၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၀/၂၁)ရက်နေ့၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 21-Jan-2020

Nyo Twan Awng

#Unicode ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၂၀/၂၁) ရက်နေ့များတွင် မိမိတို့အဖို့ ရင်ဆိုင်တိုက်ပွဲများမရှိခဲ့သော် လည်းရခိုင်ပြည်၊ မြေပုံမြို့နယ်၊ စွိချောင်းကျေးရွာ၏ မြောက်ဖက် မီတာ(၃၀၀) အကွာအဝေးရှိတောင်ကုန်း နှင့် မီတာ(၈၀၀) အကွာအဝေးရှိ တောင်တန်းများအား မြန်မာ့တပ်မတော်ဖက်မှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် တောက်လျောက်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ မြန်မာ့တပ်မတော်ဖက်မှ ဤနေရာပတ်ဝန်းကျင်များအားလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်မှာ တစ်ပတ်ခန့်ရှိလာခဲ့ပြီဖြစ်သည်။ ၂၀၂၀ ဇန်နဝါရီ(၂၀) ရက်နေ့တွင်မြေပုံမြို့နယ်၊ ဟင်းခရော်ကျေးရွာ၏ အနောက်မြောက်ဖက် ရှိ (၃) ကီလိုမီတာအကွာအဝေးရှိ တောင်တန်းများနှင့် ယခင်ရက်များတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများထဲမှ ရန်သူ့ဖက်က အထိနာခဲ့သောနေရာများသို့ ခမရ(၁၁၂) နှင့် ခမရ(၅၄၄) ၊ လက်နက်ကြီးစခန်းအချို့မှ အငြိုးကြီးစွာဖြင့် အတွဲလိုက်ဒုံး၊ ၁၂၀ မမ၊ ၁၀၅ မမ အပါအဝင် Drone များပေါ်မှ ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ မိမိတို့မှတ်တမ်းများအရဇန်နဝါရီလ(၂၀) ရက်၊နေ့လည် (၁) နာရီ (၅၀) မိနစ်မှ နေ့လည်(၃) နာရီခန့်အထိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အရေအတွက် (၂၁) ကြိမ်၊ Drone ပေါ်မှ (၁) ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အတူ ဇန်နဝါရီလ(၂၁) ရက်နေ့၌လည်း မြေပုံမြို့နယ်၊ စွိချောင်းကျေးရွာ၏ မြောက်ဖက် မီတာ(၃၀၀) အကွာအဝေးရှိတောင်ကုန်း နှင့် မီတာ(၈၀၀) အကွာအဝေးရှိ တောင်တန်းများအားလက်နက်ကြီး (၂၀) ခန့် မြန်မာ့တပ်မတော်ဖက်မှပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရသေ့တောင်မြို့နယ်၊ ညောင်ပင်လှကျေးရွာပတ်ဝန်းကျင်ဖက်တွင်လည်း မြန်မာ့တပ်မတော်ဖက်မှ တစ်ဖက်သတ်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။ မိမိတို့အနေဖြင့်ယခုရက်များအတွင်းတိုက်ပွဲဖြစ်ပွားလိုခြင်းမရှိသော်လည်း မြန်မာ့တပ်မတော်ဖက်မှ မိမိတို့အား အကြိမ်ကြိမ်ရန်စတိုက်ခိုက်ခဲ့သည်။ ဤပတ်ဝန်းကျင်များအား ဇန်နဝါရီလ(၂၁) ရက်နေ့၌ညနေ(၆) နာရီ(၃၀) မိနစ်နောက်ပိုင်းတွင်မှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တစ်ပြိုင်နက်တည်းတွင် မြန်မာ့တပ်မတော်သည် ရခိုင်ဒေသ၊ ပလက်ဝဒေသ၏တိုက်ပွဲများဖြစ်ပွားနေဆဲနေရာများအား လူ၊လက်နက်ခဲယမ်းများကို ထပ်မံဖြည့်တင်းနေသည်များကိုတွေ့ရှိနေရသည်။ မိမိတို့အနေဖြင့် နယ်ချဲ့ကျူးကျော်သူမြန်မာ့တပ်မတော်၏ ထိုးစစ်များကို ခုခံကာကွယ်နေသော်လည်းစစ်ရေးလိုအပ်ချက်အရလုပ်သင့်လုပ်ထိုက်ရှိသည်များကို တစ်ဖွဲ့ချင်းအလိုက်သော်လည်းကောင်း၊ ညီနောင်မဟာမိတ်များအနေဖြင့်သော်လည်းကောင်း စုစည်းလုပ်ဆောင်ရင်းတုံ့ပြန်သွားမည်။ ရခိုင်ပြည်သူလူထုများကို သတ်ဖြတ်ခဲ့သော မြန်မာ့တပ်မတော်၏ တပ်ရင်း၊ စစ်ကြောင်းများအား ဆက်လက်၍တုံ့ပြန်တိုက်ခိုက်သွားမည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ(၂၀/၂၁) ရက္ေန႔မ်ားတြင္ မိမိတို႔အဖို႔ ရင္ဆိုင္တိုက္ပြဲမ်ားမရွိခဲ့ေသာ္ လည္းရခိုင္ျပည္၊ ေျမပံုၿမိဳ႕နယ္၊ စြိေခ်ာင္းေက်းရြာ၏ ေျမာက္ဖက္ မီတာ(၃၀၀) အကြာအေဝးရွိေတာင္ကုန္း ႏွင့္ မီတာ(၈၀၀) အကြာအေဝးရွိ ေတာင္တန္းမ်ားအား ျမန္မာ့တပ္မေတာ္ဖက္မွ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းမရွိဘဲ လက္နက္ႀကီးမ်ားျဖင့္ ေတာက္ေလ်ာက္ပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ ျမန္မာ့တပ္မေတာ္ဖက္မွ ဤေနရာပတ္ဝန္းက်င္မ်ားအားလက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ေနခဲ့သည္မွာ တစ္ပတ္ခန္႔ရွိလာခဲ့ၿပီျဖစ္သည္။ ၂၀၂၀ ဇန္နဝါရီ(၂၀) ရက္ေန႔တြင္ေျမပံုၿမိဳ႕နယ္၊ ဟင္းခေရာ္ေက်းရြာ၏ အေနာက္ေျမာက္ဖက္ ရွိ (၃) ကီလိုမီတာအကြာအေဝးရွ္ိ ေတာင္တန္းမ်ားႏွင့္ ယခင္ရက္မ်ားတြင္ တိုက္ပြဲျဖစ္ပြားခဲ့သည့္ေနရာမ်ားထဲမွ ရန္သူ႔ဖက္က အထိနာခဲ့ေသာေနရာမ်ားသို႔ ခမရ(၁၁၂) ႏွင့္ ခမရ(၅၄၄) ၊ လက္နက္ႀကီးစခန္းအခ်ိဳ႕မွ အၿငိဳးႀကီးစြာျဖင့္ အတြဲလိုက္ဒံုး၊ ၁၂၀ မမ၊ ၁၀၅ မမ အပါအဝင္ Drone မ်ားေပၚမွ ရမ္းသန္းပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ မိမိတို႔မွတ္တမ္းမ်ားအရဇန္နဝါရီလ(၂၀) ရက္၊ေန႔လည္ (၁) နာရီ (၅၀) မိနစ္မွ ေန႔လည္(၃) နာရီခန္႔အထိ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္သည့္အေရအတြက္ (၂၁) ႀကိမ္၊ Drone ေပၚမွ (၁) ႀကိမ္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ထို႔အတူ ဇန္နဝါရီလ(၂၁) ရက္ေန႔၌လည္း ေျမပံုၿမိဳ႕နယ္၊ စြိေခ်ာင္းေက်းရြာ၏ ေျမာက္ဖက္ မီတာ(၃၀၀) အကြာအေဝးရွိေတာင္ကုန္း ႏွင့္ မီတာ(၈၀၀) အကြာအေဝးရွိ ေတာင္တန္းမ်ားအားလက္နက္ႀကီး (၂၀) ခန္႔ ျမန္မာ့တပ္မေတာ္ဖက္မွပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေညာင္ပင္လွေက်းရြာပတ္ဝန္းက်င္ဖက္တြင္လည္း ျမန္မာ့တပ္မေတာ္ဖက္မွ တစ္ဖက္သတ္လက္နက္ႀကီးပစ္ခတ္တိုက္ခိုက္မႈမ်ားရွိခဲ့သည္။ မိမိတို႔အေနျဖင့္ယခုရက္မ်ားအတြင္းတိုက္ပြဲျဖစ္ပြားလိုျခင္းမရွိေသာ္လည္း ျမန္မာ့တပ္မေတာ္ဖက္မွ မိမိတို႔အား အႀကိမ္ႀကိမ္ရန္စတိုက္ခိုက္ခဲ့သည္။ ဤပတ္ဝန္းက်င္မ်ားအား ဇန္နဝါရီလ(၂၁) ရက္ေန႔၌ညေန(၆) နာရီ(၃၀) မိနစ္ေနာက္ပိုင္းတြင္မွ ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ တစ္ၿပိဳင္နက္တည္းတြင္ ျမန္မာ့တပ္မေတာ္သည္ ရခိုင္ေဒသ၊ ပလက္ဝေဒသ၏တိုက္ပြဲမ်ားျဖစ္ပြားေနဆဲေနရာမ်ားအား လူ၊လက္နက္ခဲယမ္းမ်ားကို ထပ္မံျဖည့္တင္းေနသည္မ်ားကိုေတြ႕ရွိေနရသည္။ မိမိတို႔အေနျဖင့္ နယ္ခ်ဲ႕က်ဴးေက်ာ္သူျမန္မာ့တပ္မေတာ္၏ ထိုးစစ္မ်ားကို ခုခံကာကြယ္ေနေသာ္လည္းစစ္ေရးလိုအပ္ခ်က္အရလုပ္သင့္လုပ္ထိုက္ရွိသည္မ်ားကို တစ္ဖြဲ႕ခ်င္းအလိုက္ေသာ္လည္းေကာင္း၊ ညီေနာင္မဟာမိတ္မ်ားအေနျဖင့္ေသာ္လည္းေကာင္း စုစည္းလုပ္ေဆာင္ရင္းတံု႔ျပန္သြားမည္။ ရခိုင္ျပည္သူလူထုမ်ားကို သတ္ျဖတ္ခဲ့ေသာ ျမန္မာ့တပ္မေတာ္၏ တပ္ရင္း၊ စစ္ေၾကာင္းမ်ားအား ဆက္လက္၍တံု႔ျပန္တိုက္ခိုက္သြားမည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .