၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 13-Jan-2020

#Unicode ၂၀၂၀ ခုနှစ်နှစ်ဆန်းပိုင်းမှစ၍ ရခိုင်ဒေသ၊ ပလက်ဝဒေသအတွင်း၌ တိုက်ပွဲများမှာနေ့တိုင်းနီးပါးဖြစ်ပွားလျှက်ရှိပြီး ယနေ့(ဇန်နဝါရီလ၁၃) ရက်နေ့၌ မိမိတို့ရက္ခိုင့်တပ်တော်အနေဖြင့် တိုက်ပွဲများမရှိခဲ့ချေ။ ထို့အတူ NLD အစိုးရပိုင် မြန်မာ့အလင်း "သတင်းစာတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၁၃) ရက်နေ့၌ရေးသားဖော်ပြထားသော "ရခိုင်ပြည်၊မြောက်ဦးမြို့၌ရဲတပ်ဖွဲ့ပိုင်မော်တော်ယာဉ်နှစ်စီးအား AA အဖွဲ့ကအဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်၍မော်တော်ယာဉ်ထိမှန်ပျက်စီးခဲ့သော်လည်းလူထိခိုက်ဒဏ်ရာရမှုမရှိ" ဟူသောသတင်းနှင့်ပတ်သက်၍ အဆိုပါကိစ္စရပ်မှာ မိမိတို့နှင့်မသက်ဆိုင်ကြောင်း လုံးဝငြင်းဆိုလိုပါသည်။ အစိုးရသတင်းစာတစ်ခုအနေဖြင့် မမှန်ကန်သောသတင်းများကိုရေးသားဖော်ပြနေခြင်းမှာ အစိုးရတစ်ရပ်၏ဂုဏ်သိက္ခာနှင့်ပုံရိပ်ကို ကျဆင်းစေသောကြောင့် သတင်းများကိုသေချာစွာစိစစ်၍တင်ပါရန်အကြံပြုလိုပါသည်။ မိမိတို့အနေဖြင့် ၂၀၂၀ နှစ်ဆန်းပိုင်းမှစ၍ တိုက်ပွဲများလျော့ချရန်ကြိုးစားနေပြီးတိုက်ပွဲများမဖြစ်ပွားလိုသော်လည်း နယ်ခဲျ့စစ်ရာဇဝတ်တပ်ဖွဲ့ မြန်မာ့တပ်မတော်သည် ကြီးမားသောထိုးစစ်ဆင်တိုက်ခိုက်မှုများကိုအရှိန်အဟုန်မြှင့်ဆက်လက်လုပ်ဆောင်နေခြင်း၊ လက်နက်၊လူအင်အားအများအပြားကိုထပ်မံပို့ဆောင်နေခြင်းများကြောင့်တိုက်ပွဲများယခုကဲ့သို့ပိုမိုပြင်းထန်စွာဖြစ်ပွားနေရခြင်းဖြစ်သည်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့တွင် မိမိတို့အဖို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိဘဲ မြန်မာ့တပ်မတော်၏ ရသေ့တောင်အခြေစိုက် ခမရ (၅၃၇) နှင့် မြန်မာ့တပ်မတော် အခြေစိုက်ထားသော ရသေ့တောင်မြို့နယ်၊ ညောင်ပင်လှကျေးရွာအတွင်းနှင့် ဘူးသီးတောင်မြို့နယ်၊ ထိပ်တူးပေါက်ကျေးရွာအထက် လက်နက်ကြီးကုန်းမှနေ၍ ၁၂၀ မမ ၊ ၆၀ မမ များဖြင့် နံနက် (၁၁) နာရီ (၄၉) မိနစ်မှ ညနေ (၃) နာရီအထိ လက်နက်ကြီးအကြိမ်အရေအတွက် ၂၈ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ (နောက်ဆက်တွဲပစ်ခတ်မှုကိုမသိရသေးပါ။ ရှိပါကထပ်မံတင်ပေးသွားပါမည်) ဤသို့ပစ်ခတ်တိုက်ခိုက်မှှုကြောင့် မိမိတို့စစ်သည်တော်အချို့ ထိခိုက်ဒဏ်ရာရမှု၊ ကျဆုံးမှုအချို့ရှိခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၃) နေ့တွင် မြန်မာ့တပ်မတော်မှ လက်နက်ကြီးပစ်ခတ်မှုများမှာ မိမိတို့ မှတ်တမ်းများအရ- (၁) အမှတ် (၅၃၇) တပ်ရင်းမှ (၁၂၂ မမ) = ၂၁ လုံး (၂) ညောင်ပင်လှကျေးရွာတွင်အခြေပြုနီသော ရန်သူများမှ (၆၀ မမ) = ၄ လုံး (၃) ဘူးသီးတောင်မြို့နယ်၊ ထိပ်တူးပေါက်ကျေးရွာအထက် တောင်ကုန်းတွင် အခြေပြုထားသော လက်နက်ကြီးကုန်းမှ (၆၀ မမ) = ၁ လုံး (၄) ဘူးသီးတောင်မြို့နယ်၊ သုံးဆယ့်တစ်ဘုံစေတီအနီးတွင် အခြေပြုထားသောရန်သူများမှ (၆၀ မမ) = ၂ လုံး မြန်မာ့တပ်မတော်မှ လက်နက်ကြီးများကို မနက်ဖြန်၌ထပ်မံပစ်ခတ်တိုက်ခိုက်နေမည်ဆိုပါက မိမိတို့အနေဖြင့် မြန်မာ့တပ်မတော်၏လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်နေသည့်မည်သည့်နေရာကိုမဆို အခြေအနေ၏လိုအပ်ချက်အရတိုက်ခိုက်သွားမည်။ တိုက်ပွဲများအတွင်းသတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့ပြီးတိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသောအာရက္ခစစ်သည်တော်များအားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ၂၀၂၀ ခုႏွစ္ႏွစ္ဆန္းပိုင္းမွစ၍ ရခိုင္ေဒသ၊ ပလက္ဝေဒသအတြင္း၌ တိုက္ပြဲမ်ားမွာေန႔တိုင္းနီးပါးျဖစ္ပြားလွ်က္ရွိၿပီး ယေန႔(ဇန္နဝါရီလ၁၃) ရက္ေန႔၌ မိမိတို႔ရကၡိဳင့္တပ္ေတာ္အေနျဖင့္ တိုက္ပြဲမ်ားမရွိခဲ့ေခ်။ ထို႔အတူ NLD အစိုးရပိုင္ ျမန္မာ့အလင္း "သတင္းစာတြင္ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ(၁၃) ရက္ေန႔၌ေရးသားေဖာ္ျပထားေသာ "ရခိုင္ျပည္၊ေျမာက္ဦးျမိဳ႕၌ရဲတပ္ဖြဲ႕ပိုင္ေမာ္ေတာ္ယာဥ္ႏွစ္စီးအား AA အဖြဲ႕ကအေဝးထိန္းမိုင္းျဖင့္ေဖာက္ခြဲတိုက္ခိုက္၍ေမာ္ေတာ္ယာဥ္ထိမွန္ပ်က္စီးခဲ့ေသာ္လည္းလူထိခိုက္ဒဏ္ရာရမႈမရွိ" ဟူေသာသတင္းႏွင့္ပတ္သက္၍ အဆိုပါကိစၥရပ္မွာ မိမိတို႔ႏွင့္မသက္ဆိုင္ေၾကာင္း လံုးဝျငင္းဆိုလိုပါသည္။ အစိုးရသတင္းစာတစ္ခုအေနျဖင့္ မမွန္ကန္ေသာသတင္းမ်ားကိုေရးသားေဖာ္ျပေနျခင္းမွာ အစိုးရတစ္ရပ္၏ဂုဏ္သိကၡာႏွင့္ပံုရိပ္ကို က်ဆင္းေစေသာေၾကာင့္ သတင္းမ်ားကိုေသခ်ာစြာစိစစ္၍တင္ပါရန္အႀကံျပဳလိုပါသည္။ မိမိတို႔အေနျဖင့္ ၂၀၂၀ ႏွစ္ဆန္းပိုင္းမွစ၍ တိုက္ပြဲမ်ားေလ်ာ့ခ်ရန္ႀကိဳးစားေနၿပီးတိုက္ပြဲမ်ားမျဖစ္ပြားလိုေသာ္လည္း နယ္ခဲ်႕စစ္ရာဇဝတ္တပ္ဖြဲ႕ ျမန္မာ့တပ္မေတာ္သည္ ႀကီးမားေသာထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကိုအရွိန္အဟုန္ျမႇင့္ဆက္လက္လုပ္ေဆာင္ေနျခင္း၊ လက္နက္၊လူအင္အားအမ်ားအျပားကိုထပ္မံပို႔ေဆာင္ေနျခင္းမ်ားေျကာင့္တိုက္ပြဲမ်ားယခုကဲ့သို႔ပိုမိုျပင္းထန္စြာျဖစ္ပြားေနရျခင္းျဖစ္သည္။ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ (၁၃) ရက္ေန႔တြင္ မိမိတို႔အဖို႔ တိုက္ပြဲျဖစ္ပြားခဲ့ျခင္း မရိွဘဲ ျမန္မာ့တပ္မေတာ္၏ ရေသ့ေတာင္အေျခစိုက္ ခမရ (၅၃၇) ႏွင့္ ျမန္မာ့တပ္မေတာ္ အေျခစိုက္ထားေသာ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေညာင္ပင္လွေက်းရြာအတြင္းႏွင့္ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ထိပ္တူးေပါက္ေက်းရြာအထက္ လက္နက္ႀကီးကုန္းမွေန၍ ၁၂၀ မမ ၊ ၆၀ မမ မ်ားျဖင့္ နံနက္ (၁၁) နာရီ (၄၉) မိနစ္မွ ညေန (၃) နာရီအထိ လက္နက္ႀကီးအႀကိမ္အေရအတြက္ ၂၈ ႀကိမ္ ပစ္ခတ္ တိုက္ခိုက္ခဲ့သည္။ (ေနာက္ဆက္တြဲပစ္ခတ္မႈကိုမသိရေသးပါ။ ရွိပါကထပ္မံတင္ေပးသြားပါမည္) ဤသို႔ပစ္ခတ္တိုက္ခိုက္မွႈေၾကာင့္ မိမိတို႔စစ္သည္ေတာ္အခ်ဳိ႕ ထိခိုက္ဒဏ္ရာရမႈ၊ က်ဆံုးမႈအခ်ိဳ႕ရိွခဲ့သည္။ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ (၁၃) ေန႔တြင္ ျမန္မာ့တပ္မေတာ္မွ လက္နက္ႀကီးပစ္ခတ္မႈမ်ားမွာ မိမိတို႔ မွတ္တမ္းမ်ားအရ- (၁) အမွတ္ (၅၃၇) တပ္ရင္းမွ (၁၂၂ မမ) = ၂၁ လံုး (၂) ေညာင္ပင္လွေက်းရြာတြင္အေျချပဳနီေသာ ရန္သူမ်ားမွ (၆၀ မမ) = ၄ လုံး (၃) ဘူးသီးေတာင္ၿမိဳ႕နယ္၊ ထိပ္တူးေပါက္ေက်းရြာအထက္ ေတာင္ကုန္းတြင္ အေျချပဳထားေသာ လက္နက္ႀကီးကုန္းမွ (၆၀ မမ) = ၁ လံုး (၄) ဘူးသီးေတာင္ၿမိဳ႕နယ္၊ သံုးဆယ့္တစ္ဘံုေစတီအနီးတြင္ အေျချပဳထားေသာရန္သူမ်ားမွ (၆၀ မမ) = ၂ လံုး ျမန္မာ့တပ္မေတာ္မွ လက္နက္ႀကီးမ်ားကို မနက္ျဖန္၌ထပ္မံပစ္ခတ္တိုက္ခိုက္ေနမည္ဆိုပါက မိမိတို႔အေနျဖင့္ ျမန္မာ့တပ္မေတာ္၏လက္နက္ႀကီးမ်ားပစ္ခတ္တိုက္ခိုက္ေနသည့္မည္သည့္ေနရာကိုမဆို အေျခအေန၏လိုအပ္ခ်က္အရတိုက္ခိုက္သြားမည္။ တိုက္ပြဲမ်ားအတြင္းသတၱိေျပာင္ေျမာက္စြာတိုက္ပြဲဝင္ခဲ့ၿပီးတိုင္းျပည္ႏွင့္လူမိ်ဳးအတြက္အသက္ေပးဆပ္စြန္႔လႊတ္ခဲ့ရေသာအာရကၡစစ္သည္ေတာ္မ်ားအားဂုဏ္ျပဳမွတ္တမ္းတင္အပ္ပါသည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .