၂၀၂၀ပြည့်နှစ်၊မတ်လ(၅/၆)ရက်၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 06-Mar-2020

Nyo Twan Awng

“မတ်လ(၅) ရက်" တိုက်ပွဲသတင်းများ

(၁)ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး, မြန်မာ့တပ်မတော်၏ လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်း(ဗျူဟာကုန်း) ၏ပတ်ဝန်းကျင်၌ အပြန်အလှန်ထိုးစစ်များနှင့်ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ်၊မတ်လ(၅) ရက်နေ့ဆိုလျှင် တစ်လတိတိပြည့်ခဲ့ပြီဖြစ်သည်။ မြန်မာ့တပ်မတော်အနေဖြင့် ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ ၊လက်နက်ကြီးပစ်ကူများဖြင့်နေ့တိုင်းနီးပါးပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ အခြားတစ်ဖက်တွင်မြန်မာ့တပ်မတော်၏ စစ်ကူစစ်ကြောင်းများဖြင့် ကျောက်တော်မြို့နယ်၊ မုန့်သန်းပြင်ရွာ နှင့် ကျောက်တန်းရွာအနီးပတ်ဝန်းကျင်၌ တိုက်ပွဲများပြင်းထန်လျက်ရှိသည်။

(၂)ရန်သူသည် တိုက်ဂျက်လေယာဉ်(၂) စီးဖြင့် ယခင်ထက်ပေါက်ကွဲအားပိုမိုပြင်းထန်သောဗုံးများဖြင့် "မီးချောင်း" ပတ်ဝန်းကျင်အားဗုံးကြဲချတိုက်ခိုက်ခဲ့သကဲ့သို့ စက်သေနတ်များ၊ ရော့ကတ်များဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

"မတ်လ(၆) ရက်" တိုက်ပွဲသတင်းများ

(၃) ကျောက်တော်မြို့နယ်၊မုန့်သန်းပြင်ကျေးရွာများအနီးရှိတောင်တန်းပေါ်တွင်လည်း ရန်သူသည်ရဟတ်ယာဉ်(၄) စီးဖြင့် စစ်အင်အားများကိုထပ်မံဖြည့်တင်းနေခဲ့သည်။  ထို့အတူရန်သူသည် မုန့်သန်းပြင်၊ ကျောက်တန်းရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် တမင်တကာပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့်ကျေးရွာများအတွင်းသို့ လက်နက်ကြီးများထိမှန်ကျရောက်ပေါက်ကွဲခဲ့သည်။

ကျောက်တော်မြို့နယ်၊ ကျောက်တန်းရွာအနီးရှိတောင်တန်း၌လည်း မြန်မာ့တပ်မတော်၏ စစ်ကူစစ်ကြောင်းများနှင့် ရက္ခိုင့်တပ်တော်တို့သည် မတ်လ(၆) ရက်၊ နံနက်(၉) နာရီ(၁၀) မိနစ်မှ စတင်ပြီးတိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည်ဂျက်တိုက်လေယာဉ်(၂) စီး၊ မီးလောင်ဗုံးများကိုအသုံးပြုပြီးတိုက်ခိုက်ခဲ့သည်။ အထိအခိုက်အကျအဆုံးများကိုလေလောဆယ်မသိရသေးပါ။

(၄) ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၆) ရက်၊ညနေ (၆) နာရီ(၅၅) မိနစ်တွင် အမ်းမြို့နယ်၊ အရိုးတောင်ကျေးရွာ၏အရှေ့မြောက်ဖက်(၁.၅) ကီလိုမီတာအကွာအဝေးရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာသို့ အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ အသေးစိပ်အခြေအနေများကိုလောလောဆယ်မသိရသေးပါ။သိရှိရပါက ထပ်မံတင်ပေးသွားပါမည်။

(၅) ရန်သူသည် အမ်း၊ မြေပုံမြို့နယ်အတွင်း၌ လက်နက်ကြီးများဖြင့် ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဦးတည်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

(၆)
ယခုရက်သတ္တပတ်အတွင်း ရန်သူသည် ကျေးရွာများအတွင်းရမ်းသန်းပစ်ခတ်ခြင်းထက် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်မှုများကိုပိုမိုလုပ်ဆောင်လာခြင်း၊ လက်နက်ခဲယမ်း၊စစ်အင်အားများကိုထပ်မံဖြည့်တင်းခြင်း စသည်တို့ကိုဆက်တိုက်လုပ်ဆောင်နေပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်စွာလုပ်ဆောင်နေခဲ့သည်။ ထို့ကြောင့်တိုက်ပွဲများဆင်လက်ဖြစ်ပွားနေပြီး တစ်ရက်ထက်တစ်ရက်ပိုမိုပြင်းထန်လျက်ရှိသည်။

တိုက်ပွဲများအတွင်း ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များ နှင့် တိုင်းပြည်နှင့်လူမိုျးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ကြသော သူရဲကောင်းစစ်သည်တို့အား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this