၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၉/၃၀)ရက်နေ့၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 30-Jan-2020

#Unicode မိမိတို့ မဟာမိတ်ညီနောင်(၃) ဖွဲ့ဖြစ်ကြသော ကိုးကန့်၊ တအာင်း၊ ရခိုင်တို့သည် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်နှင့် မိမိတို့၏ဒေသအသီးသီးတွင်တိုက်ပွဲများလျော့နည်းသွားစေရန်ရည်ရွယ်ချက်များဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား ဇန်နဝါရီလ(၁) ရက်မှ ဖေဖော်ဝါရီလ(၂၉) ရက်နေ့အထိ (၂) လတာကြေညာထားသော်လည်း မြန်မာ့တပ်မတော်မှ မိမိတို့ဒေသများတွင်တပ်မ(၁၁) နှင့် တပ်မ(၆၆) တို့၏အရှိန်အဟုန်မြှင့်စွာထိုးစစ်ဆင်တိုက်ခိုက်နေမှုများကိုဆက်လက်ပြုလုပ်နေသောကြောင့် ဇန်နဝါရီလအတွင်း ရခိုင်၊ပလက်ဝဒေသများ၌တိုက်ပွဲများနေ့တိုင်းနီးပါးရှိနေခဲ့ပြီးတိုက်ပွဲအရှိန်မှာဆက်လက်မြင့်မားနေခဲ့သည့်နည်းတူတအာင်းဒေသအတွင်း၌လည်းတိုက်ပွဲများမှာ နေ့တိုင်းနီးပါးဖြစ်ပွားလျက်ရှိသည်။ ရက္ခိုင့်တပ်တော်၊ စစ်ရုံးချုပ်မှတ်တမ်းများအရ ရခိုင်ဒေသ၊ ပလက်ဝဒေသအတွင်းများ၌ဇန်နဝါရီလ (၃၀) ရက်နေ့အထိဖြစ်ပွားခဲ့သော တိုက်ပွဲအရေအတွက် (၇၀) ကျော် နှင့်တအာင်းဒေသအတွင်း(၁၉) ကြိမ်အထက်ရှိခဲ့သည်။မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်၊ကျဆုံးသည့်အရေအတွက်များမှာလည်း ဆက်လက်မြင့်တက်နေသည့်အပြင် မြန်မာ့တပ်မတော်မှအရပ်သားပြည်သူလူထုများအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများမှာလည်းဆက်လက်ရှိနေသေးသည်။ ၂၀၂၀ ဇန်နဝါရီလတစ်လတည်းတွင် ရခိုင်ဒေသ၊ ပလက်ဝဒေသတိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်ဖက်မှသေဆုံးသူ (၁၃၅) ဦးအထက် နှင့် ထိခိုက်ဒဏ်ရာရသူ (၈၀) အထက်ရှိခဲ့သည်။ ရက္ခိုင့်တပ်တော်ဖက်မှလည်း ထိခိုက်ဒဏ်ရာရသူ၊ တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသူများရှိခဲ့သည်။ ပလက်ဝဒေသ၏ ပွိုင့် ၉၆၉/ Point 969 ကုန်းအား ထိုးစစ်ဆင်တိုက်ခိုက်နေသော မြန်မာ့တပ်မတော်၏ ထိုးစစ်ကာလများအတွင်း မိမိတို့အား မြေပြင်၊ဝေဟင်ပူးပေါင်းထိုးစစ်အား အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ဇန်နဝါရီလ (၂၈ နှင့် ၃၀) နေ့၌မြန်မာ့တပ်မတော်သည်ရဟတ်ယာဉ်(၂) စီးအပြင် ဂျက်တိုက်လေယာဉ်(၂) စီးဖြင့်ပါလာရောက်တိုက်ခိုက်ရသည်အထိ ၎င်းတို့၏ထိုးစစ်အရှိန်မှာပြင်းထန်လာခဲ့သည်။ ဇန်နဝါရီလ(၂၉) ရက်နေ့တွင် မြန်မာ့တပ်မတော်ဖက်မှ ထိုးစစ်ကိုမပြုလုပ်သော်လည်း လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဇန်နဝါရီလ(၃၀) ရက်နေ့တွင် ၎င်းပွိုင့်-၉၆၉ ကုန်းရှိမိမိတို့အား ရန်သူသည် ဂျက်တိုက်လေယာဉ်(၂) စီးဖြင့် နေ့လယ်(၂) နာရီမှ နေ့လယ် (၃) နာရီအတွင်း (၈) ကြိမ်၊ ရဟတ်ယာဉ်(၂) စီးဖြင့် နေ့လယ်(၂) နာရီ(၂၀) မိနစ်မှ (၃)နာရီ(၃၀) မိနစ်အတွင်း (၁၁) ကြိမ် စသည်ဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကိုအများဆုံးပြုလုပ်ခဲ့သည်။ ထို့အပြင်မြေပြင်မှလည်း လက်နက်ကြီးအကြိမ်အရေအတွက်(၇၀) ကျော်ဖြင့် မြေပြင်၊ဝေဟင် ပူးပေါင်းထိုးစစ်အားပြုလုပ်ခဲ့သည်။ မိမိတို့ဖက်မှ ထိခိုက်ဒဏ်ရာရသူ၊ တိုင်းပြည်နှင့်လူမျိုးအတွက်အသက်စွန့်လွှတ်ခဲ့ရသူအချို့ရှိခဲ့သည်။ ပလက်ဝမြို့နယ်၏ပိန္နဲတပင်ရွာ အနောက်တောင်ဖက်(၄.၃) ကီလိုမီတာအကွာအဝေးရှိဤ ပွိုင့် (၉၆၉) တောင်ကုန်းရှိမိမိတို့အား မြန်မာ့တပ်မတော်၏ တပ်မ(၁၁) လက်အောက်ခံတပ်ရင်းများဖြစ်ကြသောခမရ(၂၁၂) နှင့် ခမရ(၂၁၅) တို့ သည် ဇန်နဝါရီလ(၂၄) ရက်ကတည်းကပင် မြေပြင်၊ဝေဟင်မှ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် ယနေ့ဆိုလျှင်(၇) ရက်ကြာခဲ့ပြီဖြစ်သည်။ ရန်သူ၏ဇန်နဝါရီလ(၃၁) ရက်နေ့ထိုးစစ်အတွင်းမိမိတို့အနေဖြင့် အထိအခိုက်၊အကျအဆုံးထပ်မံ၍မများလိုသောကြောင့် ၎င်း ပွိုင့်၉၆၉ ကုန်းမှ မလှမ်းမကမ်းသို့ခေတ္တယာယီပြောင်းရွေ့ထားလိုက်သည်။ သို့သော် မိမိတို့အနေဖြင့် အဆိုပါစစ်ကြောင်း နှင့် ၎င်းတို့၏ ပူးပေါင်းစစ်ဆင်ရေးကိုအဟန့်အတားဖြစ်စေရန်ထိရောက်သောနည်းလမ်းဖြင့် ခုခံကာကွယ်သောအနေဖြင့်တုံ့ပြန်တိုက်ခိုက်သွားမည်။ မြေပုံမြို့နယ်၊ အင်ကြင်းရွာ မြောက်ဖက် (၅) ကီလိုမီတာခန့်အကွာအဝေးရှိတောင်တန်းပေါ်တွင်လည်း မိမိတို့အား ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မြန်မာ့တပ်မတော်၏ (တပ်မ(၆၆) လက်အောက်ခံ၊ ခလရ(၁၄) တပ်ရင်း နှင့် အခြားအမည်မသိတပ်ရင်းတစ်ရင်း) စသည့် အင်အား(၂၀၀) ခန့်ပါပူးပေါင်းစစ်ကြောင်းတစ်ခု နှင့် ရက္ခိုင့်တပ်တော်လှုပ်ရှားစစ်ကြောင်းတို့သည် ကြိုကြားကြိုကြားတိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ မိမိတို့အား စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း မိမိတို့အာရက္ခစစ်သည်တော်များမှ သတ္တိပြောင်မြောက်စွာဖြင့်အကောင်းဆုံးတုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည်။ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့သည်။ညနေ(၃) နာရီခန့်တွင် ရဟတ်ယာဉ်(၂) စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့သည်။ ည(၈) နာရီခန့်အထိ ရန်သူသည် လက်နက်ကြီးများဖြင့် နေရာ(၃) နေရာမှပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ မြန်မာ့တပ်မတော်သည် ထပ်မံ၍ တပ်မ(၁) ခု( တပ်မ အမည်စုံစမ်းဆဲ) ၊စကခ(၁) ခု( စကခ အမည်စုံစမ်းဆဲ) ကိုလည်းရခိုင်ဒေသအတွင်း ဆက်လက်အင်အားဖြည့်တင်းနေခြင်း၊ လက်နက်ခဲယမ်း၊ ရိက္ခာများကို ထပ်မံဖြည်းတင်းနေသောကြောင့် နောက်နေ့များတွင် တိုက်ပွဲများမှာနေရာအနှံ့ဆက်လက်ဖြစ်ပွားလာနိုင်ဖွယ်ရှိသည်။ မိမိတို့အနေဖြင့် မြန်မာ့တပ်မတော်၏ ကြည်း၊ရေ၊လေ ပူးပေါင်းထိုးစစ်အား အဟန့်အတားဖြစ်စေမည့် ခုခံကာကွယ်မှုများကို တစ်ဖွဲ့ချင်းအနေဖြင့်သော်လည်းကောင်း၊ ဟန်ချက်ညီစုစည်းမှုမျိုးဖြင့်လည်းကောင်းဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi မိမိတို႔ မဟာမိတ္ညီေနာင္(၃) ဖြဲ႕ျဖစ္ၾကေသာ ကိုးကန႔္၊ တအာင္း၊ ရခိုင္တို႔သည္ ျပည္တြင္းၿငိမ္းခ်မ္းေရးကိစၥရပ္မ်ားကို ေဆာင္႐ြက္ႏိုင္ရန္ႏွင့္ မိမိတို႔၏ေဒသအသီးသီးတြင္တိုက္ပြဲမ်ားေလ်ာ့နည္းသြားေစရန္ရည္႐ြယ္ခ်က္မ်ားျဖင့္ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲျခင္းအား ဇန္နဝါရီလ(၁) ရက္မွ ေဖေဖာ္ဝါရီလ(၂၉) ရက္ေန႔အထိ (၂) လတာေၾကညာထားေသာ္လည္း ျမန္မာ့တပ္မေတာ္မွ မိမိတို႔ေဒသမ်ားတြင္တပ္မ(၁၁) ႏွင့္ တပ္မ(၆၆) တို႔၏အရွိန္အဟုန္ျမႇင့္စြာထိုးစစ္ဆင္တိုက္ခိုက္ေနမႈမ်ားကိုဆက္လက္ျပဳလုပ္ေနေသာေၾကာင့္ ဇန္နဝါရီလအတြင္း ရခိုင္၊ပလက္ဝေဒသမ်ား၌တိုက္ပြဲမ်ားေန႔တိုင္းနီးပါးရွိေနခဲ့ၿပီးတိုက္ပြဲအရွိန္မွာဆက္လက္ျမင့္မားေနခဲ့သည့္နည္းတူတအာင္းေဒသအတြင္း၌လည္းတိုက္ပြဲမ်ားမွာ ေန႔တိုင္းနီးပါးျဖစ္ပြားလ်က္ရွိသည္။ ရကၡိဳင့္တပ္ေတာ္၊ စစ္႐ုံးခ်ဳပ္မွတ္တမ္းမ်ားအရ ရခိုင္ေဒသ၊ ပလက္ဝေဒသအတြင္းမ်ား၌ဇန္နဝါရီလ (၃၀) ရက္ေန႔အထိျဖစ္ပြားခဲ့ေသာ တိုက္ပြဲအေရအတြက္ (၇၀) ေက်ာ္ ႏွင့္တအာင္းေဒသအတြင္း(၁၉) ႀကိမ္အထက္ရွိခဲ့သည္။ျမန္မာ့တပ္မေတာ္ဖက္မွ ထိခိုက္၊က်ဆုံးသည့္အေရအတြက္မ်ားမွာလည္း ဆက္လက္ျမင့္တက္ေနသည့္အျပင္ ျမန္မာ့တပ္မေတာ္မွအရပ္သားျပည္သူလူထုမ်ားအေပၚ က်ဴးလြန္သည့္ စစ္ရာဇဝတ္မႈမ်ားမွာလည္းဆက္လက္ရွိေနေသးသည္။ ၂၀၂၀ ဇန္နဝါရီလတစ္လတည္းတြင္ ရခိုင္ေဒသ၊ ပလက္ဝေဒသတိုက္ပြဲမ်ားအတြင္း ျမန္မာ့တပ္မေတာ္ဖက္မွေသဆုံးသူ (၁၃၅) ဦးအထက္ ႏွင့္ ထိခိုက္ဒဏ္ရာရသူ (၈၀) အထက္ရွိခဲ့သည္။ ရကၡိဳင့္တပ္ေတာ္ဖက္မွလည္း ထိခိုက္ဒဏ္ရာရသူ၊ တိုင္းျပည္ႏွင့္လူမ်ိဳးအတြက္အသက္ေပးဆပ္စြန႔္လႊတ္ခဲ့ရသူမ်ားရွိခဲ့သည္။ ပလက္ဝေဒသ၏ ပြိဳင့္ ၉၆၉/ Point 969 ကုန္းအား ထိုးစစ္ဆင္တိုက္ခိုက္ေနေသာ ျမန္မာ့တပ္မေတာ္၏ ထိုးစစ္ကာလမ်ားအတြင္း မိမိတို႔အား ေျမျပင္၊ေဝဟင္ပူးေပါင္းထိုးစစ္အား အႀကိမ္ႀကိမ္ျပဳလုပ္ခဲ့သည္။ ဇန္နဝါရီလ (၂၈ ႏွင့္ ၃၀) ေန႔၌ျမန္မာ့တပ္မေတာ္သည္ရဟတ္ယာဥ္(၂) စီးအျပင္ ဂ်က္တိုက္ေလယာဥ္(၂) စီးျဖင့္ပါလာေရာက္တိုက္ခိုက္ရသည္အထိ ၎တို႔၏ထိုးစစ္အရွိန္မွာျပင္းထန္လာခဲ့သည္။ ဇန္နဝါရီလ(၂၉) ရက္ေန႔တြင္ ျမန္မာ့တပ္မေတာ္ဖက္မွ ထိုးစစ္ကိုမျပဳလုပ္ေသာ္လည္း လက္နက္ႀကီးမ်ားျဖင့္ အေဝးမွပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ဇန္နဝါရီလ(၃၀) ရက္ေန႔တြင္ ၎ပြိဳင့္-၉၆၉ ကုန္းရွိမိမိတို႔အား ရန္သူသည္ ဂ်က္တိုက္ေလယာဥ္(၂) စီးျဖင့္ ေန႔လယ္(၂) နာရီမွ ေန႔လယ္ (၃) နာရီအတြင္း (၈) ႀကိမ္၊ ရဟတ္ယာဥ္(၂) စီးျဖင့္ ေန႔လယ္(၂) နာရီ(၂၀) မိနစ္မွ (၃)နာရီ(၃၀) မိနစ္အတြင္း (၁၁) ႀကိမ္ စသည္ျဖင့္ ေလေၾကာင္းမွ ပစ္ခတ္တိုက္ခိုက္မႈကိုအမ်ားဆုံးျပဳလုပ္ခဲ့သည္။ ထို႔အျပင္ေျမျပင္မွလည္း လက္နက္ႀကီးအႀကိမ္အေရအတြက္(၇၀) ေက်ာ္ျဖင့္ ေျမျပင္၊ေဝဟင္ ပူးေပါင္းထိုးစစ္အားျပဳလုပ္ခဲ့သည္။ မိမိတို႔ဖက္မွ ထိခိုက္ဒဏ္ရာရသူ၊ တိုင္းျပည္ႏွင့္လူမ်ိဳးအတြက္အသက္စြန႔္လႊတ္ခဲ့ရသူအခ်ိဳ႕ရွိခဲ့သည္။ ပလက္ဝၿမိဳ႕နယ္၏ပိႏၷဲတပင္႐ြာ အေနာက္ေတာင္ဖက္(၄.၃) ကီလိုမီတာအကြာအေဝးရွိဤ ပြိဳင့္ (၉၆၉) ေတာင္ကုန္းရွိမိမိတို႔အား ျမန္မာ့တပ္မေတာ္၏ တပ္မ(၁၁) လက္ေအာက္ခံတပ္ရင္းမ်ားျဖစ္ၾကေသာခမရ(၂၁၂) ႏွင့္ ခမရ(၂၁၅) တို႔ သည္ ဇန္နဝါရီလ(၂၄) ရက္ကတည္းကပင္ ေျမျပင္၊ေဝဟင္မွ ပူးေပါင္းထိုးစစ္ဆင္တိုက္ခိုက္ေနေသာေၾကာင့္ ယေန႔ဆိုလွ်င္(၇) ရက္ၾကာခဲ့ၿပီျဖစ္သည္။ ရန္သူ၏ဇန္နဝါရီလ(၃၁) ရက္ေန႔ထိုးစစ္အတြင္းမိမိတို႔အေနျဖင့္ အထိအခိုက္၊အက်အဆုံးထပ္မံ၍မမ်ားလိုေသာေၾကာင့္ ၎ ပြိဳင့္၉၆၉ ကုန္းမွ မလွမ္းမကမ္းသို႔ေခတၱယာယီေျပာင္းေ႐ြ႕ထားလိုက္သည္။ သို႔ေသာ္ မိမိတို႔အေနျဖင့္ အဆိုပါစစ္ေၾကာင္း ႏွင့္ ၎တို႔၏ ပူးေပါင္းစစ္ဆင္ေရးကိုအဟန႔္အတားျဖစ္ေစရန္ထိေရာက္ေသာနည္းလမ္းျဖင့္ ခုခံကာကြယ္ေသာအေနျဖင့္တုံ႔ျပန္တိုက္ခိုက္သြားမည္။ ေျမပုံၿမိဳ႕နယ္၊ အင္ၾကင္း႐ြာ ေျမာက္ဖက္ (၅) ကီလိုမီတာခန႔္အကြာအေဝးရွိေတာင္တန္းေပၚတြင္လည္း မိမိတို႔အား ထိုးစစ္ဆင္တိုက္ခိုက္ေနသည့္ ျမန္မာ့တပ္မေတာ္၏ (တပ္မ(၆၆) လက္ေအာက္ခံ၊ ခလရ(၁၄) တပ္ရင္း ႏွင့္ အျခားအမည္မသိတပ္ရင္းတစ္ရင္း) စသည့္ အင္အား(၂၀၀) ခန႔္ပါပူးေပါင္းစစ္ေၾကာင္းတစ္ခု ႏွင့္ ရကၡိဳင့္တပ္ေတာ္လႈပ္ရွားစစ္ေၾကာင္းတို႔သည္ ႀကိဳၾကားႀကိဳၾကားတိုက္ပြဲငယ္မ်ား ဆက္လက္ျဖစ္ပြားေနခဲ့သည္။ မိမိတို႔အား စတင္ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ေသာ္လည္း မိမိတို႔အာရကၡစစ္သည္ေတာ္မ်ားမွ သတၱိေျပာင္ေျမာက္စြာျဖင့္အေကာင္းဆုံးတုံ႔ျပန္တိုက္ခိုက္ႏိုင္ခဲ့သည္။ တန္ျပန္ထိုးစစ္ဆင္တိုက္ခိုက္ႏိုင္ခဲ့သည္။ညေန(၃) နာရီခန႔္တြင္ ရဟတ္ယာဥ္(၂) စီးျဖင့္ လာေရာက္တိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲမ်ားဆက္လက္ျပင္းထန္ခဲ့သည္။ ည(၈) နာရီခန႔္အထိ ရန္သူသည္ လက္နက္ႀကီးမ်ားျဖင့္ ေနရာ(၃) ေနရာမွပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ ျမန္မာ့တပ္မေတာ္သည္ ထပ္မံ၍ တပ္မ(၁) ခု( တပ္မ အမည္စုံစမ္းဆဲ) ၊စကခ(၁) ခု( စကခ အမည္စုံစမ္းဆဲ) ကိုလည္းရခိုင္ေဒသအတြင္း ဆက္လက္အင္အားျဖည့္တင္းေနျခင္း၊ လက္နက္ခဲယမ္း၊ ရိကၡာမ်ားကို ထပ္မံျဖည္းတင္းေနေသာေၾကာင့္ ေနာက္ေန႔မ်ားတြင္ တိုက္ပြဲမ်ားမွာေနရာအႏွံ႔ဆက္လက္ျဖစ္ပြားလာႏိုင္ဖြယ္ရွိသည္။ မိမိတို႔အေနျဖင့္ ျမန္မာ့တပ္မေတာ္၏ ၾကည္း၊ေရ၊ေလ ပူးေပါင္းထိုးစစ္အား အဟန႔္အတားျဖစ္ေစမည့္ ခုခံကာကြယ္မႈမ်ားကို တစ္ဖြဲ႕ခ်င္းအေနျဖင့္ေသာ္လည္းေကာင္း၊ ဟန္ခ်က္ညီစုစည္းမႈမ်ိဳးျဖင့္လည္းေကာင္းဆက္လက္ျပဳလုပ္သြားမည္ျဖစ္သည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .