၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၀/၂၁) ရက်၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 23-Nov-2019

Nyo Twan Awng

#Unicode ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၀) ရက်၊နံနက်(၇) နာရီ(၅၂) မိနစ်တွင် ရသေ့တောင်မြို့နယ်၊ ကုန်တန်းရွာ နှင့် သာစည်ကုန်းရွာ အကြားတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့မိနစ်(၂၀) ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ့ဖက်မှအသေအပျောက်မရှိသော်လည်းထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့သည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၁) ရက်၊ နံနက်(၆) နာရီ(၄၅) မိနစ်တွင်လည်း ရသေ့တောင်မြို့နယ်၊ ရေဘုတ်ရွာအရှေ့မြောက်ဖက်(၁.၈) ကီလိုမီတာအကွာအဝေးတွင် အင်အား(၁၂၀) ခန့်ရန်သူစစ်ကြောင်းအား ရက္ခိုင့်တပ်တော်မှဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ မိနစ်အနည်းငယ်အတွင်းရန်သူ့ဖက်မှ(၂) ဦးသေဆုံးကာ(၄) ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ ရန်သူသည်လာရာလမ်းအတိုင်းနောက်ဆုတ်သွားပြီးအဝေးမှလက်နက်ကြီးများဖြင့်သာပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၁) ရက် နံနက်(၁၁) နာရီ(၄၀) မိနစ်မှ နေ့လည်(၁၂) နာရီခန့်အထိ တစ်ကြိမ်၊ နေ့လည်(၁) နာရီမှ (၁) နာရီခန့်အထိတစ်ကြိမ် တိုက်ပွဲငယ်များသည် ကျောက်တော်မြို့နယ်၊ သံပုရာထောင့်ရွာ နှင့် ဒက်ဖြူရွာအကြားတွင် ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ရန်သူသည်မိမိတို့ရှိရာနေရာသို့ ကျူးကျော်ဝင်ရောက်လာသောကြောင့်တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဤတိုက်ပွဲများအတွင်း၌လည်း ရန်သူ့ဖက်မှအနည်းဆုံး(၂) ဦး(မျက်မြင်)သေဆုံးခဲ့ပြီးဒဏ်ရာရသူအချို့ထပ်မံရှိခဲ့သည်။ ပလက်ဝမြို့နယ်၊ မွန်ဒေါင့်ရွာအရှေ့ဖက်မြစ်ကမ်းနံဘေးတွင် နှမဒါဖက်မှတက်လာသော အင်အား(၈၀) ခန့်ပါ မြန်မာ့တပ်မတော်၏စစ်ကြောင်းတစ်ခုအား ရက္ခိုင့်တပ်တော်လှုပ်ရှားစစ်ကြောင်းတစ်ခုမှ နိုဝင်ဘာလ(၂၁) ရက်၊နံနက်(၁၁) နာရီ(၃၀) မိနစ်ခန့်တွင်ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့သည်။ အချိန်တိုတိုအတွင်းရန်သူ(၇) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သကဲ့သို့ ဒဏ်ရာရသူများမှာလည်း (၁၀)ဦးခန့်ရှိနိုင်သည်။ ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့သောကြောင့်ရန်သူအသေအပျောက်၊ ထိခိုက်ဒဏ်ရာရမှုများပြားသည့်တိုက်ပွဲတစ်ပွဲဖြစ်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၁) ရက်၊ ညနေ(၄) နာရီ(၁၀) မိနစ်ခန့်တွင်လည်း ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းရွာ နှင့် ကျောက်ကုန်ဘုတ်ရွာအကြားတွင် အင်အား(၃၀) ခန့်ပါရန်သူ့စစ်ကြောင်းတစ်ခုအား မိနစ်အနည်းငယ်ကြာဟန့်တားတိုက်ခိုက်ခဲ့သည်။ ရန်သူသည် ယခုတိုက်ပွဲအတွင်းသေဆုံးသည့်အလောင်း(၁) လောင်းအားထမ်း၍ ရေစိုးချောင်းဗျူဟာသို့နောက်ဆုတ်သွားခဲ့ပြီးလက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ စစ်ရာဇဝတ်နယ်ခဲျ့တပ်(မြန်မာ့တပ်မတော် Myanmar Army) သည် လူမျိုးရေးအမုန်းတရားများကိုအခြေခံ၍ ရသေ့တောင်၊ ဘူးသီးတောင်၊ မြေပုံ နှင့်ပလက်ဝမြို့နယ်များဖက်တွင်လက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်များဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရခိုင်ကျေးရွာများကိုဦးတည်တိုက်ခိုက်ခြင်းတို့ကို တောက်လျှောက်ပြုလုပ်လျှက်ရှိသည်။ ထို့ကြောင့်အရပ်သားများသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရသည့်အရေအတွက်များမှာလည်းမြင့်တက်လျှက်ရှိသည်။ မြန်မာ့တပ်မတော်၏ စစ်ရာဇဝတ်ကျူးလွန်နေသည့်လုပ်ရပ်များကို မှတ်တမ်းတင်၍ နိုင်ငံတကာအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံပေးပို့ကြပါရန်ထပ်မံတိုက်တွန်းအပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ၂၀၁၉ ခုႏွစ္၊ နိုဝင္ဘာလ(၂၀) ရက္၊နံနက္(၇) နာရီ(၅၂) မိနစ္တြင္ ရေသ့ေတာင္ၿမိဳ႕နယ္၊ ကုန္တန္းရြာ ႏွင့္ သာစည္ကုန္းရြာ အၾကားတြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔မိနစ္(၂၀) ခန္႔တိုက္ပြဲျဖစ္ပြားခဲ့သည္။ ရန္သူ႔ဖက္မွအေသအေပ်ာက္မရွိေသာ္လည္းထိခိုက္ဒဏ္ရာရသူအခိ်ဳ႕ရွိခဲ့သည္။ ၂၀၁၉ ခုႏွစ္၊ နိုဝင္ဘာလ(၂၁) ရက္၊ နံနက္(၆) နာရီ(၄၅) မိနစ္တြင္လည္း ရေသ့ေတာင္ၿမိဳ႕နယ္၊ ေရဘုတ္ရြာအေရွ႕ေျမာက္ဖက္(၁.၈) ကီလိုမီတာအကြာအေဝးတြင္ အင္အား(၁၂၀) ခန္႔ရန္သူစစ္ေၾကာင္းအား ရကၡိဳင့္တပ္ေတာ္မွျဖတ္ေတာက္တိုက္ခိုက္ခဲ့သည္။ မိနစ္အနည္းငယ္အတြင္းရန္သူ႔ဖက္မွ(၂) ဦးေသဆံုးကာ(၄) ဦးထိခိုက္ဒဏ္ရာရခဲ့သည္။ ရန္သူသည္လာရာလမ္းအတိုင္းေနာက္ဆုတ္သြားၿပီးအေဝးမွလက္နက္ႀကီးမ်ားျဖင့္သာပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ ၂၀၁၉ ခုႏွစ္၊ နိုဝင္ဘာလ(၂၁) ရက္ နံနက္(၁၁) နာရီ(၄၀) မိနစ္မွ ေန႔လည္(၁၂) နာရီခန္႔အထိ တစ္ႀကိမ္၊ ေန႔လည္(၁) နာရီမွ (၁) နာရီခန္႔အထိတစ္ႀကိမ္ တိုက္ပြဲငယ္မ်ားသည္ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ သံပုရာေထာင့္ရြာ ႏွင့္ ဒက္ျဖဴရြာအၾကားတြင္ ဆက္တိုက္ျဖစ္ပြားခဲ့သည္။ ရန္သူသည္မိမိတို႔ရွိရာေနရာသို႔ က်ဴးေက်ာ္ဝင္ေရာက္လာေသာေၾကာင့္တိုက္ပြဲမ်ားျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ဤတိုက္ပြဲမ်ားအတြင္း၌လည္း ရန္သူ႔ဖက္မွအနည္းဆံုး(၂) ဦး(မ်က္ျမင္)ေသဆံုးခဲ့ၿပီးဒဏ္ရာရသူအခိ်ဳ႕ထပ္မံရွိခဲ့သည္။ ပလက္ဝၿမိဳ႕နယ္၊ မြန္ေဒါင့္ရြာအေရွ႕ဖက္ျမစ္ကမ္းနံေဘးတြင္ ႏွမဒါဖက္မွတက္လာေသာ အင္အား(၈၀) ခန္႔ပါ ျမန္မာ့တပ္မေတာ္၏စစ္ေၾကာင္းတစ္ခုအား ရကၡိဳင့္တပ္ေတာ္လွုပ္ရွားစစ္ေၾကာင္းတစ္ခုမွ ႏိုဝင္ဘာလ(၂၁) ရက္၊နံနက္(၁၁) နာရီ(၃၀) မိနစ္ခန္႔တြင္ထိေရာက္စြာတိုက္ခိုက္ႏိုင္ခဲ့သည္။ အခိ်န္တိုတိုအတြင္းရန္သူ(၇) ဦးအားသုတ္သင္ရွင္းလင္းႏိုင္ခဲ့သကဲ့သို႔ ဒဏ္ရာရသူမ်ားမွာလည္း (၁၀)ဦးခန္႔ရွိႏိုင္သည္။ ထိထိေရာက္ေရာက္တိုက္ခိုက္ႏိုင္ခဲ့ေသာေၾကာင့္ရန္သူအေသအေပ်ာက္၊ ထိခိုက္ဒဏ္ရာရမႈမ်ားျပားသည့္တိုက္ပြဲတစ္ပြဲျဖစ္ခဲ့သည္။ ၂၀၁၉ ခုႏွစ္၊ နိုဝင္ဘာလ(၂၁) ရက္၊ ညေန(၄) နာရီ(၁၀) မိနစ္ခန္႔တြင္လည္း ရေသ့ေတာင္ၿမိဳ႕နယ္၊ ေရစိုးေခ်ာင္းရြာ ႏွင့္ ေက်ာက္ကုန္ဘုတ္ရြာအၾကားတြင္ အင္အား(၃၀) ခန္႔ပါရန္သူ႔စစ္ေၾကာင္းတစ္ခုအား မိနစ္အနည္းငယ္ၾကာဟန္႔တားတိုက္ခိုက္ခဲ့သည္။ ရန္သူသည္ ယခုတိုက္ပြဲအတြင္းေသဆံုးသည့္အေလာင္း(၁) ေလာင္းအားထမ္း၍ ေရစိုးေခ်ာင္းဗ်ဴဟာသို႔ေနာက္ဆုတ္သြားခဲ့ၿပီးလက္နက္ႀကီးမ်ားျဖင့္ရမ္းသန္းပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ စစ္ရာဇဝတ္နယ္ခဲ်႕တပ္(ျမန္မာ့တပ္မေတာ္ Myanmar Army) သည္ လူမိ်ဳးေရးအမုန္းတရားမ်ားကိုအေျခခံ၍ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေျမပံု ႏွင့္ပလက္ဝၿမိဳ႕နယ္မ်ားဖက္တြင္လက္နက္ႀကီးမ်ားျဖင့္ရမ္းသန္းပစ္ခတ္တိုက္ခိုက္ျခင္း၊ ရဟတ္ယာဥ္မ်ားျဖင့္ဗံုးႀကဲတိုက္ခိုက္ျခင္း၊ ရခိုင္ေက်းရြာမ်ားကိုဦးတည္တိုက္ခိုက္ျခင္းတို႔ကို ေတာက္ေလွ်ာက္ျပဳလုပ္လွ်က္ရွိသည္။ ထို႔ေၾကာင့္အရပ္သားမ်ားေသဆံုးျခင္း၊ ထိခိုက္ဒဏ္ရာရသည့္အေရအတြက္မ်ားမွာလည္းျမင့္တက္လွ်က္ရွိသည္။ ျမန္မာ့တပ္မေတာ္၏ စစ္ရာဇဝတ္က်ဴးလြန္ေနသည့္လုပ္ရပ္မ်ားကို မွတ္တမ္းတင္၍ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားထံေပးပို႔ၾကပါရန္ထပ္မံတိုက္တြန္းအပ္ပါသည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this