ကျောက်တော်မြို့အတွင်းသို့ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှုကြောင့် ကျောက်တော်မြို့သူ၊မြို့သားများသေဆုံး

blog

Date : 03-Feb-2020

Nyo Twan Awng
Nyo Twan Awng

#Unicode ကျောက်တော်မြို့နယ်၊မဟာကံကြီးရှင်ဘုရားတွင်လချီကြာမြင့်စွာစခန်းချနေထိုင်နေသော မြန်မာ့တပ်မတော်၏ တပ်မ (၅၅) မှ အင်အား(၂၃၀) ခန့်ပါ စစ်ကြောင်းတစ်ခုသည် ကျောက်တော်မြို့ထဲကိုလက်နက်ကြီးငယ်များဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၃) ရက်နေ့ နံနက်(၈) နာရီခန့်အချိန်တွင်ပစ်ခတ်သောကြောင့်အရပ်သား(၃)ဦးပြင်းထန်ဒဏ်ရာရပြီးအမျိုးသမီးတစ်ဦးသေဆုံးဆုံးခဲ့ကြောင်း လတ်တလောသတင်းများအရသိရှိရသည်။ သေဆုံးသူအမျိုးသမီးမှာဦးကျော်လှမောင်၏ သမီး အသက်(၂၄) နှစ်အရွယ်ရှိသော ဒေါ်အေးအေးခိုင် ဖြစ်ပြီးတပ်မ(၅၅) မှပစ်ခတ်တိုက်မှုကြောင့် ဦးခေါင်း နှင့် ညာဖက်ပေါင်ရင်းတွင်ထိမှန်ပြီးသေဆုံးခဲ့ရခြင်းဖြစ်သည်။ သားတစ်ယောက်၊သမီးတစ်ယောက်၏မိခင်လည်းဖြစ်သည်။ ထို့အတူ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်၊ လမ်း(၅) တွင်နေထိုင်သူ အသက် (၆၁) နှစ်အရွယ်ရှိဦးစောမောင်လှ/အဖဦးမောင်ရွှေခိုင်၏ သားညာဖက်လက်မောင်းဆုံ နှင့် ကျောကုန်းတွင် လည်းကောင်း၊ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်၊ လမ်း(၅) တွင်နေထိုင်သည့် အခြားတစ်ဦးဖြစ်သော ဦးသောက်ကြာဖြူ၏သား အသက်(၄၇) နှစ်အရွယ် ဦးကျော်သိန်းထွန်း ၏လိင်အင်္ဂါ နှင့် ဆီးခုံ တွင်လည်းကောင်း၊ ကျောက်တော်မြို့နယ်၊ ဘိုမင်းရွာဇာတိ၊ပိုက်သည် ကစ္ဆပရပ်ကွက်တွင်အလုပ်လုပ်နေသော ဦးထွန်းချေ၏သား အသက်(၁၇) နှစ်အရွယ်ရှိ၊ စည်ပင်ဝန်ထမ်း မောင်စောဖြူ၏ညာဖက်တင်သားတွင်လည်းကောင်း အသီးသီးဒဏ်ရာရရှိခဲ့ကြကြောင်းသိရှိရသည်။ ကျောက်တော်မြို့သူ၊ မြို့သားများအား တပ်မ(၅၅) မှပစ်ခတ်တိုက်ခိုက်ခဲ့သည်မှာ ယခုအကြိမ်နှင့်ဆိုလျှင်စတုတ္ထအကြိမ်ရှိခဲ့ပြီဖြစ်သည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ေက်ာက္ေတာ္ၿမိဳ႕နယ္၊မဟာကံႀကီးရွင္ဘုရားတြင္လခ်ီၾကာျမင့္စြာစခန္းခ်ေနထိုင္ေနေသာ ျမန္မာ့တပ္မေတာ္၏ တပ္မ (၅၅) မွ အင္အား(၂၃၀) ခန္႔ပါ စစ္ေၾကာင္းတစ္ခုသည္ ေက်ာက္ေတာ္ၿမိဳ႕ထဲကိုလက္နက္ႀကီးငယ္မ်ားျဖင့္ ၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလ(၃) ရက္ေန႔ နံနက္(၈) နာရီခန္႔အခ်ိန္တြင္ပစ္ခတ္ေသာေၾကာင့္အရပ္သား(၃)ဦးျပင္းထန္ဒဏ္ရာရၿပီးအမ်ိဳးသမီးတစ္ဦးေသဆံုးဆုံးခဲ့ေၾကာင္း လတ္တေလာသတင္းမ်ားအရသိရွိရသည္။ ေသဆံုးသူအမ်ိဳးသမီးမွာဦးေက်ာ္လွေမာင္၏ သမီး အသက္(၂၄) ႏွစ္အရြယ္ရွိေသာ ေဒၚေအးေအးခိုင္ ျဖစ္ၿပီးတပ္မ(၅၅) မွပစ္ခတ္တိုက္မႈေၾကာင့္ ဦးေခါင္း ႏွင့္ ညာဖက္ေပါင္ရင္းတြင္ထိမွန္ၿပီးေသဆံုးခဲ့ရျခင္းျဖစ္သည္။ သားတစ္ေယာက္၊သမီးတစ္ေယာက္၏မိခင္လည္းျဖစ္သည္။ ထို႔အတူ ေက်ာက္ေတာ္ၿမိဳ႕၊ ျပည္ေတာ္သာရပ္ကြက္၊ လမ္း(၅) တြင္ေနထိုင္သူ အသက္ (၆၁) ႏွစ္အရြယ္ရွိဦးေစာေမာင္လွ/အဖဦးေမာင္ေရႊခိုင္၏ သားညာဖက္လက္ေမာင္းဆံု ႏွင့္ ေက်ာကုန္းတြင္ လည္းေကာင္း၊ ေက်ာက္ေတာ္ၿမိဳ႕၊ ျပည္ေတာ္သာရပ္ကြက္၊ လမ္း(၅) တြင္ေနထိုင္သည့္ အျခားတစ္ဦးျဖစ္ေသာ ဦးေသာက္ၾကာျဖဴ၏သား အသက္(၄၇) ႏွစ္အရြယ္ ဦးေက်ာ္သိန္းထြန္း ၏လိင္အဂၤါ ႏွင့္ ဆီးခံု တြင္လည္းေကာင္း၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ဘိုမင္းရြာဇာတိ၊ပိုက္သည္ ကစၧပရပ္ကြက္တြင္အလုပ္လုပ္ေနေသာ ဦးထြန္းေခ်၏သား အသက္(၁၇) ႏွစ္အရြယ္ရွိ၊ စည္ပင္ဝန္ထမ္း ေမာင္ေစာျဖဴ၏ညာဖက္တင္သားတြင္လည္းေကာင္း အသီးသီးဒဏ္ရာရရွိခဲ့ၾကေၾကာင္းသိရွိရသည္။ ေက်ာက္ေတာ္ၿမိဳ႕သူ၊ ၿမိဳ႕သားမ်ားအား တပ္မ(၅၅) မွပစ္ခတ္တိုက္ခိုက္ခဲ့သည္မွာ ယခုအႀကိမ္ႏွင့္ဆိုလွ်င္စတုတၳအႀကိမ္ရွိခဲ့ၿပီျဖစ္သည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .