၍ အရပ်သား မူဆလင်ကလေး(၃) ဦးသေဆုံး

blog

Date : 13-May-2020

Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊မေလ၊(၁၂)ရက်နေ့၊ နံနက်(၉) နာရီ(၄၅) မိနစ်တွင် ရခိုင်ပြည်၊ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ရွာ( ရခိုင်ရွာ) အတွင်း၌ မြန်မာ့တပ်မတော် မှ ထောင်ထားခဲ့သော စွန့်လွှတ်မိုင်းများကြောင့် "ချာကေရွာ" မှ အရပ်သား မူဆလင်ကလေးနှစ်ဦးဖြစ်ကြသော အသက်(၁၀) နှစ်အရွယ်ရှိ "အတူလာမီ"၊အသက်(၉) နှစ်အရွယ်ရှိ "ရာဟတ်နာဟာတူ"နှင့် ဖုန်ညိုလိပ်(၁၁)ရပ်ကွက်မှ အသက်(၈) နှစ်အရွယ်ရှိ"ဟာဒေကာဘေဘီ" တို့(၃)ဦးသည် မြန်မာ့တပ်မတော်မှ သရက်ပြင်ရွာအတွင်းထောင်ထားခဲ့သောစွန့်လွှတ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။ 

၎င်း(၃) ဦးအနက် တစ်ဦးမှာ ၎င်းနေရာ၌သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ဆေးရုံသို့အပို့တွင်သေဆုံးခဲ့ခြင်းဖြစ်သည်။ကျန်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာပြင်းထန်ရသူတစ်ဦးမှာ ဘူးသီးတောင်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည်။ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော ကလေးမှာလည်း ညနေ(၅) နာရီခန့်တွင်သေဆုံးခဲ့ပြီးဖြစ်သည်။


မြန်မာ့တပ်မတော်မှ ၂၀၂၀ ပြည့်နှစ်အတွင်းမီးရှို့ဖျက်ဆီးခဲ့သောကျေးရွာများထဲတွင် သရက်ပြင်ကျေးရွာသည်လည်း တစ်ရွာအပါအဝင်ဖြစ်သည်။ သရက်ပြင်ကျေးရွာအား မြန်မာ့တပ်မတော်မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၉) ရက်နေ့တွင်မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ကျေးရွာအတွင်း အရပ်သားပြည်သူလူထုများထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်းများကိုထောင်ထားလေ့ရှိသည်။ 




ယခင်ထုတ်ပြန်ထားသော သတင်းအား ဝင်ရောက်ဖတ်ရှုရန် - https://bit.ly/2Apw9gx


မြန်မာ့တပ်မတော်သည်စိုင်းတင်တံတား၌စခန်းချနေထိုင်ပြီး သရက်ပြင်ကျေးရွာအပါအဝင် အနီးအနားပတ်ဝန်းကျင်မှ ကျေးရွာအခိုျ့အားမီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းကျေးရွာများအတွင်း ရွာသူ၊ရွာသားများမရှိသည့်အခိုက်အတန့် မိုင်းများထောင်ထားခဲ့ခြင်းသည်။ သရက်ပြင်၊ ဘုန်းကြီးကျောင်းအတွင်း၌ မြန်မာ့တပ်မတော်မှ ထောင်ထားခဲ့သော တိုက်မိုင်းများအား ရက္ခိုင့်တပ်တော်မှ ရှင်းလင်းဖယ်ရှားခဲ့ပြီးဖြစ်သည်။



၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၆) ရက်နေ့တွင်လည်း တပ်မ(၂၂) လက်အောက်ခံတပ်ရင်းတစ်ခု မှ ဘူးသီးတောင်မြို့နယ် "သရက်ပြင် ကျွေးရွာ" အတွင်းမှပိတ်မိနေသော ရွာသူ/ရွာသား(၁၃) ယောက်ကိုဖမ်းဆီးထိန်းသိမ်းထားခဲ့သောဖြစ်ရပ်ရှိခဲ့သည်။ ထို့နောက်တိုက်ပွဲများကြောင့်တိုက်ပွဲရှောင်နေကြသည့်အိမ်ပိုင်ရှင်များမရှိသောအိမ်များမှ အသုံးအဆောင်ပစ္စည်းများကိုလည်း အောက်တိုဘာ(၇) ရက်နေ့၌လည်းဒုတိယနေ့အဖြစ်ဆက်လက် မွှေနှောက်ကာ ခိုးယူခဲ့သည်။

ထို့ကြောင့် အရပ်သားပြည်သူလူထုများအနေဖြင့် မြန်မာ့တပ်မတော်၏ စခန်းချခဲ့သော ကျေးရွာများအတွင်းရှိ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများအတွင်းသို့ သွားလာခြင်းများကိုမပြုလုပ်ကြပါရန် ထပ်မံသတိပေးအပ်ပါသည်။

ထို့အပြင်အမ်းမြို နယ် ရှောက်ခြုံ ကျေးရွာအနီး ကမ်းထောင်းကြီးတိုက်နယ် ဝင်လမ်းဘေး ဈေးဆိုင်တန်းထဲမှ ဆိုင်ခန်းအချို့ကိုလည်း မြန်မာ့တပ်မတော်မှ ၂၀၂၀ ပြည့်နှစ်၊မေလ(၁၂)ရက် နံနက်(၁၀) နာရီခန့်တွင်မီးရှို့ဖျက်ဆီးခဲ့သည်။ (တပ်ရင်းအမည်အားစုံစမ်းဆဲ)

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this